တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီခွဲတွင်
နေပြည်တော် ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် General Sirichai Distakul အား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်
နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေး ပြောကြားသည် ။
အဆိုပါ
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး
ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် General Sirichai Distakul
နှင့် အတူ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ ကြည်းတပ်စစ်သံမှူး
Colonel Salawin Uttarak တို့ တက်ရောက်ခဲ့ကြသည်။


No comments:
Post a Comment