Wednesday, March 4, 2015

ရွှေတိဂုံစေတီတော် ၂၆၀၃ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ရေစက်ချအနုမောဒနာ အခမ်းအနားကျင်းပ





ရန်ကုန်  မတ် 
ရွှေတိဂုံစေတီတော် ၂၆၀၃ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်(အောင်ပွဲ) ရေစက်ချအနုမောဒနာ အခမ်းအနားကို ယနေ့ နံနက်()နာရီခွဲတွင် ရင်ပြင် တော်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ၂၆၀၃ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အလှည့်ကျသဘာ ပတိ ဂေါပကအဖွဲ့ဝင် ဦးစိုးမြိုင်က ဗုဒ္ဓပူဇနိယမင်္ဂလာ အနုမောဒနာစာတမ်းကိုဖတ်ကြားပြီး  ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ နိုင်ငံတော် ဩဝါဒါစရိယ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး သိင်္ဂီဦးကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ  အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တနန္ဒောဘာသ ထံမှ ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကာ ဆရာတော်ကြီး များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက်  နိုင်ငံတော်ဩဝါဒါစရိယ မရမ်းကုန်းမြို့နယ် ကလေးဝတောရကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဒွိပိဋကကောဝိဒ ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှဝေကြသည်။
ရွှေတိဂုံစေတီတော် ၂၆၀၃ ခုနှစ်မြောက် ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော်ကြီးကို ၁၃၇၆ ခုနှစ် တပေါင်းလဆန်း()ရက်မှ တပေါင်းလပြည့်နေ့ (၂၃--၂၀၁၅ မှ --၂၀၁၅)အထိ ဗုဒ္ဓပူဇာ၊ ဓမ္မာပူဇာ၊ သံဃာ့ပူဇာဟုဆိုအပ်သော ပူဇော်ခြင်းအမျိုးမျိုးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်လျက်ရှိသည်။
ထိုသို့ကျင်းပပူဇော်ရာ၌ သံဃာ့ပူဇာအနေဖြင့် တပေါင်းလဆန်း ၁၄ ရက် (--၂၀၁၅) ရက် အင်္ဂါနေ့ ညနေ()နာရီခွဲအတွင် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော် (၁၁၇)ပါးနှင့် သီလရှင် (၂၇)ပါး စုစုပေါင်း (၁၄၄)ပါးတို့အား ရင်ပြင်တော်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အစီအစဉ်အရ ညနေ()နာရီခွဲတွင် စေတီတော်ရင်ပြင်တော်ဗုဒ္ဓဟူးထောင့် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း ရှေ့မှစတင်၍ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများ၊ ကုမ္ပဏီအဖွဲ့ အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များနှင့် ဘုရားဖူးပြည်သူများက ဆရာတော် သံဃာတော်များနှင့် သီလရှင်များ အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ ဆေးဝါးများ၊ န၀ကမ္မအလှူငွေများကို လောင်းလှူကြသည်။
ဆွမ်းဆန်တော်လောင်းလှူရာတွင် အလှူခံကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များနှင့် သီလရှင်များအတွက် ကပ္ပိယအဖြစ်လိုက်ပါဆောင်ရွက်ကြသူများက ဝေယျာဝစ္စ ကုသိုလ်ယူဆောင်ရွက် ပေးကြသည်။
တပေါင်းလပြည့်နေ့  ယနေ့  နံနက် နာရီခွဲအချိန်၌လည်း ရင်ပြင်တော်ရာဟုထောင့် အောင်မြေတွင် စေတီတော်ကြီးအား ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပြီး နံနက်()နာရီခွဲ တွင် ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ယနေ့ တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ စေတီပုထိုးများတွင် ဘုရားဖူးလာ ပြည်သူများက ဥပုသ်သီလ စောင့်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် လည်းကောင်း၊ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်၊ ဗိုလ်ချုပ်ပန်းခြံ၊ ကန်တော်ကြီး ကရဝိက် ဥယျာဉ်တို့၌လည်း အနားယူအပန်းဖြေကြသူများဖြင့် လည်းကောင်း အထူး စည်ကားများပြား လျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment