Wednesday, March 4, 2015

ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာ ကျင်းပ



 သထုံ    မတ်   
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲ တော်ကို ၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိ စည်ကားစွာဖြင့် ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့၊ တပေါင်းလပြည့်နေ့ နံနက် ၅ နာရီတွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာ တင်ပြီး သံဃာတော် ၁၀၈ ပါးတို့အား ၂၃ ကြိမ်မြောက် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ ကို မြို့သူမြို့သားများက ဆပ်ကပ် လောင်းလှူကြသည်။ “ဘုရားပွဲတော်မှာ ပွဲဈေးဆိုင်ခန်း စုစုပေါင်း ၁၀၆ ခန်းရှိပါ တယ်။

 ပွဲတော်ရာသီ မှာ နှစ်စဉ်လာရောက်ရောင်းချနေသူတွေဆိုတော့ ဈေးနှုန်းကို ယခင်နှစ် အတိုင်းဘဲ သတ်မှတ် ပေးထားပါတယ်။ ဖိုးချစ်ဇတ်သဘင်အဖွဲ့က လဆန်း ၁၃ ရက်နေ့ကစပြီး ၄ ညတိုင်တိုင် လာရောက် ဖျော်ဖြေတော့ ယခင်နှစ်များကထက်ပိုပြီး စည်ကားပါတယ် ” ဟု ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ အဆိုပါဘုရားပွဲတော်ကို  မြန်မာ့ရိုးရာ ရုပ်သေးအမြင့် သဘင်၊ ရိုးရာ လက်ဝှေ့ပွဲ၊ ဇတ်သဘင်၊ ပျော်ရွှင်ဖွယ်ရာ ကလေးကစားစရာများ၊ ဈေးဆိုင်တန်း များဖြင့် စည်ကား စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment