ပြည်သူလူထု၏ သဘောထားအမြင်များအပေါ် မီဒီ ယာများ၏
သြဇာလွှမ်းမိုးမှုမှာ ကြီးမားလွန်းသောကြောင့် ဂျာနယ်လစ်များသည် အစိုးရများမှ ဥပဒေပြင်ပတရားမဝင်
ပစ်မှတ်ထားပြီး ထိန်းချုပ်ကန့်သတ်ခြင်းများကို
ခံရလေ့ ရှိသည်။ အမေရိကန်နိုင်ငံရေးပညာရှင်
သောမတ်ဂျက်ဖာ ဆန်၏ အောက်ပါအဆိုအမိန့်မှာ ထင်ရှားသည်။ ''အကယ် ၍ သတင်းစာမရှိသောအစိုးရနှင့်
အစိုးရဟူ၍မရှိပဲ သတင်း စာများချည်းရှိသော အခြေအနေနှစ်မျိုးထဲမှ ကြိုက်ရာ ရွေးပါဆိုလျှင်
ကျွန်တော့်အနေနှင့် အစိုးရမရှိသော သတင်းစာများကိုပင် ရွေးရပေလိမ့်မည်''။ အစိုးရများ၏တာဝန်ခံမှုကို
အဓိကအာမခံပေးရခြင်းနှင့် သတင်းနှင့် အခြားသိကောင်းစရာ အချက်အလက်များအားလုံးအတွက် အဓိကအရင်းအမြစ်လည်း
ဖြစ်နေသောကြောင့် မီဒီယာ များကိုကွပ်ကဲရာတွင် မဆိုစလောက် သိမ်မွေ့စွာဆောင်ရွက် ဖို့လိုသည်။
ဒီမိုကရေစီတိုင်းပြည်များတွင် ဂျာနယ်လစ် များအတွက် သီးသန့်ရည်ရွယ်သော ထိန်းချုပ်မှုပုံစံများရှိ
မနေသည့်အပြင် ယင်းတို့အတွက် အထူးအခွင့်အရေးနှင့် လုပ်ပိုင်ခွင့်အချို့ကိုပါ အပ်နှင်းထားသည်ကိုတွေ့နိုင်သည်။
လိုင်စင်
ဂျာနယ်လစ်များကို လိုင်စင်ရယူစေပြီး လိုင်စင်မရှိသူ
များ၏ သတင်းလိုက်ခွင့်/ရေးခွင့်ကို ပိတ်ပင်ကန့်သတ် ခြင်းသည် လွတ်လပ်စွာသတင်းရယူခွင့်ကိုချိုးဖောက်ခြင်းပင်ဖြစ်သည်။
အလားတူပင် ဂျာနယ်လစ်အဖြစ်ဆောင်ရွက် လိုသူများအတွက် ဘွဲ့ရရန်လိုအပ်ခြင်း၊ အသက်အရွယ်
ကန့်သတ်ခြင်းနှင့် ဂျာနယ်လစ်အသင်းဝင်ဖြစ်ခြင်းစသော အချက်များအပေါ်အခြေခံ၍ ကန့်သတ်ပိတ်ပင်ခြင်းများ
ကို ပြုလုပ်ပါကလည်း သတင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ယင်းအချက်ကို
အမေရိက တိုက်လုံးဆိုင်ရာ လူ့အခွင့်အရေးခုံရုံးက ၁၉၈၅ ခုနှစ်တွင် ချမှတ်ခဲ့သော အောက်ပါဆုံးဖြတ်ချက်တွင်
ရှင်းလင်းစွာ သိရှိနိုင်ပါသည်။
သက်ဆိုင်ရာ အသင်းတစ်သင်းတွင် အသင်းဝင် မဟုတ်ပါက
ဂျာနယ်လစ်အဖြစ် လုပ်ကိုင်ဆောင် ရွက်ခွင့်ကို တားမြစ်ကန့်သတ်သော ဥပဒေသည် တရားမဝင်သော
ဥပဒေဖြစ်သည်။ ထို့အပြင် အသင်းဝင်ဖြစ်ရေးအတွက်လည်း သတ်မှတ် ထားသော တက္ကသိုလ်များမှ ဘာသာရပ်များကို
သင်ကြားတတ်မြောက်ပြီးသူများမှသာ အသင်းဝင် ဖြစ်ခွင့်ရှိမည်စသော ကန့်သတ်ချက်များသည် လည်း
ဤကွန်ဗင်းရှင်းနှင့် ဖီလာဆန့်ကျင်ဖြစ် သည်ဟု သတ်မှတ်သည်။ ထိုသို့ကန့်သတ်ခြင်း သည် လူတစ်ဦးချင်းစီ၏
¤င်းစိတ်ကြိုက် နည်းလမ်းဖြင့် သတင်းအချက်အလက်များကို ရှာဖွေခွင့်နှင့် လွှဲပြောင်းပေးပို့နိုင်ခွင့်တို့အား
ကန့် သတ်ရာရောက်နေသည်သာမက ပြည်သူလူထု တစ်ရပ်လုံးအတွက်လည်း သတင်းအချက်အလက် များကို အကန့်အသတ်မရှိ
လွတ်လပ်စွာရယူခွင့် ကို တားဆီးပိတ်ပင်ရာရောက်သည်။
ထိုအချက်အတွက် အခြေခံတွေးခေါ်မှုမှာ ပြည်သူ့
မီဒီယာများကိုအသုံးပြုပြီး မိမိတို့ပြောဆိုလိုသော အကြောင်း အရာများကို ထုတ်ဖော်ပြောဆိုခွင့်သည်
လူတိုင်းနှင့်အကျုံး ဝင်သင့်ပြီး အချို့သော စံချိန်စံညွှန်းများနှင့် ကိုက်ညီသော သီးသန့်အုပ်စုတစ်ခုစာ
ခံစားခွင့်ရှိမည့် ရပိုင်ခွင့်မဖြစ်သင့် ပေ။ (မှတ်စုတို ၁ အားကြည့်ရန်) ထိုအချက်တွင်
စာနယ် ဇင်းနယ်ပယ်သည် ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာစသော အခြားပရော်ဖက်ရှင်နယ်ကဏ္ဍများနှင့်
မတူကြောင်း သတိ ပြုဖို့လိုသည်။ ကျန်ပရော်ဖက်ရှင်နယ်များတွင် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်နှင့်
ဆက်စပ်ပတ်သက်မှုသည် အတတ် ပညာသဘောသာဖြစ်ပြီး စာနယ်ဇင်းနယ်ပယ်မှာကဲ့သို့ အခြေခံလူ့အခွင့်အရေးတစ်ခု
ဖြစ်မနေပေ။
ဂျာနယ်လစ်များကို လိုင်စင်သတ်မှတ်ခြင်းသည်
အခွင့် အာဏာအလွှဲသုံးစားခြင်း ဖြစ်ပေါ်စေနိုင်သည့်အပြင် နိုင်ငံ ရေးအကျိုးအမြတ်အတွက်
အသုံးချနိုင်သည့် နည်းလမ်း တစ်ခုလည်း ဖြစ်နိုင်ခြေရှိသဖြင့် တရားမဝင်ကြောင်း သတ်မှတ်ထားခြင်းဖြစ်သည်။
စာနယ်ဇင်းသမားများကို လိုင်စင်ထုတ်ပေးခြင်းသည် အများပြည်သူကို သတင်းအချက် အလက်ပေးရန်တာဝန်ရှိသူအား
အရည်အချင်းရှိပြီး ကိုယ်ကျင့် တရားမြင့်မားသောသူများကိုသာ သတ်မှတ်ပေးသင့်သည်ဟု ယူဆကြသူများရှိသည်။
သို့ရာတွင် အမေရိကတစ်တိုက် လုံးဆိုင်ရာ လူ့အခွင့်အရေးခုံရုံးက ယင်းအဆိုကို ပယ်ချသည်။
ဂျာနယ်လစ်များ၏ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို မြှင့်တင် ပေးရန်အတွက် လိုင်စင်အစား လူ့အခွင့်အရေးကို
ထိပါးမှု ပိုနည်းသည့် အခြားနည်းလမ်းများလည်း ရွေးချယ်စရာရှိသည်။ လက်တွေ့တွင်လည်း လိုင်စင်စနစ်ကဲ့သို့သော
တင်းကျပ် ထိန်းချုပ်မှုများသည် ဂျာနယ်လစ်များ၏ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ကို မြှင့်တင်ပေးနိုင်ခြင်း
အလျဉ်းမရှိသည်ကိုလည်း တွေ့ရသည်။
အလားတူပင် ဂျာနယ်လစ်များကို မှတ်ပုံတင်သော
စနစ်သည်လည်း နိုင်ငံတကာဥပဒေများအရ လူ့အခွင့်အရေး ကို နှောက်ယှက်ထိပါးခြင်း ရှိမရှိ
စစ်ဆေးသော စစ်ဆေးချက် ကို ကျော်ဖြတ်နိုင်ခြင်းမရှိသောကြောင့် တရားဝင်ခြင်းမရှိ ပေ။
ထိုသို့သောစနစ်များသည် လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်းမျိုးသာ
ဖြစ်နေသဖြင့် လိုအပ်ချက်တစ်ခုအဖြစ် ပြဋ္ဌာန်းစရာအကြောင်းမရှိပေ။
လိုင်စင်(သို့မဟုတ်) မှတ်ပုံတင်စနစ်သည် ဒစ်ဂျစ်တယ်
ခေတ်နှင့်လည်း မဆီလျော်တော့ပေ။ အကြောင်းမှာ ဒစ်ဂျစ် တယ်သတင်းခေတ်သို့ရောက်ရှိလာသောအခါ
အွန်လိုင်း ဘလော့ရေးသားသူများနှင့် အခြားအပျော်တမ်းသတင်းရေးသားသူများကြောင့် ဂျာနယ်လစ်များနှင့်
ဂျာနယ်လစ်မဟုတ် သူများအကြား စည်းမှာလည်း ပိုမိုဝေဝါးသွားခဲ့သည်။ အွန်လိုင်းမီဒီယာများတွင်
ဒီမိုကရေစီ ပိုမိုစိမ့်ဝင်လာသည် နှင့်အမျှ ပြည်သူလူထုအတွက် အရေးပါသော သတင်းအဖြစ် အပျက်များကို
မည်သူကမှတ်ချက်ပေးခွင့်ရှိသည်နှင့် မည်သူက သတင်းရေးသားပေးပို့ခွင့်ရှိသည်ကို သတ်မှတ်ရန်အတွက်
ပိုမိုခက်ခဲသွားပေသည်။
ဤစနစ်များသည် ပုဂ္ဂလိကအဖွဲ့အစည်းများ ဖွဲ့စည်း
တည်ထောင်ခွင့် ဥပမာ အဖွဲ့ဝင်ကျင့်ဝတ်စံနှုန်းများကို ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ပြဋ္ဌာန်းထားသော
ပုဂ္ဂလိက ဂျာနယ်လစ်အဖွဲ့အစည်းတည်ထောင်ခြင်းများအပေါ် မည် သည့် သက်ရောက်မှုမျှမရှိပေ။
အသိအမှတ်ပြုသည့်စနစ်
လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တွင် သတင်းလက်ခံရရှိခွင့်လည်းပါဝင်သည်။
ပြည်သူများ၏နားမျက်စိသဖွယ်ဖြစ် နေသော ဂျာနယ်လစ်များသည် အထက်ပါရပိုင်ခွင့်ပြည့်ဝ ရေးအတွက်
အရေးကြီးသောကဏ္ဍတွင် ရှိသည်။ ထို့ကြောင့် ဂျာနယ်လစ်များအတွက် လွတ်လပ်စွာသတင်းလက်ခံရရှိ
ခွင့်ရှိရေးအတွက် အထူးလုပ်ပိုင်ခွင့်များစီစဉ်ဆောင်ရွက်ပေး ရမည်။ အထူးသဖြင့် အများပြည်သူ
အကျိုးစီးပွားနှင့် ဆက်စပ်သော ပါလီမန်၊ တရားရုံးစသော နေရာများတွင် သတင်းရယူနိုင်ရန်
အခွင့်အရေးပေးရမည်ဖြစ်သည်။ ထိုသို့ ဆိုသဖြင့် ဂျာနယ်လစ်များတွင် လွတ်လပ်စွာထုတ်ဖော်
ပြောကြားခွင့်နှင့် လွတ်လပ်စွာ သတင်းအချက်အလက် ရယူခွင့်နှင့် ပတ်သက်ပြီး အထူးအခွင့်အရေးများရှိနေသည်ဟု
မမှတ်ယူဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ သတင်းရယူခွင့်နှင့် ဆက်စပ်ပြီးပေးထားသော အခွင့်အရေးများဖြစ်သည်ဟု
မှတ်ယူရမည်ဖြစ်သည်။ ထိုအခွင့်အရေးများသည် လွတ်လပ် စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် ဆက်စပ်ပြီး
နိုင်ငံတကာ ဥပဒေများတွင် အတိအလင်းပြဋ္ဌာန်းပေးထားသောအချက် များ ဖြစ်ပါသည်။
ဂျာနယ်လစ်များအား အများပြည်သူကို ကန့်သတ်ထား
သော နေရာများတွင် သတင်းရယူခွင့်ပေးရန်အတွက် အများ လက်ခံ ကျင့်သုံးသောစနစ်မှာ အသိအမှတ်ပြုစနစ်ဖြစ်သည်။
နိုင်ငံတကာဥပဒေများအရ အသိအမှတ်ပြုစနစ်တွင် ကျင့်သုံး သော ဥပဒေသအချို့ရှိသည်။ ပထမအချက်မှာ
အခြား ထိန်းကျောင်းနည်းစနစ်များနည်းတူ ဂျာနယ်လစ်များအပေါ် မလျော်သြဇာလွှမ်းစေရန် အသုံးချခံရသော
စနစ်တစ်ခုဖြစ် မသွားစေရေးအတွက် အသိအမှတ်ပြုစနစ်ကို သီးခြား လွတ်လပ်သောအဖွဲ့အစည်းတစ်ခုက
ကြီးကြပ်ရမည်။ ဒုတိယ အချက်မှာ အသိအမှတ်ပြုစနစ်ကို မီဒီယာရောက်ရှိနိုင် သည့် ပရိသတ်ပမာဏနှင့်အမျိုးအစားတို့ကဲ့သို့သော
မျှတပြီး ဓမ္မဓိဋ္ဌာန်ကျသည့် အချက်များကိုသာ အခြေခံပြီး ဆောင်ရွက် ရမည်ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က
အလွတ်သတင်းထောက်များကို ခွဲခြားသတ်မှတ်သော အသိ အမှတ်ပြုစနစ်မျိုးသည် တရားမဝင်ဟု သတ်မှတ်သည်။
အလားတူပင် အွန်လိုင်းနှင့် ဒစ်ဂျယ်တယ်သတင်းထောက် များအပေါ်တွင်လည်း ခွဲခြားဆက်ဆံမှုမပြုရပါ။
နောက်ဆုံး အချက်မှာအသိအမှတ်ပြုစနစ်ကို ဆောင်ရွက်ရာတွင် စာနယ်ဇင်းသမားများအား သတင်းပြန်လည်ဖော်ပြရာတွင်
ကန့်သတ်ချက်များထားရှိရန်အတွက် အလွဲသုံးခြင်းမပြုရ သလို၊ စာနယ်ဇင်းများ၏ရေးသားဖော်ပြမှုအပေါ်
အခြေခံပြီး အသိအမှတ်ပြုခြင်း/ရုပ်သိမ်းခြင်းများကိုလည်း မဆောင်ရွက် ရဟု အတိအလင်းသတ်မှတ်ထားပါသည်။
၂ဝဝ၃ ခုနှစ် ပူးတွဲကြေညာချက်တွင် လွတ်လပ်စွာ
ထုတ်ဖော်ပြောကြားခွင့်နှင့်ပတ်သက်သော အထူးလုပ်ပိုင် ခွင့်နှင့်ပတ်သက်ပြီး အောက်ပါအတိုင်းဖော်ပြထားသည်။
စာနယ်ဇင်းသမားများအတွက် အသိအမှတ်ပြုစနစ်ဆို
သည်မှာ ၄င်းတို့အတွက် အချို့သောနေရာများကို ဝင်ရောက် သတင်းယူခွင့်အား အထူးအခွင့်အရေး
အနေဖြင့် သတ်မှတ်ပေးရန်အတွက်သာ အသုံးပြု ခြင်းဖြစ်သည်။ ထိုသို့ခွင့်ပြုသည့် ဆုံးဖြတ်ချက်များ
ကို သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုမှ ချမှတ်ပေးရန်လိုပြီး ချမှတ်ရာတွင်လည်း မျှတပြီး
ပွင့်လင်းမြင်သာဖို့ လိုအပ်သည်။ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ကြိုတင်သတ်မှတ်ဖော်ပြထားပြီး
ဖြစ်သော လုပ်ထုံးလုပ်နည်းများအတိုင်း ရှင်းလင်းပြီး သမာသမတ်ကျစွာ ချမှတ်ရမည်။
သတင်းအရင်းအမြစ်များ
ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအများအပြားနှင့် နိုင်ငံတကာ
ဥပဒေများတွင် သတင်းအချက်အလက်များကို ပေးပို့သော အထူးလျှို့ဝှက်အပ်သည့် သတင်းရင်းမြစ်များကို
ထုတ်ဖော် ပြောကြားရန် ငြင်းဆန်ခွင့်ကို ဂျာနယ်လစ်များအား အပ်နှင်း ထားသည်။UNHRC ၏ ၂ဝ၁၁
ခုနှစ် အထွေထွေမှတ်ချက် ၃၄ တွင် အောက်ပါအတိုင်းဖော်ပြထားသည်။
နိုင်ငံတော်အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြော
ကြားခွင့်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် (လျှို့ဝှက်) သတင်းရင်းမြစ်များကို ထုတ်မပြောဘဲ
ငြင်းဆန်ပိုင် ခွင့်ကိုလည်း ထည့်သွင်းထားကြောင်း အသိအမှတ်ပြု လေးစားလိုက်နာရမည်။
ဥရောပလူ့အခွင့်အရေးဆိုင်ရာ တရားရုံးက ဂူဒွင်နှင့်
ယူကေနိုင်ငံအမှုတွင် သတင်းရင်းမြစ်များကို ထုတ်မပြောဘဲ ကာကွယ်ခွင့်ကို အလွန်ရှင်းလင်းစွာ
ဖွင့်ဆိုထားသည်။
သတင်းရင်းမြစ်များကို ထုတ်မပြောဘဲ ထားခွင့်သည်
သတင်းလွတ်လပ်ခွင့်၏ အခြေခံတစ်ခုပင်ဖြစ်သည်။ ထိုသို့သတ်မှတ်ထားခြင်းမရှိပါက အများပြည်သူ
အကျိုးစီးပွားအတွက် သိသင့်သိထိုက်သော သတင်း များရရှိရေးတွင် သတင်းရင်းမြစ်များက ဂျာနယ်လစ်
များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိတော့မည် မဟုတ်ချေ။ ရလဒ်အနေဖြင့် လူထုကိုယ်စားကင်းစောင့်
ခွေးအဖြစ် တာဝန်ယူခြင်းနှင့် ပြည်သူတို့ကိုယုံကြည် ပြီး တိကျသော သတင်းအချက်အလက်များပေးနိုင်
ခြင်းတို့တွင် ဆိုးဆိုးရွားရွားထိခိုက်သွားမည်ဖြစ်သည်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းများတွင်
မီဒီယာလွတ် လပ်ခွင့်နှင့် သတင်းရင်းမြစ်များကို ကာကွယ်ခြင်းသည် အလွန်အရေးပါပါသည်။ ထို့အပြင်
သတင်းအရင်း အမြစ်များကို ဖော်ထုတ်ရန်အတွက် အမိန့်ပေးခြင်း များသည်လည်း သတင်းလွတ်လပ်ခွင့်ကို
လွတ်လပ် စွာ ကျင့်သုံးခြင်းမပြုရဲအောင် ဖိအားပေးခြင်းများ ဖြစ်နိုင်သည်။ ထို့ကြောင့်
ထိုသို့တားမြစ်ပိတ်ပင် ခြင်းများသည် ကွန်ဗင်းရှင်းအပိုဒ် ၁ဝ နှင့် လုံးဝ ဆန့်ကျင်ကွဲလွဲနေသည်။
ခြွင်းချက်တစ်ခုမှာ ပြည်သူ့အကျိုးစီးပွားကို ကြီးကြီးမားမားဆောင် နိုင်သည်ဟု အခိုင်အမာသက်သေပြနိုင်သော
အခြေအနေအချို့တို့တွင်မူ ထိုတားမြစ်ချက် အချို့ကို ကျင့်သုံးကောင်း ကျင့်သုံးနိုင်မည်ဖြစ်
သည်။
ထပ်လောင်းပြောရလျှင် ဥပဒေကြောင်းအရ အဓိက မူတည်သော
အခြေခံရပိုင်ခွင့်မှာ သတင်းထောက်များ၏ သတင်းရယူခွင့်နှင့် ရေးသားဖော်ပြခွင့်နှင့်ဆိုင်သော
အထူးရပိုင်ခွင့်များမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ သတင်းအချက်အလက်ရရှိခွင့်ပင်ဖြစ်သည်။
ထို့ကြောင့် သတင်းအရင်းအမြစ်များကို ထုတ်ဖော်မပြောဘဲ နေပိုင် ခွင့်သည် ဂျာနယ်လစ်များ၏
အထူးအခွင့်အရေးတစ်ရပ် ဖြစ်နေသည်ဟု ဆိုနိုင်သော်လည်း မီဒီယာနည်းလမ်း တစ်ခုခုကိုသုံးပြီး
အများပြည်သူအတွက် သတင်းအချက် အလက်များ စုဆောင်းခြင်းနှင့်ဖြန့်ချိခြင်းများကို ပုံမှန်
သို့မဟုတ် ပရော်ဖက်ရှင်နယ်အရင်းခံပြီး ဆောင်ရွက်နေ သော မည်သူမဆိုရပိုင်ခွင့်ရှိသည်ဟု
သတ်မှတ်နိုင်သည်။ (ဥရောပကောင်စီ တိုက်တွန်းအကြံပြုချက်အမှတ် R2000-7)
လုံခြုံဘေးကင်းရေး
၎င်းတို့၏အသံများကို တိတ်သွားစေလိုသဖြင့် မီဒီယာ
သမားများ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်းနှင့် ခြိမ်း ခြောက်ခြင်းများသည် လွတ်လပ်စွာထုတ်ဖော်ပြောကြား
ခွင့်ကို ဆိုးဆိုးရွားရွားထိခိုက်စေသော နှောင့်ယှက် ဟန့်တားမှုများဖြစ်သည်။ ၂ဝ၁၂ ခုနှစ်
ပူးတွဲကြေညာချက် တွင် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့် ပတ်သက် သော နိုင်ငံတကာလုပ်ပိုင်ခွင့်အခွင့်အရေးများကို
ဖော်ပြ ထားသည်။
လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို ကျင့်သုံး
ဆောင်ရွက်နေကြသူများအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများသည်
ကာယကံရှင်ကို တိုက်ရိုက်တိုက်ခိုက်ခြင်းသာမကဘဲ လွတ်လပ်ခွင့်အပေါ် တိုက်ခိုက်ခြင်းလည်း
မည် ပါသည်။ သတင်းအချက်အလက်နှင့် စိတ်ကူး စိတ်သန်းများကို လွတ်လပ်စွာရှာဖွေခွင့်နှင့်
ရယူ ခွင့်အပေါ်လည်း တိုက်ခိုက်ခြင်းမည်ပါသည်။
နိုင်ငံတော်အနေနှင့် ယခုကိစ္စတွင် ဆောင်ရွက်ရမည့်
တာဝန်ဝတ္တရားများကို အပိုင်းသုံးပိုင်းခွဲခြားနိုင်သည်။ ပထမအချက်မှာ မီဒီယာများနှင့်
မီဒီယာပိုင်ပစ္စည်းများ ကို တိုက်ခိုက်ခြင်းများတွင် နိုင်ငံတော်အနေနှင့် ခွင့်ပြုခြင်း
သို့မဟုတ် တိုက်ရိုက်ညွှန်ကြားခိုင်းစေခြင်း မပြုရန်ဖြစ်သည်။ ထို့အပြင် ထိုသို့သောတိုက်ခိုက်မှုများဖြစ်ပေါ်ပါက
အစိုးရ တာဝန်ရှိသူများအနေနှင့် ထိုတိုက်ခိုက်မှုများကို လူသိ ရှင်ကြား ထုတ်ဖော်ပြီး
ရှုတ်ချရန်၊ အရေးယူရန် တာဝန် ရှိသည်။
ဒုတိယအချက်မှာ ထိုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလာခြင်းမရှိအောင်လည်း
နိုင်ငံတော်မှ ကြိုတင် ကာကွယ်ရန် တာဝန်ရှိသည်။ ၂ဝ၁၂ ပူးတွဲကြေညာချက် တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို
ကာကွယ်ရန် အတွက် နိုင်ငံတကာသဘောတူလုပ်ပိုင်ခွင့်များကို ဖော်ပြ ထားသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ခြိမ်းခြောက်
ခြင်း ခံရနိုင်သောအခြေအနေများတွင် နိုင်ငံတော် အနေနှင့် ဖြစ်ပေါ်လာနိုင်သော ရာဇဝတ်မှုများကို
ကြိုတင်ကာကွယ်ပေးရန် တာဝန်ရှိသည်။ အထူး သဖြင့် ခြိမ်းခြောက်ခံနေရသောသူများက ကာကွယ်
စောင့်ရှောက်ပေးရန် တောင်းဆိုလာမှုကို စောင့် ဆိုင်းမနေဘဲ ဖြစ်လာနိုင်သော အန္တရာယ်များကို
ကြိုတင်ဖော်ထုတ်ပြီး ကာကွယ်ပေးထားဖို့ လိုသည်။
နောက်ဆုံးအချက်အနေနှင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါက
နိုင်ငံတော်အနေနှင့် သီးခြားလွတ်လပ် ပြီး လျင်မြန်ထိရောက်သည့် စုံစမ်းစစ်ဆေးမှုများဖြစ်လာ
အောင် အစိုးရကပြုလုပ်ပေးရမည်။ ကျူးလွန်သူကို ဥပဒေကြောင်းနှင့်အညီ တရားခွင်သို့ပို့ဆောင်နိုင်ရေး
နှင့် အကျူးလွန်ခံရသူကို နစ်နာကြေးပေးလျော်ရေး စသည်တို့ကိုလည်း ဆောင်ရွက်သွားနိုင်ရမည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ၁၉၉၆ ခုနှစ်တွင် ဂွာတီ မာလာနိုင်ငံအမှုအတွက် အောက်ပါအတိုင်း
အပြီးသတ်မှတ် ချက်ချခဲ့သည်။ ထိုသို့စုံစမ်းစစ်ဆေးခြင်းများသည် ကျူးလွန် ခံ ရသူအနေနှင့်
ကျူးလွန်သည့် အချက်အလက်များ၊ ကျူးလွန်သည့် အဖွဲ့အစည်း စသည်တို့ကို သိရှိနားလည်၍ အမှန်တရားအား
ရှာဖွေဖော်ထုတ်နိုင်မည့်အပြင် နစ်နာ ဆုံးရှုံးမှုအတွက်လည်း သင့်လျော်သည့် လျော်ကြေးများလည်း
ရရှိနိုင်ပါသည်။
မှတ်ချက်။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကျင့်သုံးရာ၌
လိုက်နာရမည့် စံနှုန်းများ၊ ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများကို သိရှိနိုင်ရန်အတွက် ဥပဒေနှင့်
ဒီမိုကရေစီဗဟိုဌာန(Centre for Law and Democracy) နှင့် နိုင်ငံတကာမီဒီယာထောက်ပံ့ကူညီရေးအဖွဲ့
(International Media Support-IMS) တို့မှ ပြုစုထုတ်ဝေသည့် ''အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်သော
လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်'' (လမ်းညွှန်မှတ်စုအတွဲများ)၊ Briefing Note
Series "Freedom of Expression''စာအုပ်ကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖော်ပြသွားမည်ဖြစ်ပါသည်။
ဆောင်းပါးပါ မြန်မာဘာသာပြန်ဆိုချက်များနှင့် အသုံးအနှုန်းများမှာ မူရင်းဘာသာပြန်ဆိုသည့်
သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အာဘော်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

No comments:
Post a Comment