Tuesday, March 31, 2015

နယ်သာလန်မိဖုရား ငွေကြေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး အသေးစားငွေကြေးဝန် ဆောင်မှု လုပ်ငန်းများ သွားရောက်လေ့လာ




ရန်ကုန်    မတ်   ၃၁
နယ်သာလန် နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာသည် ယနေ့ နံနက် ()နာရီတွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ငွေကြေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံသားများ အားလုံး ပါဝင်သည့် ငွေကြေး ကဏ္ဍ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ စကားဝိုင်း ဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးပွဲတွင် UNCDF ,IFC, WB, GIZ, LIFT, USAID, IMF, JICA, EU  နှင့် CGAP အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် နံနက် ၁၀နာရီခွဲတွင် နယ်သာလန် မိဖုရားသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား လူတိုင်းအကျုံးဝင်သော ငွေကြေးကဏ္ဍ တည်ဆောက်ရေး ဆိုင်ရာ မိန့်ခွန်း  ပြောကြားသည်။
ယင်းနောက် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်  မွန်းလွဲ ()နာရီ(၄၅)မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မြောင်းတကာရှိ အသေးစားငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေသည့် World  Vision သို့ သွားရောက် လေ့လာသည်။
ရှေးဦးစွာ နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာသည် မြောင်းတကာကျေးလက် ကျန်းမာရေးဌာန၌ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်  World  Vision မှော်ဘီမြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ တို့မှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး အသေးစားဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မေးမြန်း ခဲ့သည်။
ယင်းနောက် နယ်သာလန် မိဖုရား ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြောင်းတကာ ဈေးအတွင်း လှည့်လည်ကြည့်ရှုပြီး ဈေးသူဈေးသားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
World  Vision သည် မှော်ဘီမြို့နယ်ရှိ ကျေးရွာ၊ရပ်ကွက်(၁၀)ခုတွင် အတိုးနှုန်း ဒသမ ရာခိုင်နှုန်းဖြင့် အရင်းဆပ်၊ အတိုးလျော့ စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment