နေပြည်တော်၊ မတ် ၆
၂၀၁၅
ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၀၀း၃၀ အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊
ကျီးနှုတ်သီးကျေးရွာနေ ဘာဆာမျှာ၏နေအိမ်နှင့် အဒူကော်နီ၏ နေအိမ်တို့သို့ အမည်မသိလူတစ်စုမှ
ဓါးပြ တိုက်စဉ် အိမ်ရှင်မိသားစုများမှ ပြန်လည်ခုခံခဲ့ရာ ဓါးပြတိုက်သည့်အဖွဲ့မှ သေနတ်ဖြင့်
ပစ်ခတ် ခဲ့သော ကြောင့် အဒူကော်နီ၏ သားဖြစ်သူ
ရာဟာမောက်အူလာနှင့် အန်နီမူလာတို့ သေဆုံးခဲ့ပြီး
ရော်ဟီမူလာနှင့် အလုပ် သမားဖြစ်သူ အဒူမော်နာတို့တွင် ဒဏ်ရာများအသီးသီးရရှိ ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အရေး ယူပေးရန် အဒူကော်နီမှတိုင်တန်းခဲ့ရာ ဘူးသီးတောင်မြို့ နယ်၊
တောင်ဘဇာနယ်မြေ ရဲစခန်း (ပ)၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ
များအား ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့သည်။
ယင်းသို့
စုံစမ်းဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာနေ ရှောင်ရှူးဟောက်သည် နေအိမ်သို့
ဓါးပြတိုက်ရန် ချဉ်းကပ် လာသူများအားတွေ့ရှိ၍ အော်ဟစ်အကူအညီ တောင်းသဖြင့် နယ်မြေ အတွင်း
လှည့်ကင်း ဆောင်ရွက် နေသော ငန်းချောင်း ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင်များ၊ ငါးခူရနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ပြစ်မှု ကျူးလွန်သူများအနက်
နူရ်အာလောင် (ခ)နိုရာလောင် (၅၅)နှစ်အား အသေဖမ်းဆီး ရမိခဲ့ပြီး ရှော်ဘီအူလ္လာ(ခ)အိုဖာနာတာ
(ခ)အိုဖေါ်နွန်ဒေါ် (၂၈)နှစ်အား ပြောင်းရှည် လုပ်သေနတ်(၁)လက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့သောကြောင့်
ငါးခူရနယ်မြေရဲစခန်း (ပ)၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၇ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ
ထွက်ပြေး သွားသည့် ကျန်ပြစ်မှုကျူးလွန်သူများမှာ အာလီဂျူဟတ်(၂၅)နှစ်၊ ဟန်ဇာဒူလာ(ခ) အန်ဆာ့အူလ္လာ(၂၇)နှစ်၊
ဟိုမာရုံ(ခ)ဟိုမာရော်ယာ ရှိတ်(၂၇)နှစ်၊ မာမတ် ရော်ဖိတ်(၄၀)နှစ်၊ ရော်မူလာ(၄၅)နှစ်၊ ဟာလာဆော်လိမ်
(၃၀)နှစ်၊ အဒူရော်ဇော်(၂၅)နှစ်၊ မာရှတော် ကာမာ (ခ)ကျောင်းဆရာ ကာမာ(၃၅)နှစ်၊ နူရာမောက်(ခ)ဖွေဇာလောင်
(၂၀)နှစ်နှင့် မာမွတ် အာလောင် (၄၅)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။ ထွက်ပြေး တိမ်းရှောင်နေသည့်
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိရေးအတွက် အမှတ်(၂)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ
တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း ဖမ်းဆီးရာ အာလီဂျူဟတ် အား ကျောက်ပြင်ဆိပ်အရှေ့ ကျေးရွာတွင်
လည်းကောင်း၊ ဟန်ဇာဒူလာ (ခ)အန်ဆာ့ အူလ္လာအား မျောတောင် ကျေးရွာတွင် လည်းကောင်း၊ ဟိုမာရုံ(ခ)ဟိုမာရော်ယာရှိတ်အား
နတ်မြစ်ဘေးရှိ ပုဇွန်ကန်အနီးမှ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်
စစ်ဆေးချက်အရ အဆိုပါဓါးပြအဖွဲ့ ခေါင်းဆောင်များမှာ ရှော်ဘီအူလ္လာ(ခ)အိုဖာ နာတာ(ခ) အိုဖေါ်နွန်ဒေါ်နှင့်
မာမတ်ရော်ဖိတ်တို့ဖြစ်ပြီး ၎င်းတို့(၁၂)ဦးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မူဆိုနီဒုက္ခသည်
စခန်းတွင် နေထိုင်သူများဖြစ်ကြောင်း၊ ၁၅-၂-၂၀၁၅ ရက်နေ့ ၀၀၃၀ အချိန်ခန့်တွင် ကျီးနှုတ်သီးကျေးရွာနေ
အဒူကော်နီ၏နေအိမ်နှင့် ဘာဆာမျှာတို့၏နေအိမ်များအား ဓါးပြတိုက်ခဲ့ကြောင်း၊ ဓါးပြတိုက်မှုကျူးလွန်ပြီးနောက်
အဆိုပါဓါးပြ(၁၂)ဦးအဖွဲ့သည် မေယုတောင်တန်းကိုကျော်ဖြတ်ကာ မူဆိုနီဒုက္ခသည်စခန်းသို့ ပြန်လာစဉ်
၁၆-၂-၂၀၁၅ ရက်နေ့ ၂၀၀၀ အချိန် မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာ အနီးသို့ ရောက်ရှိရပ်နားခဲ့ပြီး
၂၂၃၀ အချိန်ခန့်တွင် ငန်းချောင်းကျေးရွာနေ ရှောင်ရှူးဟောက်၏ နေအိမ်အား ထပ်မံဓါးပြ တိုက်ရန်ချဉ်း ကပ်စဉ်
ရဲတပ် ဖွဲ့ဝင် များနှင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် ကျန်လူများမှာ
ထွက်ပြေး သွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။
အဆိုပါ
ဘူးသီးတောင်မြို့နယ်၊ ကျေးနှုတ်သီးကျေးရွာနှင့် မောင်တောမြို့နယ်၊ ငန်းချောင်း ကျေးရွာတို့တွင်
ဖြစ်ပွား ခဲ့သည် ဓါးပြတိုက်မှုဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူ (၁၂)ဦးအနက် ၅ ဦးအား ပြစ်မှုကျူးလွန်စဉ်
ကိုင်ဆောင် အသုံးပြုခဲ့သည့် လက်နက်များနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ထွက်ပြေး
တိမ်းရှောင်နေသည့် မာမတ်ရော်ဖိတ် ပါ(၇)ဦးတို့အား ဖမ်းဆီးရမိရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ
ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment