ရန်ကုန် မတ်လ ၁
ပို့ဆောင်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်သည် ယနေ့ နံနက် (၀၉း၃၀) နာရီအချိန် ရန်ကုန်မြို့၊
ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
အစည်းအဝေး ခန်းမ၌ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးရှိ
အရာထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအောက်ရှိ စီးပွားရေးလုပ်ငန်း (၄) ခုအနက်၊
မြန်မာ့လေကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းနှင့် ပြည်တွင်းရေကြောင်း
ပို့ဆောင်ရေးတို့အား နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်အရ သီးခြား ရပ်တည်နိုင်အောင်
လုပ်ငန်းအလိုက် ဥပဒေ များ ရေးဆွဲပြဌာန်းပေးခဲ့ပြီး ဖြစ်သည့်အတွက် ကျယ်ပြန့် လွတ်လပ်စွာ
ရပ်တည်ဆောင်ရွက်ခွင့်ရနိုင် ပြီဖြစ်ကြောင်း၊ ယနေ့ အရာထမ်းအားလုံးသည် အခု ရှင်းလင်း
ပြောကြားခဲ့သော အချက်များကို အောက်ခြေဝန်ထမ်းများ သိရှိအောင် ထပ်မံ ရှင်းလင်းပေးဖို့
လိုအပ်ကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး
လုပ်ငန်းများအပြင် ရေးဆွဲ အတည်ပြုပေးပြီး ဖြစ်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ခွင့်ရရှိလာမယ့်
အခြားသော စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင် မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်
ကြံဆကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဥပဒေအရ
ဝန်ထမ်းများ ဖွဲ့စည်းပုံအသစ်၊ ရည်မှန်းချက်အသစ်များအလိုက် လုပ်ပိုင်ခွင့် များဖြင့်
ဆောင်ရွက်ရာတွင် အဆင့်ဆင့်သော ဝန်ထမ်းများမှ
ကြိုးစားကြံစည်ဆောင်ရွက် ကြရမှာ ဖြစ်ကြောင်း၊ စနစ်ပြောင်း၍ ထမ်းဆောင်ကြမည့်
ဝန်ထမ်းများ၏ လစာခံစားခွင့်များ တိုးမြှင့် ရရှိလာမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော
အရာထမ်းများမှ သိရှိလိုသည်များအား မေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီးမှ ပြန်လည်ရှင်းလင်းပြောကြားပြီး
နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး သည် အရာထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး
လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment