Friday, March 6, 2015

ပင်မသပိတ်မှောက်အဖွဲ့မှ ကျောင်းသား ကျောင်းသူအချို့ လက်ပံတန်း မြို့မဈေးရှေ့တွင် ဆူပူဆန္ဒပြသဖြင့် ခေါ်ယူဆွေးနွေး လျက်ရှိ


လက်ပံတန်း မတ် ၆
လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းတော်ကြီးကျောင်းအနီးရှိ ဓာတ်အားပေး စက်ရုံလမ်းဆုံတွင် ထိုင် သပိတ်ပြု လုပ်နေသောအဖွဲ့သည် ယနေ့အထိ ဆက်လက် ပြုလုပ်လျက်ရှိရာမှ ကျောင်းသား ကျောင်းသူ အချို့ သည် လက်ပံတန်းမြို့မဈေးရှေ့သို့ သွားရောက်ပြီး ဆူပူဆန္ဒပြသဖြင့် ခေါ်ယူဆွေးနွေးလျက်ရှိသည်။

ထိုင်သပိတ်မှောက်အဖွဲ့မှ ကျောင်းသား(၄)ဦးနှင့် ကျောင်းသူ(၁)ဦး ပေါင်း (၅)ဦးသည် ယနေ့နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ မြို့မဈေးသို့ သွားရောက်ပြီး လက်ကိုင်ဆိုင်းဘုတ်၊ အလံနှင့် လက်ကိုင် အသံချဲ့ စက်များကိုင်ဆောင်ပြီး ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆူပူဆန္ဒပြမှုပြုလုပ်ရာ လက်ပံတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ညှိနှိုင်းပြောဆိုသော်လည်း မရရှိသဖြင့် သာယာဝတီမြို့မရဲစခန်းသို့ ခေါ်ဆောင်ပြီး ဆွေးနွေး လျက်ရှိကြောင်း သိရသည်။
အဆိုပါထိုင်သပိတ်အဖွဲ့ရှိ မြင်းခြံတက္ကသိုလ်မှ ကျောင်းသူ မယုသင်းနိုင်အား ၎င်း၏ဖခင်ဖြစ်သူ ဦးလှိုင်ဝင်းက တာဝန်ရှိသူများနှင့်တွေ့ဆုံပြောဆိုပြီး ယနေ့မွန်းလွဲ (၁၂)နာရီခွဲခန့်တွင် ပြန်လည်ခေါ်ဆောင်သွားကြောင်းနှင့် ပင်မသပိတ်မှောက်အဖွဲ့မှ သံဃာ(၅)ပါး၊ ကျား(၃၀)၊ မ(၁၉)ဦး စုစုပေါင်း(၅၄)ဦးသည် ထိုင်သပိတ်ပြုလုပ်လျက် ရှိပြီး သံဃာ(၄)ပါး၊ ကျား(၃)၊ မ(၇)ဦး စုစုပေါင်း(၁၄)ဦးမှာ လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ဘုန်းကြီး ကျောင်းတွင် အခြေပြုလျက်ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment