Wednesday, March 4, 2015

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သာသနာတော်ဘွဲ့တံဆိပ်တော်ဆက်ကပ် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်း သဒ္ဓါကြည်ဖြူလောင်း လှူ






နေပြည်တော် မတ်
၂၀၁၅ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲ နှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်ရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူသည်။

ရှေးဦးစွာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက အခမ်း အနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်း တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသထံမှ နိုင်ငံတော်သမ္မတ အမှူးပြုသော ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ မုံရွာမြို့ ဓမ္မပါရဂူပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အရိယာ လင်္ကာရက သမ္မောဒနီယဩဝါဒကထာကို ဖတ်ကြား ချီးမြှင့်တော်မူပြီး သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေးဆိုင်ရာ များကို လျှောက်ထားသည်။
ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းကြရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ကျိုင်းတုံမြို့ ဓမ္မေယ ဒယ ပရိယတ္တိစာ သင်တိုက်ဆရာတော် ဘဒ္ဒန္တအာဇေယျအား ဘွဲ့တံဆိပ်တော်နှင့်အဆောင် အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ မုံရွာမြို့ ဓမ္မပါရဂူပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အရိယာ လင်္ကာရအား ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင် တို့ကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်)တိုက်ဆရာတော် ဘဒ္ဒန္တ ဝိစာရအား ဘွဲ့တံဆိပ်တော် နှင့်အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့အတူ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက် ဆရာ တော် ဘဒ္ဒန္တ ဣန္ဒောဘာသ ဘိဝံသအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့က အဘိ ဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး()ပါးအား ဘွဲ့တံဆိပ် တော်နှင့်အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်တာဝန်ရှိသူများက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ကမ္မဋ္ဌာနာ စရိယ၊ ဂန္ထဝါစကပဏ္ဍိတနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်များရရှိကြသည့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်က အဂ္ဂ မဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး()ပါး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့်က မဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး()ပါးနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ သီလရှင်ဆရာကြီး()ပါး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက မဟာသဒ္ဓမ္မဇော တိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး()ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် တို့ကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၏ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၏ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီနှင့် ဒေါက်တာ ဒေါ်မြတ်မြတ်အုန်း ခင်တို့က ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး()ပါးနှင့် သဒ္ဓမ္မဇော တိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလ ရှင်ဆရာကြီး()ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် တို့ကို ဆပ်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် သာသနာနုဂ္ဂဟဘွဲ့နှင့်သာသနာပြုဘွဲ့တံဆိပ်တော်ရရှိကြသူများအား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ပေး အပ်ကြရာ ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဂ္ဂ မဟာ သိရီသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရရှိသူ()ဦးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက အဂ္ဂမဟာ သိရီသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော် ရရှိသူ()ဦး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သိရီသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော် ရရှိသူ()ဦးနှင့် သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ် တော်ရရှိသူ()ဦး၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရရှိသူ()ဦးနှင့် သုဓမ္မ မဏိ ဇောတဓရ ဘွဲ့တံဆိပ်တော်ရရှိသူ()ဦးတို့အား ဘွဲ့တံဆိပ်တော်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံ ရုံးဥက္ကဋ္ဌနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့က သုဓမ္မ မဏိဇောတ ဓရနှင့်သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိသူများအား ဘွဲ့တံဆိပ်တော်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီးဒေါ်နန်းရွှေမှုန်က အဂ္ဂ မဟာ သိရီသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ ရှိသူ()ဦး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့်က အဂ္ဂမဟာ သိရီသုဓမ္မ သိင်္ဂီဘွဲ့တံဆိပ်တော်ရ ရှိသူ()ဦးတို့အား ဘွဲ့တံဆိပ် တော်များ ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်တို့ကလည်း သိရီသုဓမ္မသိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီနှင့် သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရရှိသူများအား ဘွဲ့တံဆိပ်တော်များကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာ ရီ ဆင်မင်းကျောင်း ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဩဘာသာဘိဝံသ မဟာထေရ် ထံမှ နိုင်ငံတော်သမ္မတအ မှူးပြုသော ပရိသတ် များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။                              
အခမ်းအနားအပြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့နှင့် အတူ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီတို့မှ အကြီးအကဲများနှင့်ဝန်ထမ်းမိ သားစုများ၊ နေပြည်တော် ကောင်စီ နယ်မြေရှိ မြို့နယ်များမှ ဘာသာရေးနှင့်လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီများနှင့်အလှူရှင် ပြည်သူများက ဘွဲ့တံဆိပ်တော် ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဥပ္ပါတ သန္တိစေတီတော် အဝင်လမ်းနှင့် ပတ်လမ်းတစ်လျှောက်တို့၌ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်း များကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်းလှူပူ ဇော်ကြသည်။
ယနေ့ကျင်းပသည့်အခမ်းအနားတွင် ပြည်တွင်းဘွဲ့ခံဆရာတော်(၁၃၅)ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်(၁၅)ပါး စုစုပေါင်း ဆရာတော်(၁၅၀)ပါး၊ သီလရှင်ဆရာကြီး(၁၃)ပါး၊ လူပုဂ္ဂိုလ် အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး (၂၈)ဦးတို့အား သာသနာတော်ဆိုင် ရာ ဘွဲ့တံဆိပ်တော်များ ကို ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့သည်။  

No comments:

Post a Comment