ကျောင်းသားသပိတ်ဆင်နွဲရာတွင်
ပါဝင်နေကြသောရဟန်းသာမဏေအပေါင်းတို့ဘုရား-
၁။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊
လက်ပံတန်းမြို့မှ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့သို့ ဦးတည် ချီတက် ဝင်ရောက်ရန်
ပြင်ဆင်နေကြသော ကျောင်းသားအစု အဖွဲ့နှင့် ပူးပေါင်း၍ ဆန္ဒဖေါ်ထုတ် ကာကွယ်မှု ပြုပေးနေသော
ရဟန်း သာမဏေ အချို့အနေဖြင့် နိုင်ငံတော် အတွက် လည်းကောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ်
သားကောင်းရတနာများအတွက် လည်းကောင်း၊ ကောင်းမွန်ဆီလျော်သည့် ပညာရေးဥပဒေစနစ် ပေါ်ထွက်လာစေလိုသော
ဆန္ဒမွန်များရှိနေသည်ကို သာဓုခေါ်ပါ သည်ဘုရား။
၂။ သို့သော် ယခုအခါ အမျိုးသားပညာရေးဥပဒေကို
ပြင်ဆင်သည့်ဥပဒေကြမ်းအား နိုင်ငံရေးပါတီများနှင့် စိတ်ပါဝင်စားသောအဖွဲ့ အစည်းများမှ
ကိုယ်စားလှယ်များ၊ National Network for Education Reform (NNER) နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု
ဦးဆောင်ကော်မတီမှ ကိုယ်စားလှယ်များကိုပါ ဖိတ်ခေါ်၍ လွှတ်တော်အသီးသီးတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးတော့မည်ဖြစ်ရာ-
(က) တက္ကသိုလ်ဝန်တန်းစာမေးပွဲဖြေဆိုမည့်
ကျောင်းသား/ကျောင်းသူများအေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး၊
(ခ) သံဃာတော်များအကြားသဘောထားကွဲလွဲမှု
မရှိစေရေး၊
(ဂ) ပြည်သူများအကြားတည်ငြိမ်အေးချမ်းမှု
ပျက်ပြားမည်လောဟူသောစိုးရိမ်သောကများမရှိစေရေးတို့အတွက် လက်ပံတန်းမြို့ တွင် ကျောင်းသား အစုအဖွဲ့များနှင့်
ဆက်လက်ပူးပေါင်းမှု မပြုတော့ဘဲမိမိတို့ သီတင်းသုံးရာ ကျောင်းများ သို့ ပြန်လည်ကြွရောက်၍
သာသနာ့တာဝန် ထမ်းဆောင်ပြီး ဂန္ထဓုရဝိပဿနာဓုရတို့ကို ဆက်လက် ကြိုးစား အားထုတ်ကာ သာသနာ့တာဝန်များကို
သာထမ်းဆောင်ပေးတော်မူကြ ပါရန် ရိုသေစွာ မေတ္တာ ရပ်ခံလျောက်ထားအပ်ပါသည် ဘုရား။
No comments:
Post a Comment