Tuesday, March 31, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပါကစ္စတန်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာ အဲန်အိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော် မတ် ၃၁
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပါကစ္စတန် ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာ အဲန်အိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ပါကစ္စတန်ရေတပ်ဦးစီးချုပ်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် နိုင်ငံ သံအမတ်ကြီး Mr. Ehsan Ullah Batth လည်း တက်ရောက်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုမြှင့်တင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။

No comments:

Post a Comment