Thursday, March 5, 2015

ဆေးလိပ်သောက်သူများသည် စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကများနိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုမြင့်မား


ဆေးလိပ်သောက်သူတွေဟာ စိတ်ဓာတ်ကျခြင်းနဲ့ ပူပင်သောကများခြင်းတွေကို ခံစားရနိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုများ ကြောင်း လေ့လာမှုတစ်ခုအရ သိရှိရပါတယ်။

ဆေးလိပ်ဖြတ်ခြင်းကြောင့် အဆိုပါ အခြေအနေကို ပြောင်းလဲနိုင်ပြီး စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန် စေနိုင်ကြာင်း လေ့လာသူတို့က ဆိုပါတယ်။ ရေရှည်ဆေးလိပ်သောက်သူတွေ ခံစားနေရတဲ့ ပူပင်သောကများခြင်းနဲ့ စိတ်ဓာတ်ကျခြင်း အဆင့်သည် ဆေးလိပ်မသောက်ဖူးသူများနှင့်ယှဉ်လျှင် သိသိသာသာ မြင့်တက်မှုရှိကြောင်း လေ့လာသူတို့ကဆိုပါတယ်။
လေ့လာမှုအရ အသက် ၄၀ကျော် လူဦးရေ ၆၅၀၀ဦးအား လေ့လာခဲ့ရာ ဆေးလိပ်သောက်သူ ၁၈ ဒသမ ၃ ရာခိုင်နှုန်းသည် ဆေးလိပ်မသောက်သူ ၁၀ရာခိုင်နှုန်း၊ ဆေးလိပ်သောက်ဖူးသူ ၁၁ ရာခိုင်နှုန်းကျော်တို့နဲ့ နှိုင်းယှဉ်လျှင် စိတ်ဓာတ်ကျခြင်းနဲ့ ပူပင်သောကများခြင်းတို့ကို ခံစားနေရကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဆေးလိပ်ဖြတ်တာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုလည်း ကောင်းမွန်စေပါတယ်။ ဆေးလိပ်သောက်သူတွေက ဆေးလိပ်သောက်တာကြောင့် ပူပင်သောက များတာနဲ့ စိတ်ဖိစီးမှုများတာကို လျော့ပါးစေတယ်လို့ လွဲမှားပြီး ယုံကြည်နေကြပါတယ်။ တကယ်က ဆေးလိပ်ဖြတ်လိုက်မှသာ ပူပင်သောကနဲ့ စိတ်ဖိစီးမှုလျော့ကျသွားတာပါ လို့ လန်ဒန်ကောလိပ်မှ လေ့လာသူ ရောဘတ်က ဆိုပါတယ်။

ယူကေမှာ အရွယ်ရောက်သူ ငါးဦးအနက် တစ်ဦးနီးပါးတွင် ဆေးလိပ်သောက်နေကြကြောင်း ဗြိတိန်နှလုံး ဖောင်ဒေးရှင်းရဲ့ တွေ့ရှိချက်အရ သိရပါတယ်။

No comments:

Post a Comment