နေပြည်တော် မတ် ၁
သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တို့သည် ယနေ့နံနက်
(၅) နာရီခွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်
ထန်းတစ်ပင် ဆုတောင်းပြည့်
တောရကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော် (၄၅) ပါးအား အာရုဏ်ဆွမ်း သပိတ် လောင်းလှူခြင်းအခမ်းအနားသို့
တက်ရောက်၍ သံဃာတော် တစ်ပါးခြင်းအား အာရုဏ်ဆွမ်းနှင့်ခဲဖွယ် ဘောဇဉ်များအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တောရကျောင်းတိုက်ဓမ္မာရုံတွင်
အုတ်တံတိုင်းစုစုပေါင်း (၉၅) ခန်း ကာရံခြင်း၊ မုခ်ဦးနှင့် သံပန်းတံခါး အလှူများ အတွက်
ရေစက်ချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေ၀လမှ ငါးပါးသီလ
ပေးတရားဟောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နေပြည်တော် ကောင်စီနယ်မြေ အပါအဝင်
ပြည်ထောင်စု တစ်ဝန်းလုံး ဗုဒ္ဓဘာသာ သာသနာထွန်းကား ပျံ့ပွားရေးနှင့် သာသနာတော်ကြီး အရှည်တည်တံ့
ခိုင်မြဲရေး အတွက် သာသနာရေးဆိုင်ရာများ ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး
ဦးစိုးဝင်းနှင့် အလှူရှင်မိသားစုများက လှူဖွယ်ဝတ္တုများ ဆက်ကပ်၍ ရေစက်သွန်းချ ခဲ့ကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment