Friday, March 6, 2015

ကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်းပြီးစီးမှု စစ်ဆေးကြည့်ရှု

တနင်္သာရီ မတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏(၂၀၁၄-၁၅)ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(ဝ၀ဝ၀)ဖြင့် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုနှင့် အရှေ့မော်တုန်းကျေးရွာ အုပ်စုချင်း ဆက်သွယ်ဖောက်လုပ်လျက်ရှိသည့်
အလျား()မိုင်x အကျယ်(၁၂)ပေ ()လက်မကျောက်ချောလမ်းကို ကြယ်စင်မြင့် (မြန်မာ) ဆောက်လုပ်ရေးကုမ္ပဏီမှ ခန့်မှန်းကုန်ကျငွေ (၁၇၄၇၈၉၀ဝ၀-)ဖြင့် တာဝန်ယူလျက်ရှိရာသို့ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၊ စည်ပင်သာရေးကော်မတီနှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူ များမှ (၂၀၁၄-၁၅)ဘတ်ဂျက်အမီ ပြီးစီးနိုင်ရန်နှင့် သတ်မှတ်စံနှုန်းများအား ကွင်းဆင်းစစ်ဆေးကြရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ (၈၀%) ပြီးစီးနေပြီဖြစ်ပြီး သတ်မှတ်ကာလအမီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း မန်နေဂျာ ဦးချမ်းလွင်ဦး ပြောပြချက်အရ သိရှိရသည်။

၎င်းကျောက်ချောလမ်း ပြီးစီးပါက အရှေ့မော်တန်းကျေးရွာ အုပ်စုအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန် ကွမ်းသီး/ရာဘာ၊ လတ်ဆတ်ဟင်းသီးဟင်းရွက်များ ဘန်းလမွတ်ကျေးရွာ အုပ်စုမှတစ်ဆင့် မြိတ်သို့လည်းကောင်း တနင်္သာရီသို့ လည်းကောင်း အလွယ်တကူ ပို့ဆောင်ရောင်းဝယ် ဖောက်ကားနိုင်မည်ဖြစ်ပြီး ဘာသာရေး၊ လူမှုရေးနှင့် အရေးပေါ် ကျန်းမာရေးကိစ္စ ကဏ္ဍများအား များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment