မြိတ် မတ် ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်- တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ချောင်းလမုရွာတွင် ပြန်ကြားရေးဝန်ကြီးဌာန ၂ဝ၁၄-၂ဝ၁၅ခု၊ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၏ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းရန်ပုံငွေ ကျပ်(၁၀)သိန်းနှင့်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(၁၅)သိန်း စုစုပေါင်း(၃၅)သိန်းဖြင့် ဆောက်လုပ်ခဲ့သည့် ရတနာသိုက်စာကြည့်တိုက် အဆောက်အဦအသစ်
ဖွင့်ပွဲအခမ်းအနားနှင့်
ပညာပေးဟောပြောပွဲ
အခမ်းအနား ကို မတ်လ(၃)ရက် နံနက်(၁၀)နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ရတနာသိုက် စာကြည့်တိုက်အဆောက်အဦသစ်အား ချောင်းလမုရွာဓမ္မရက္ခိတ ကျောင်းတိုက် နာယကဆရာတော် အရှင်သုမန ၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးယုံဘီးနှင့် တနင်္သာရီတိုင်းဒေသကြီး ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နီနီချိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ စာကြည့်တိုက်နှင့်ပတ်သက်ပြီး ပညာပေးဟောပြောပွဲကို ကျင်းပရာ ချောင်းလ မုရွာ ဓမ္မရက္ခိတကျောင်းတိုက် နာယကဆရာတော် အရှင်သုမန က နိုင်ငံတော်အသိအမှတ်ပြု စာကြည့်တိုက်ရရှိရေး ကြိုးပမ်းခဲ့ပုံကိုလည်းကောင်း၊ တိုင်းပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှူးမှ စံငါးချက်နှင့်အညီ စာကြည့်တိုက်ရေရှည် တည်တံ့ခိုင်မြဲရေး
ထိန်းသိမ်းကို လည်းကောင်း၊
မြို့နယ်ပညာရေးမှူး ဦးတင်မောင်ကြည်က စာဖတ်ခြင်း၏ အကြိုးကျေးဇူးအကြောင်းကို လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တိုင်းပြန်/ဆက်လက်ထောက်ညွှန်ကြားရေးမှူးနှင့် အလှူရှင်များက စာကြည့်တိုက် ကော်မတီ ဥက္ကဌ ဦးဝင်းစိုး ထံစာအုပ်များလှူဒါန်းပေးသည်။ ထို့နောက် ချောင်းလမုရွာ ရပ်မိရပ်ဖ ဦးစန်းလွင် က ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။
အဆိုပါ ရတနာသိုက် စာကြည့်တိုက်အား ဆရာတော် အရှင်သုမနမှ မတည်ငွေ(၂)သိန်း ဖြင့်ဦးစီး ဦးဆောင်ပြု၍ အလျား(၂၇)ပေ၊ အနံ(၁၈)ပေနှင့် အမြင့်(၁၂)ပေဖြင့် RC ကွန်ကရစ် သွပ်မိုးတစ်ထပ်အုတ်ကြွပ်မျက်နှာကျက်၊ ဝရံတာ(၆x၁၂) ပန်းပွတ်လုံးစီအဆောက်အဦဖြစ်ပြီး ရတနာ မိုးပြည့်ပြည့်ထွန်းကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မြင့်-ဒေါ်အိအိလင်း မိသားစုမှ ဘိလပ်မြေ(၅၀)အိတ်နှင့် ရွှေကမ္ဘောဇ(ရေဖြူ) ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ သွပ်(၁၀ဝ)ချပ်တို့နှင့် ဒေသခံပြည်သူများထည့်ဝင်လှူဒါန်းငွေ(၃၅)သိန်း စုစုပေါင်းသိန်း(၇၅)ခန့်ကုန်ကျကြောင်း သိရှိရသည်။



No comments:
Post a Comment