နေပြည်တော် မတ် ၁
ဆောက်လုပ်ရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဖေဖော်ဝါရီ (၂၈) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး
ရန်ကင်းမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်
Sky Suites ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သော ရန်ရှင်းကွန်ဒိုမီနီယမ် စီမံကိန်း
လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြခန်းနှင့် စီမံကိန်း လုပ်ငန်းခွင် အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု
အခြေအနေ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ရွှေတိဂုံ (လင့်လမ်း) အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး မြန်မာစေတနာကုမ္ပဏီ
လီမိတက်နှင့် ထိုက်စင်ကုမ္ပဏီလီမိတက်တို့မှ အိမ်ရာစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု
လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
(၅၁) လမ်း အိမ်ရာပြန်လည်စည်ပင်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး Moon Sun Co.,Ltd မှ တာဝန်ယူဆောင်ရွက်သော
အိမ်ရာစီမံကိန်းလုပ်ငန်း အခြေအနေကို လည်းကောင်း၊ မဟာန၀ရတ်မြေဆောက်လုပ်ရေးမှ တာဝန်ယူဆောင်ရွက်သော
အိမ်ရာစီမံကိန်း လုပ်ငန်းများ နှင့် ဆောင်ရွက်ပြီးစီးသော အိမ်ခန်းများအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းလုပ်ငန်းခွင်များအား
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ဂရုနှင်
High Tech ကုမ္ပဏီများမှ Precast ထုတ်လုပ်မှုအခြေအနေ တို့ကိုလည်းကောင်း ဗိုလ်တစ်ထောင်မြို့ နယ်တွင်
YUZANA CONSTRUCTION CO.,LTD မှ Botataung Time
Square အိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး
လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment