Monday, March 30, 2015

နယ်သာလန် မိဖုရား အလည်အပတ်လာရောက်မည်


နယ်သာလန်မိဖုရား မက်ဆီမာ၏ ကိုယ်ရေးအကျဉ်း နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂအတွင်းရေးမှူး၏ ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အထူးအကြံပေးအဖြစ် မြန်မာနိုင်ငံသို့ မတ် ၃ဝ ရက်မှ စတင်၍ ဧပြီလ ၁ ရက်နေ့အထိ အလည်အပတ်လာရောက်မည် ဖြစ်ပါသည်။

မိဖုရား မက်ဆီမာအား ၁၉၇၁ ခုနှစ်၊ မေ ၁၇ ရက်တွင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ် မြို့တွင် မက်ဆီမာဇိုရီဂွီတာအဖြစ် မွေးဖွားခဲ့သည်။ ၎င်းသည် အထက်တန်းပညာစာမေးပွဲကို ၁၉၈၈ ခုနှစ်တွင် နော့သ်လမ်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အာဂျင်တီးနားရှိ ကက်သလစ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် မိဖုရား မက်ဆီမာသည် ဘုရင်ဝီလီယံအလက်ဇန္ဒြားနှင့် လက်ထပ်ခဲ့သည်။ တော်ဝင်ဇနီးမောင်နှံတို့မှ သမီးသုံးဦးမွေးဖွားခဲ့သည်။
မင်းသမီး ကက်သရင်းနား အမေးလီးယား (အိမ်ရှေ့မင်းသမီး)၊ မင်းသမီး အလက်ဇီယာနှင့်မင်းသမီး အရီရာနီးတို့ဖြစ်သည်။
ဘုရင်ဝီလီယံ အလက်ဇန္ဒြားနှင့် မိဖုရား မက်ဆီမာတို့သည် ၂ဝဝ၂ ခုနှစ်တွင် ၎င်းတို့၏မင်္ဂလာအခမ်းအနား၌ ဒတ်ခ်ျလူမျိုး တို့မှ လက်ဖွဲ့အဖြစ်ပေးထားငွေမှ ထူထောင်ထားသော အိမ်ရှေ့မင်းသား ရန်ပုံငွေအဖွဲ့၏ နာယကများ ဖြစ်သည်။ မိဖုရား မက်ဆီမာသည် လူနည်းစု အမျိုးသမီးများ၊ ပါဝင်လာရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။
၂ဝဝ၄ ခုနှစ်မှစ၍ မိဖုရား မက်ဆီမာသည် နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဖြစ်လာသည်။ ၂ဝဝ၃ ခုနှစ်မှစတင်၍ Prince Claus Chain ရန်ပုံငွေအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်မှစ၍ မိဖုရားသည် Money Wise Platform ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဖြစ်လာသည်။ မိဖုရား မက်ဆီမာသည် ၂ဝ၁၁ ခုနှစ်တွင် အသေးစားငွေချေးလုပ်ငန်းကို ဆက်ခံသော စီးပွားရေး လုပ်ငန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏အဖွဲ့ဝင် ဖြစ်လာသည်။ မိဖုရား မက်ဆီမာသည် ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ပိုမိုတိုးချဲ့ရေး၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ တိုးမြှင့်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ စာပေများ၊ တိုးတက်ရေးတို့အတွက် နယ်သာလန်နိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်တို့၌ နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် မိဖုရား မက်ဆီမာအား ဘဏ္ဍာရေးဆိုင်ရာ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂ဝ၁၁ ခုနှစ်မှစ၍ ဂျီ-၂ဝ အဖွဲ့၏ Global Partnership for Financial Inclusion တွင် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် ဂျီ -၂ဝ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေပြီး နှစ်ပေါင်းများစွာကပင် ကြိုးပမ်းဆောင်ရွက်နေသော ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းများ အလုံးစုံတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment