နေပြည်တော် မတ် ၁
လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဗဟို
သမဝါယမ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်အတူ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာပေါင်း (၂၈) ရွာနှင့်
ရပ်ကွက် (၂) ခု တို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်
တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်က နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာ မှ စက်မှုလယ်ယာသို့
ကူးပြောင်းရာတွင် သမဝါယမအခန်း ကဏ္ဍ၏ အရေးပါမှုနှင့် တောင်သူများ ထုတ်လုပ်သော လယ်ယာထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပသို့ ခိုင်မာသော ဈေးနှုန်းဖြင့် ဈေးကွက်
ရှာဖွေတင်ပို့ နိုင်ရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ
ကုန်ထုတ်သမဝါယမ အသင်းများ ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ချက်များကို ရှင်းလင်း
ပြောကြားပါသည်။
ယင်းနောက် ဗဟိုသမဝါယမအသင်းဥက္ကဌ
ဦးခင်မောင်အေးက နိုင်ငံနှင့်အဝှန်း ကျေးလက်နေ ပြည်သူလူထု၏ (၇၀) ရာနှုန်းသော တောင်သူလယ်သမားများ၏
လူနေမှုဘ၀နှင့် ဝင်ငွေတိုးတက် စေရေးအတွက် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း၍ အရင်းအနှီး ရရှိရေး
ကူညီဆောင်ရွက် ပေးနေမှုများ၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေး အတွက်
အရစ်ကျ နှစ်ရှည်စနစ်ဖြင့် လယ်ယာသုံး စက်ကရိယာများ ဖြန်ဖြူးကူညီပေးနေမှုများ၊ ဝန်ဆောင်မှု
လုပ်ငန်း အပါအဝင် ပြည်သူများအတွက် အရင်းအနှီး
ငွေကြေးလိုအပ်ချက်များကို အလွန်သက်သာသော နှုန်းထားဖြင့် ထောက်ပံ့ စီစဉ် ဆောင်ရွက်ပေးနေမှု
လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။
ထို့နောက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း
သမဝါယမ အသင်းများ ဖွဲ့စည်း၍ စနစ်တကျ အကောင် အထည်ဖေါ်ဆောင်ရွက်မည့် အစိ၊အစဉ်များနှင့်
လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြပြီး
ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေး နွေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်နှင့်အဖွဲ့သည် မတ်လ (၂) ရက်နေ့တွင် ကျရောက်မည့် တောင်သူ လယ်သမားနေ့ ဂုဏ်ပြုအထိမ်အမှတ်
အခမ်းအနား ကျင်းပမည့် MICC-2 ခန်းမသို့ ရောက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ခင်းကျင်းထားရှိသည့် ခေတ်မီလယ်ယာသုံးစက်များ၊ ကူဘိုတာထွန်စက်ကြီးများ၊
ရိတ်သမ်းချွေလှေ့စက်၊ ဆည်မြောင်း ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တီထွင်ထုတ်လုပ်ထားသော
လယ်ယာသုံး အထောက်အကူပြု စက်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ပင်မခန်းမဆောင်အတွင်း ပြသထားသော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်ပြိုင်ပွဲဆုရ
သီးနှံအမယ်များနှင့် မြန်မာ့လယ်ယာ ထွက်ကုန်သီးနှံ အမျိုးမျိုး၊ ဌာနဆိုင်ရာပြခန်းများနှင့်
ပုဂ္ဂလိက ကုမ္ပဏီများ၏ အခန်းကဏ္ဍအလိုက် ပြသထားမှုများ၊ ယခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားတွင်
တောင်သူ လယ်သမား ဂုဏ်ပြု တေးသီချင်း ပြိုင်ပွဲ ပထမဆုသိန်း (၅၀) ကျပ်၊ ဒုတိယဆုသိန်း
(၄၀) ကျပ်၊ တတိယဆု ကျပ်သိန်း (၃၀) ကျပ်၊ စတုတ္တဆု ကျပ်သိန်း (၂၀)၊ ပဉ္စမဆု ကျပ်သိန်း
(၁၀) နှင့် နှစ်သိမ့်ဆု (၁၀) ဆုအား ကျပ် (၅) သိန်းစီကို လည်းကောင်း၊ သစ်သီးဝလံနှင့်
ဟင်းသီးဟင်းရွက်ပြိုင်ပွဲတွင် ပထမဆု ကျပ် (၁၀) သိန်း၊ ဒုတိယဆု ကျပ် (၅) သိန်း၊ တတိယဆု
ကျပ် (၃) သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ် (၁) သိန်းစီ ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့်
တောင်သူ လယ်သမားနေ့ ပြပွဲ၊ ပြိင်ပွဲ အခမ်းအနားများကို MICC-2 ခန်းမတွင် နံနက် (၈) နာရီမှ
ညနေ (၅) နာရီအချိန်အတွင်း မတ်လ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ခင်းကျင်း ပြသွားမည်ဖြစ်ပြီး တောင်သူလယ်သမားများနှင့်
စိုက်ပျိုးရေး လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စား၍ လာရောက်လေ့လာကြသူများအား သက်ဆိုင်ရာ
ပြခန်းပညာရှင်များက ကဏ္ဍအလိုက် ရှင်းလင်းပြသ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment