ကျောင်းသားသပိတ်ဆင်နွှဲရာတွင်
ပါဝင်နေကြပြီး ရန်ကုန်မြို့သို့ ဦးတည်ချီတက်ရန် ပြင်ဆင်နေသည့် အနာဂတ် မြန်မာ့မျိုး ဆက်သစ်
ကျောင်းသား/ကျောင်းသူ အပေါင်းတို့-
၁။ စည်းလုံးတည်ငြိမ်ညီညွှတ်မှုရှိပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံဖြစ်ထွန်း ပေါ်ပေါက်စေရေး အတွက်
ရှေး ရှုကြိုး ပမ်း ဆောင်ရွက်ကြ ရာတွင် ကောင်းမွန်ဆီလျော်သည့် ပညာရေးဥပဒေများ ပြဋ္ဌာန်းကျင့်သုံး
နိုင်ရေးသည် အရေးပါသော ကဏ္ဍတွင် ရှိနေပါသည်။ လက်ရှိကာလတွင် (၃၀-၉-၂၀၁၄) ရက်နေ့က ပြဋ္ဌာန်းခဲ့သော
အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင် သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်
ပြည်ထောင်စု လွှတ်တော်တို့တွင် ဆွေးနွေး အတည်ပြု ရန် ပြင်ဆင်ဆောင်ရွက် နေကြသည် တို့ကို
တွေ့ရှိရပါသည်။
၂။
အဆိုပါ အခြေအနေမျိုးဖြစ်ပေါ်လာရေးအတွက် စတင်လှုပ်ရှားဆောင်ရွက်ခဲ့သော ဒီမိုကရေစီ ပညာရေး
လှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ကျောင်းသားအစုအဖွဲ့များ၏ အခန်းကဏ္ဍကိုလည်း ကောင်းမွန်စွာ
အသိအမှတ်ပြုပါသည်။
၃။
ယခုအခါ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံရေးပါတီများနှင့် စိတ်ပါဝင်စားသော
အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ National Network for Education Reform (NNER)
နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်၍
လွှတ်တော်အသီးအသီးတွင် ဆွေးနွေးတော့မည်ဖြစ်ရာ
(က)
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့သို့
ဦးတည်ချီတက် ဝင်ရောက်ရန် ပြင်ဆင်နေသော ကျောင်းသားအစုအဖွဲ့အနေဖြင့် ဖြစ်စေလိုသည့် အခြေအ
နေများ
ငြိမ်းချမ်းအောင်မြင်မှုပြည့်ဝစွာ ရရှိရေး၊
(ခ)
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ညီငယ်၊ ညီမငယ် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ
စာမေး ပွဲဖြေဆိုနိုင်ရေး၊
(ဂ)
ပြည်သူများအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လောဟူသော စိုးရိမ်သောကများ မရှိစေရေး
တို့အတွက် ရန်ကုန်မြို့ သို့ဝင်ရောက် ရန် ကြိုးပမ်းမှုမပြုဘဲ မိမိတို့၏ မိဘရင်ခွင်သို့
ပြန်လည်ဝင်ရောက်ခိုလှုံပြီး ပေါ်ထွက်လာမည့် ရလဒ်ကောင်းများ အား စောင့်ကြည့်ကြသင့်ပါကြောင်းလေးလေးနက်နက်
မေတ္တာရပ်ခံ အပ်ပါသည်။
No comments:
Post a Comment