Friday, March 6, 2015

မြန်မာနိုင်ငံသတင်းအချက်အလက် နည်းပညာဥပဒေမူကြမ်း ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး



နေပြည်တော်၊ မတ် ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကိုကိုဦးသည် ယနေ့နံနက် ၁၀း၀၀ နာရီတွင် အဆိုပါ ဝန်ကြီးဌာန၊ စုဝေး ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံသတင်းအချက်အလက် နည်းပညာဥပဒေ မူကြမ်း ဒုတိယ
 
အကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ သတင်း အချက် အလက်နည်းပညာ ဥပဒေ မူကြမ်းအား ရေးဆွဲနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်း ဖြစ် ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သတင်းအချက် အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက် ရန်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများ ရရှိရန်နှင့် သတင်း အချက်အလက် နည်းပညာဥပဒေသည် ကွန်ပျူတာနှင့် သတင်း အချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေး၊ အကျိုးရှိစွာအသုံးချ နိုင်ရေးအတွက် ဥပဒေတွင် ပြည့်စုံစွာပါဝင်စေရေး ဝိုင်း ဝန်းဆွေးနွေး အကြံပြုရန် ပြောကြား သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဘရွှေနှင့် ဒေါက်တာ အောင်ကျော်မြတ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန် ရှိသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ သတင်းအချက်အလက် နည်းပညာ ဥပဒေမူကြမ်းအပေါ် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အတွေ့အကြုံများအား အခြေခံပြီး ဆွေးနွေးအကြံပြုကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment