ရန်ကုန်
မတ် ၎
ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊
ရွှေပြည်သာမြို့နယ်၊ E-Land Myanmar စက်ရုံရှေ့တွင် စခန်းချ၍ လုပ်အားခ တိုးမြှင့်ရလိုမှုဖြင့်
ဆန္ဒပြနေသော အစုအဖွဲ့မှ အင်အား (၉၀) ခန့်သည် ယနေ့ ၀၉း၂၀ နာရီခန့်တွင် ငြိမ်းချမ်းစွာ
စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ ခွင့်ပြုချက်ရယူခြင်းမရှိပဲ
ကြွေးကြော်သံများ ဟစ်အော်၍ တရားမဝင် ဆန္ဒပြမှုကို စက်မှုလမ်းမကြီးအတိုင်း ပုလဲလမ်းဆုံ
၎င်းမှ အမှတ် (၄) လမ်းမကြီး ၎င်းမှတစ်ဆင့် မြို့တော်ခန်းမသို့ သွားရောက်ရန် စတင်ချီတက်ခဲ့ပါသည်။
အဆိုပါဆန္ဒပြချီတက်လာသော အစုအဖွဲ့အား တာဝန်ရှိသူများနှင့်
ပြည်သူလူထုမှ ဆက်လက်ချီတက်ခြင်းမပြုရန် ညှိနှိုင်း ဖျန်ဖြေ ပြောကြား ခဲ့သော်လည်း လက်ခံမှုမရှိဘဲ
ဆက်လက်ချီတက်လာရာ အမှတ် (၄) လမ်းမကြီးပေါ်ရှိ ဒညင်းကုန်းသံလမ်း ကူးနေရာအရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ
ရပ်တန့်ရန် တားဆီးခဲ့ရပါသည်။ ယင်းခွင့်ပြုချက်မဲ့ဆန္ဒပြ အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးမှ
တာဝန်ရှိသူများက အကြိမ်ကြိမ်သွားရောက်ညှိနှိုင်း ဖျန်ဖြေခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့်
ယနေ့ ညနေ (၅) နာရီခန့်တွင် အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု များအကူအညီဖြင့် အကြမ်းမဖက်ပဲ
ဖယ်ရှားရှင်းလင်းခဲ့ပါသည်။
ထိုသို့ ဖယ်ရှားရှင်းလင်းခဲ့ရာ ကျား (၉) ဦး၊
မ (၆) ဦး၊ စုစုပေါင်း (၁၅) ဦးကို စစ်ဆေးမေးမြန်းနိုင်ရန်အတွက် မလွှဲမရှောင်သာ ယာယီထိန်းသိမ်းခဲ့ရပါသည်။
အဆိုပါ (၁၅) ဦးအား စိစစ်မေးမြန်းခဲ့ရာ ဒီဗွီဘီနှင့် ဆဲဗင်းဒေး သတင်းဌာနများမှ သတင်းထောက်
(၂) ယောက်ပါဝင်ကြောင်း တွေ့ရှိရပြီး တရားမဝင် ဆန္ဒပြမှုနှင့် တိုက်ရိုက် ပါဝင်ပတ်သက်မှု
မရှိကြောင်း စိစစ်တွေ့ရှိ ရသဖြင့် နောင်တွင် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဆောင်ရွက်
နိုင်ရန်အတွက် ဖယ်ရှားရှင်းလင်းပေးရန် သတိပေးမေတ္တာ ရပ်ခံချိန်တွင် တာဝန်သိမီဒီယာသမားတစ်ဦးနေဖြင့်
ကျင့်ဝတ်နှင့် အညီဖယ်ရှားပေးသွားရန် သတိပေးမှတ်တမ်းတင်၍ ပြန် လည်စေလွှတ်ပြီးဖြစ်ပါသည်။
ကျန်ခေတ္တထိန်းသိမ်းထားသူများကိုလည်း ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment