Tuesday, March 31, 2015

အမျိုးသားလွှတ်တော် (၃၇)ရက်မြောက်နေ့ အစည်းအဝေးကျင်းပ




နေပြည်တော် မတ် ၃၁
အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၇) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ() နာရီတွင် ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်းနှင့် အဆို တင်သွင်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးခင်မောင်ရီ၏ ကြံခင်းမြို့နယ် အလုံ ကျေးရွာနှင့် ထိန်ပင်မြောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များအား အခြေခံပညာအလယ်တန်းကျောင်း များအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့်တိုးမြှင့်ပေးရန် ကျောင်းသားဦးရေပြည့်မီခြင်း ရှိ/မရှိ၊ ကျောင်းအဆောက်အအုံ ပရိဘောဂပြည့်စုံမှု ရှိ^မရှိ၊ ကျောင်းအဆောက်အအုံမြေနေရာ ရှိ^မရှိ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ဒေသန္တရအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့်လိုအပ်ချက်များ ပေါ်မူတည်၍ ကျောင်းအဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၅ -၂၀၁၆ ပညာသင်နှစ် အတွက် ကျောင်းအဆင့်တိုးမြှင့်ပေးရန် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှပေးပို့သော တန်းစီ ဇယားတွင် အလုံကျေးရွာကို အမှတ်စဉ်(၄၅)နှင့် ထိန်ပင်မြောင်ကျေးရွာကို အမှတ်စဉ်(၁၅၈) ဖြင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဆင့်တိုးမြှင့်ပေးရန် ထည့်သွင်း လျာထားပါ ကြောင်းဖြင့် ဖြေကြားခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာမေးခွန်းများနှင့်စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်ငွေက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ သည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးအောင်ငြိမ်း၏ ချောက်မြို့နယ် ပြည့်ပင် ကျေးရွာ ကျေးလက်ဒေသမီး လင်းရေးအတွက် ခွင့်ပြုပေးထားသော ဆိုလာမီးလင်းရေး လုပ်ငန်းမှ လျှပ်စစ်မီးလင်းရေး လုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချောက်မြို့နယ်ရှိ ကျေးရွာ()ရွာရှိ အိမ်ခြေ(၆၆၂) အိမ် ဆိုလာမီးလင်းရေးအတွက် စုစုပေါင်းကုန်ကျငွေကျပ်သန်း ၁၃၂ ဒသမ သန်းဖြင့် ခွင့်ပြုခဲ့ပါ ကြောင်း၊ ပြည့်ပင်ကျေးရွာ ဆိုလာမီးလင်းရေးမှ လျှပ်စစ်မီးလင်းရေးလုပ်ငန်းသို့ ပြောင်းလဲ ဆောင်ရွက်ခွင့်ပြု ထားပြီး ရန်ပုံငွေကို ကျေးရွာမီးလင်းရေးကော်မတီသို့ လွှဲပြောင်းပေး၍ မြန်မာ့ လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးဆလိုင်းခွဲယန်၏ ပလက်ဝမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများတွင် လူကူးကြိုးတံတားနှင့် ချောင်းကူးတံတားများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပလက်ဝမြို့နယ်အတွင်းရှိ ကြိုးတံတား()စင်းနှင့် သစ်သားတံတား ()စင်းကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထား တင်ပြထားခြင်း မရှိသေးပါကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်များနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ် ခဲ့သည်။
အဆိုပါကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လစဉ်ချီးမြှင့်ငွေကျပ်ခြောက်သိန်း၊ တည်းခို         နေထိုင်စရိတ်တစ် ရက်လျှင် ငွေကျပ်ငါးထောင်၊ အခြားအသုံးစရိတ်တစ်ရက်လျှင် ငွေကျပ် ငါးထောင်၊ စားသောက်စရိတ်တစ် ရက်လျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ၂၀၁၅ ခုနှစ် ဧပြီလ ၁ရက် မှစတင် ခံစားခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေများကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့သည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးစောမော်ထွန်းက ပြည်သူများ၏ ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး၊ ကင်းစင်ရေးတို့အတွက် ပြည်သူတစ် ရပ်လုံး အသိရှိရှိ ပါဝင်လာအောင် ဆောင်ရွက်ပေးရန် အဆို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment