ရန်ကုန်၊ မတ် (၁)
ပြန်ကြားရေးဝန်ကြီးဌာန၊
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့
ပူးပေါင်းစီစဉ် သည့် ဒုတိယအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲကို
ယနေ့နံနက် (၈း၃၀) က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)
အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ညီလာခံဖွင့်ပွဲသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေး ရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတို့မှဥက္ကဋ္ဌနှင့်
အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ယူနက်စကို
ဌာနေကိုယ်စားလှယ်၊ စာကြည့်တိုက်ပညာရှင်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ
ပြည်သူ့ စာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက် များမှ စာကြည့်တိုက်မှူး များ၊ စိတ်ပါ
ဝင်စား သူ စာပေပညာရှင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ တာဝန်ရှိသူများ
အင်အား (၃၈၀) ခန့် တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်က အဖွင့်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးမောင်မောင်နှင့်
မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် စာတမ်းဖတ်ပွဲကို
ဆက်လက်ကျင်းပရာ ပါမောက္ခ(အငြိမ်းစား) ဦးသိန်းလွင်က သဘာပတိအဖြစ် ဆောင်ရွက်၍ ဒေါက်တာသန့်သော်ကောင်းက
စာကြည့်တိုက်များဖွံ့ဖြိုးရေး အတွက် ပူးပေါင်းပါဝင်ကူညီမှုများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊
သရပါစာကြည့်တိုက်မှူး ဦးရဲထက်ဦးက စာကြည့်တိုက်များတွင် စာဖတ်သူများတိုးပွား လာရေး
ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေး ကြပြီး တက်ရောက်လာ သူများ၏ မေးမြန်းချက်များကို
ဦးဆောင် ဆွေးနွေးသူ များက ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နေ့လယ်ပိုင်းတွင်
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ စာကြည့်တိုက် ပညာရှင်များဦးစီး၍ တက်ရောက်လာသော ဒေသ အသီးသီးမှ
စာကြည့်တိုက်မှူး များနှင့် စာပေပညာရှင်များသည် အုပ်စု(၄)စုခွဲကာ စာကြည့်တိုက်များ
ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြပြီး ညနေ (၁၆း၁၅) နာရီတွင် ညီလာခံပထမနေ့ကို
ရပ်နားလိုက်သည်။ ညီလာခံဒုတိယနေ့ကို မတ်လ (၂) ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း
သတင်းရရှိသည်။



No comments:
Post a Comment