Saturday, March 7, 2015

ပြည်ထောင်စုလွှတ်တော်နာယက လေ့လာရေးအဖွဲ့များအား တွေ့ဆုံ



နေပြည်တော် မတ် ၆
ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာသည့် ကယားပြည်နယ်၊ လွိုင် ကော်၊ ဖားဆောင်းနှင့် မော်ချီးမြို့နယ်များမှ လေ့လာရေးအဖွဲ့အား ယနေ့ နေ့လယ် ပိုင်းတွင် ပြည်ထောင်စု လွှတ်တော်၌ တွေ့ဆုံ၍ (ဝဲပုံ)လွှတ်တော်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ပြောကြား သည်။ ယနေ့တွင် ဒိုက်ဦးမြို့နယ်နှင့်
ကယားပြည်နယ်မှ လေ့လာသူ စုစုပေါင်း ၁၈၂ ဦးသည် အစည်းအဝေး ကျင်းပနေပုံနှင့် လွှတ်တော်အဆောက်အအုံများကို လာရောက် လေ့လာကြည့်ရှု၍ ပြန်လည်ထွက်ခွာသွား ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု လွှတ်တော် ကျင်းပနေပုံနှင့် လွှတ်တော်အဆောက် အအုံများ ကို လေ့လာရန် ပြည်သူ များ၊ ကျောင်း သား ကျောင်းသူများ၊ နိုင်ငံရေးပါတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်း ဝင်များ၊ နိုင်ငံတကာ အဖွဲ့ အစည်းဝင်များ နေ့စဉ် လာရောက်လျက်ရှိရာ ဇန်နဝါရီ ၂ဝ ရက်မှ မတ် ၆ ရက်အထိ စုစုပေါင်း ၆၅၅၆ ဦးရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment