နေပြည်တော် မတ် ၁
ကိုးကန့်ဒေသတွင်ရှိသော
လောက်ကိုင် တာရွှေထန်၊ ကုန်းကြမ်းစသည့်ဒေသများကို ဖုန်ကြားရှင်ဦးဆောင် သော ကိုးကန့် လက်နက်ကိုင်
တိမ်းရှောင်အင်အားစုများက
ဝင်ရောက်လာပြီး နိုင်ငံတော်မှ ဖွဲ့စည်းပေးထား သော လက်ရှိကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား
အာဏာသိမ်းပိုက်ဖြုတ်ချရန် တိုက်ခိုက်ကြိုးစားလာခြင်းနှင့် စပ်လျဉ်း၍ ကျွန်တော်များ
မန္တလေးတိုင်းဒေသကြီးနှင့် မန္တလေးမြို့တွင် အခြေချမှီတင်းနေထိုင်လျက်ရှိသော ကိုးကန့်တိုင်းရင်းသား
မိသားစုတို့၏ သဘေားထားခံယူချက်အား အောက်ပါ အတိုင်း အသိပေးကြေညာအပ်ပါသည်-
၁။ ကျွန်တော်များ
ကိုးကန့်တိုင်းရင်းသားများသည် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ ကုန်းကြမ်း စသည့်
ဒေသများတွင် အခြားတိုင်းရင်းသားများနှင့်အတူ ရှေးနှစ်ပေါင်းများစွာကတည်းက ယှဉ်တွဲနေထိုင်
ခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ် မတ်လ (၃၀) ရက်နေ့ နိုင်ငံတော်အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်း
ပေါ်ပေါက်ခဲ့ ချိန်တွင် ကိုးကန့် ဒေသကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဖြစ် သတ်မှတ်ခွင့်ပြုချက်ရရှိခဲ့၍ ဒေသအုပ်ချုပ် ခွင့်ရ အစိုးရ အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီး
နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ခဲ့ပါသည်။ ယခုနှစ်ကာလများတွင်
အေးချမ်းတည်ငြိမ်ပြီး ဒေသဆိုင်ရာ လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း များ ဖွံ့ဖြိုး
တိုးတက်လာခြင်းကြောင့် မြန်မာနိုင်ငံ မြေပြန့်ဒေသများမှ မြန်မာတိုင်းရင်းသား ညီအစ်ကိုများ
ထောင်ပေါင်းများစွာ ဤဒေသသို့လာရောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကို
အေးချမ်းစွာ လုပ်ကိုင် လျက် ရှိကြပါသည်။
၂။ ယခုကဲ့သို့ လက်နက်ကိုင်
တိမ်းရှောင်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လာခြင်းကြောင့် ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊
ထောင်သောင်းချီသော လက်လုပ်လက်စားလုပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေ၍
ဒုက္ခပင်လယ်ဝေ ခဲ့ရပြီး တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေခဲ့ပါသည်။ ဒေသခံပြည်သူများနှင့်
အလုပ်သမားများစွာတို့သည် နေရာအနှံ့အပြားသို့ ထွက်ပြေးတိမ်းရှောင်ခြင်း၊ အသက်အန္တရာယ်ဆုံး
ရှုံးနစ်နာ ရခြင်း စသည့်ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရခြင်းမှာ လုံးဝမဖြစ်သင့်သည့် ဖြစ်ရပ်မျိုးဖြစ်ကြောင်း
ကျွန်တော်များ ကိုးကန့် တိုင်းရင်းသားမိသားစုများမှ သဘောထားမှတ်ယူရရှိပါသည်။
၃။ အချင်းဖြစ်ပွားသည့်
လက်ရှိအချိန်ကာလမှာ ကိုးကန့်ဒေသ၏ လက်ဖက်ခူးချိန်နှင့် ကြံစိုက်ခင်းများ ရိတ်သိမ်း ချိန်
ကျရောက်လျက်ရှိရာ တိုက်ခိုက်မှုပြဿနာဖြစ်ရပ်များကြောင့် တိုင်းရင်းသားများအတွက် နစ်နာမှုများစွာ
ကြုံတွေ့ရပါသည်။ မြေပြန့်သို့ ရောက်ရှိနေထိုင်လျက်ရှိသော ကိုးကန့်တိုင်းရင်းသား မိသားစုများသည်
ဒို့တာဝန် အရေး (၃) ပါးကို ထိပါးလာလျှင်မည်သူ့ကို မျှမလိုလားပါကြောင်း၊ နောင်တွင်ယခုကဲ့သို့
ဖြစ်ရပ်မျိုးကို ထပ်မံ၍ အပေါ်ပေါက်စေရန်နှင့် ထာဝရတည်ငြိမ်အေးချမ်းသည့် ဒေသတစ်ခုအဖြစ်သို့
ရောက်ရှိစေရန် နိုင်ငံတော် အစိုးရမှ အကောင်းဆုံးသော နယ်မြေဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ် တစ်ခုကို
ဖော်ဆောင်ပေးနိုင်ရန် ကိုးကန့်တိုင်းရင်းသား မိသားစုများအားလုံးက သဘောထားဆန္ဒပြ ထုတ်ပြန်ကြေညာအပ်ပါ သည်။
၎။ ယခုလို ကိုးကန့်ဒေသ
တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့်အချိန် ရက်ပေါင်း(၉၀)အတွင်း စစ်အုပ်ချုပ် ရေးဖြင့်
ဆောင်ရွက်ခြင်းကို ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသားမိသားစုများမှ ကြိုဆိုထောက်ခံ
ပါသည်။ ယခု နိုင်ငံတော်အစိုးရအဖွဲ့နှင့် တပ်မတော်မှဦးစီးပြီး ဤဒေသကို ပြန်လည်ကယ်ဆယ်ရေး၊
ပြန်လည်နေရာ ချထား ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတို့ကို အဖွဲ့အသီးသီးမှ စတင်ပြုလုပ်
ဆောင်ရွက်တော့မည်ဖြစ်ပါ၍ ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသား မိသားစု အားလုံးမှ စိတ်ရင်းစေတနာ
အပြည့်အဝထားပြီး တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း သန္နိဌာန်ချမှတ်ထား ပါသည်။
ထို့အတူ အခြားသော မြန်မာတိုင်းရင်းသား ညီအစ်ကိုများကလည်း ပါဝင်ကူညီစောင့်ရှောက်ပေးပါရန်
မေတ္တာရပ်ခံတိုက် တွန်း အပ်ပါသည်။
ကိုးကန့်တိုင်းရင်းသားများစာပေနှင့်
ယဉ်ကျေးမှုအသင်း
မန္တလေးတိုင်းဒေသကြီး၊
မန္တလေးမြို့
No comments:
Post a Comment