စစ်တွေ မတ် ၆
ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် အထူးလေယာဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိရာ
ဒုတိယ သမ္မတနှင့်အဖွဲ့အား စစ်တွေမြို့အ၀င် လမ်းဘေး ၀ဲယာတွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ
ဝန်ထမ်းမိသား စုများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဒေသခံတိုင်းရင်းသား ကုမ္ပဏီများနှင့် တောင်ကိုရီးယား
နိုင်ငံ၏ နည်းပညာအကူအညီဖြင့် စစ်တွေမြို့တွင်း လမ်းများ အဆင့်မြှင့်တင်ပြင်ဆင်ထားရှိမှု၊
လျှပ်စစ်မီး သွယ်တန်း ထားရှိမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု
စစ်ဆေးပြီး ဒေသခံပြည် သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လူမှုရေး၊ စီးပွားရေး အခြေအနေများကို
မေးမြန်းကာ အားပေး နှုတ်ဆက်ခဲ့သည်။
ယင်းနောက်
ဒုတိယသမ္မတအား ကမ်းနားလမ်းရှိ စီမံကိန်းရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စစ်တွေမြို့လယ် ချောင်းရေစီး
ရေလာ ကောင်းမွန်ရေး၊ ကုလားတန် မြစ်ဆုံချောင်းဝ သာယာလှပရေးနှင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်
မြို့ပြမြေယာ ဖော်ထုတ်ရေးစီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး
ဦးမောင်မောင်နိုင်က စစ်တွေမြို့ မြို့လယ်ချောင်းရေစီးရေလာ ကောင်းမွန်ရေးနှင့် ကုလားတန်မြစ်ဆုံချောင်းဝ
သာယာလှပရေးအတွက် အရှည်ပေ (၂၂၅၀)ပိုင်ရိုက်၍ ကျောက်ကြီးနှင့် မြေထိန်းနံရံဆောင်ရွက်နေမှု၊
မြို့လယ် ချောင်း တံတားမှ ကုလားတန်မြစ်ဘက်သို့
အလျား(၁၁၅၀)ပေ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက် နေမှုနှင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်
ဆတ်ရိုးကျချောင်းဝမှ ကုလားတန်မြစ်ကြောင်း
စီမံကိန်း ဆိပ်ကမ်းအထိ မြို့ပြမြေယာတိုးချဲ့ဖော်ထုတ်ရေး စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်နေမှု၊ ပြီးစီးမှု၊ စီမံကိန်း လုပ်ငန်း ဆောင်ရွက်ပြီးပါက ဖြစ်ထွန်းလာမည့် အခြေအနေ၊
ဒေသခံပြည်သူများအတွက် ရရှိနိုင်မည့် အကျိုး ကျေးဇူးများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်မှု၊ မြို့ပြအိမ်ရာ တိုးတက်ဖွံ့ဖြိုးမှုများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက်
ဒုတိယသမ္မတက ဒေသခံပြည်သူများ ကျန်းမာရေးနှင့်အညီ နေထိုင် သွားလာနိုင်စေရေး စစ်တွေမြို့
သန့်ရှင်း သာယာလှပရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုဆောင်ရွက်နေသည့်
မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းသည် အလား အလာကောင်းမွန်သည့် စီမံကိန်းဖြစ်သောကြောင့်
အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဒေသခံလုပ်ငန်းရှင်များနှင့်
ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း။
ထို့ပြင်
မိမိတို့ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကြောင့် ကုလားတန်မြစ်ရေ ညစ်ညမ်းမှုမရှိစေရေး၊
ရေလမ်းကြောင်းများ ထိခိုက်မှုမရိစေရေး၊ မြစ်ကြောင်းသဘာဝ အလှများကို အကျိုးရှိရှိအသုံးပြုနိုင်စေရေး
အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်
ရန် လိုအပ်ပါ ကြောင်းဖြင့် မှာကြားပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေ
များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက်
ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ စစ်တွေမြို့ ပွိုင့်အငူသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌
အေးငြိမ်း ဆောက်လုပ်ရေး ကုမ္မဏီမှ ဦးထွန်းကျော်က ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့်
သဘာဝအလှ တရားများကို ပေါင်းစပ်ခံစားနိုင် စေရန် စစ်တွေမြို့ ပွိုင့်အငူအား အဆင့်မြှင့်တင်ရေး
လုပ်ငန်းများ ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့ ပွိုင့်အငူသန့်ရှင်း သာယာလှပ ရေးနှင့် အစဉ်ဖွံ့ဖြိုး
တိုးတက်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်
ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ အထူးရေယာဉ်ဖြင့် ဆတ်ရိုးကျချောင်း သောင်တူး ဖော်ခြင်း
လုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေကြောင်း
ထိန်းသိမ်းရေး ဆောင်ရွက် ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား
လုပ်ငန်း ဆိုင်ရာများကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
No comments:
Post a Comment