နေပြည်တော်
မတ် ၁
တပ်မတော် စစ်ကြောင်းများက
ယနေ့ ညနေပိုင်းတွင် ၂၃ မိုင်အနီးရှိ စစ်ဗျူဟာအရ အရေးကြီး တောင်ကုန်းများနှင့် နယ်နိမိတ်
မှတ်တိုင်အမှတ်၊ ၁၂၉ အနီးရှိ ပွိုင့်-၁၃၁၉ တောင်ကုန်းတို့အား လက်နက်ကြီး ပစ်ကူများ
ရယူ၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက် ချေမှုန်းကာ သိမ်းပိုက်ရရှိခဲ့သည်။
ကိုးကန့်သောင်းကျန်း
သူများက ၂၃ မိုင်အနီးရှိ ကျောက်တောင်များတွင် အခြေပြု၍ အဆင့်ဆင့် အခိုင်အမာ ခံစစ်ယူ
ထားကာ လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်းအား ဖြတ်တောက်ထိန်းချုပ်နိုင်ရေး
ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော် စစ်ကြောင်းများက လက်နက်ကြီးပ
စ်ကူများရ ယူ၍ ဟန်ချက်ညီ အဆင့်အဆင့် ခြေကုပ်ယူပြီး အရှိန်အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရှင်းလင်းခဲ့သဖြင့်
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ ညနေပိုင်းတွင် သောင်းကျန်းသူ အခိုင်အမာ အခြေပြု
တောင်ကုန်း ၆ ကုန်းအား အဆင့်ဆင့် သိမ်းပိုက် နိုင်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများက
ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်း သူများ နောက်သို့ လိုက်လံရှင်းလင်းလျက်ရှိပြီး
ယခုအခါတပ်မတော်စစ်ကြောင်းများ အနေဖြင့် လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကြောင်းအား
ပြန်လည် ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချစွာဖြင့် သွားလာ နိုင်ပြီဖြစ်ကြောင်း
သိရှိရ သည်။
ထို့အတူ လောက်ကိုင်အရှေ့ဘက်နယ်နိမိတ်
မှတ်တိုင်အမှတ် (၁၂၉) အနီးရှိ စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၁၃၁၉ တောင်ကုန်းတွင်
ပစ်ကျင်းများဖြင့် အခိုင်အမာ အခြေပြု ခံစစ်ယူထားသည့် ကိုးကန့်သောင်းကျန်းသူ အင်အားစု
များအား တပ်မတော် စစ်ကြောင်းများက ယနေ့နံနက်ပိုင်းမှ စတင်၍ လက်နက် ကြီးပစ်ကူများရယူ
ကာ ဟန်ချက်ညီ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ
ဖြစ်ပွားခဲ့သည်။
တပ်မတော်စစ်ကြောင်းများက
အဆိုပါတောင်ကုန်းအား ညနေပိုင်းတွင် သိမ်းပိုက် ရရှိခဲ့ပြီး သောင်းကျန်းသူများ ဆုတ်ခွာသွားရာနောက်သို့
ထပ်ကြပ်လိုက်လံ ရှင်းလင်းလျက်ရှိသည်။ အဆိုပါတိုက်ပွဲတွင် တပ်မတော် စစ်ကြောင်းအချို့
သည် ရန်သူမမျှော် လင့်သော မြင့်မားမတ်စောက်သည့် တောင်နံရံများမှ ရဲဝံ့စွန့်စားစွာ ချဉ်းကပ်
တက်ရောက် တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများမှာ ၎င်းတို့မမျှော်လင့်သော အခြေအနေနှင့်
ရင်ဆိုင်ခဲ့ ရပြီး ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီ
၂၈ ရက်တွင်လည်း လောက်ကိုင်ဒေသတွင် တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိရာ
နံနက် ၁၀ နာရီခန့်တွင် သတင်းအရ နားပန်ကျေးရွာရှိ အဆောက်အဦ ၁ လုံးအတွင်း ဝင်ရောက်ရှင်းလင်း
စဉ် အမ်-၂၂ ကျည် ၆၀ တောင့်၊ ဘယ်ရီကပ်ဦးထုပ် ၂ လုံး ၊ ဓာတ်ပုံ အယ်လ်ဘမ် ၁ ခုနှင့် မော်တော်ယာဉ်
၂ စီး တို့အား သိမ်းဆည်းရမိခဲ့သည်။
၎င်းအပြင် မွန်းလွဲ ၁၁
နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းများက နယ်မြေ ရှင်းလင်းစဉ် လောက်ကိုင်မြို့၏ အနောက်
တောင်ဘက် တစ်ဝိုက်၌ ကိုးကန့်သောင်းကျန်းသူ အင်အားစု အချို့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး
သောင်းကျန်းသူများထံမှ အလောင်း ၁ လောင်း၊ အမ်-၂၃ စက်လတ် ၁ လက် ၊ ပစ္စတို ၁ လက်၊ ပွိုင့်
(၂၂) ရိုင်ဖယ် ၁ လက်၊ တိုက်မိုင်း ၂ လုံး၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ယမ်းကြိုးများ
သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မွန်းလွဲ
၁ နာရီ ၁၅ မိနစ်ခန့်တွင် ကျူတိုရှန်၌ ကိုးကန့် သောင်းကျန်းသူများ ခိုအောင်း လှုပ်ရှားလျက်
ရှိကြောင်း သတင်းအရ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် အရပ်ဝတ်ဖြင့် မသင်္ကာဖွယ်ရာ လူ ၄ ဦး
အား ရပ်တန့် စစ်ဆေးရာ ရပ်တန့်ခြင်း မရှိဘဲ ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းစဉ်
၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး အရှင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ
၃ ဦးအား စစ်ကြောမေးမြန်းချက်အရ ၎င်းပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းရာ အနီး တစ်ဝိုက်ရှိ
အဆောက်အဦ အတွင်းမှ လျှပ်စစ် ဒီတိုနေတာ ၁၀၀၀ ခုပါ သေတ္တာ ၂ လုံး၊ ကျည်ကာအင်္ကျီအနက်ရောင်
၈ ထည်၊ ကျည်ကာပြား အနက်ရောင် ၃၀ ပြား၊ MNDAA လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၅၀
ထည်၊ MNDAA အမှတ် တံဆိပ်ပါလျှာထိုးဦးထုပ် ၂ လုံး၊ အီကွင့်မင့် နှင့်
ဆက်စပ်ပစ္စည်းများ ပါဝင်သော အထုပ်ကြီး ၅ ထုပ်၊ စစ်စိမ်းရောင် ကျောပိုးအိတ် ၃၀
လုံးပါ ၂ ထုပ်၊ ပြောက်ကျားအိပ်ယာလိပ်များ ပါဝင်သည့် အထုပ်ကြီး ၅ ထုပ် တို့အား သိမ်းဆည်းရမိခဲ့ပြီး
၎င်းပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ည ၈ နာရီခန့်တွင်
တပ်မတော် စစ်ကြောင်းများက စင်ကျိုင်းရွာ တစ်ဝိုက် လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ
၁၅ ဦးခန့်အား တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းရာ ၎င်းတို့အတွင်းမှ လက်နက်ငယ်ကိုင် ဆောင်ထားသူ
၂ ဦးမှ စတင်ပစ်ခတ် တိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်နေရာ
အား ရှင်းလင်း ရာ အလောင်း ၁ လောင်း၊ ဒဏ်ရာရရှိသူ ၂ ဦးအပါအဝင် ၁၂ ဦးနှင့်
MNDAA ဘက်တံ ဆိပ်ပါ ယူနီဖောင်း ၃ စုံ ၊ ဘက်တံဆိပ်မပါ ယူနီဖောင်း ၁၂ စုံ၊ လျှာထိုးဦးထုပ်
၎ လုံး ၊ ပိကက်ဦးထုပ် ၁ လုံး ၊ ကျည်ကာဦးထုပ် ၃ လုံး၊ အိုင်ကွန်အမျိုးအစား ဆက်သွယ်ရေးအထိုင်စက်
၁ လုံး ၊ မော်တာရိုလာ အမျိုးအစား ဆက်သွယ်ရေးစက် ၁ လုံး ၊ အီကွေးမင့် ၁ စုံနှင့် ဘိန်းဖြူ
၂ ထုပ်( ၄ ဂရမ်) ခန့်အား သိမ်းဆည်း ရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင်
ကိုးကန့်သောင်းကျန်းသူများထံမှ အလောင်း ၃ လောင်း၊ ကျည်မျိုးစုံ ၃၃၁ တောင့် ၊ ရော့ကတ်
ပို့ကျည် ၂ တောင့်၊ တိုက်မိုင်း ၂ လုံး၊ လျှပ်စစ် ဒီတိုနေတာ ၂၀၀၀ ခု၊ ယာဉ် ၂
စီး၊ ဘိန်းဖြူ ၂ ထုပ်နှင့် ယူနီဖောင်း ၆၅ စုံ အပါအဝင် စစ်ဝတ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီး
၁၅ ဦး အရှင်ဖမ်းဆီး ရမိခဲ့ပြီး တပ်မတော်မှ အရာရှိ/စစ်သည် ၄ ဦး နိုင်ငံတော်အတွက် အသက်ပေး
လှူခဲ့ကာ စစ်သည် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment