နေပြည်တော် မတ် ၆
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တို့ ပူးပေါင်း ဆောင်ရွက် သော
အဆင့်မြင့်စက်ချုပ် အထူးသင်တန်း ဖွင့်ပွဲကို မတ်လ ၃ ရက် နံနက် ၉နာရီက ဧရာဝတီ တိုင်းဒေသ ကြီး၊
မြောင်းမြမြို့၊ မြရွှေဝါခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့
အင်အား ဝန်ကြီး
ဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်ရီ၊
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို၊ တိုင်းဒေသ ကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးပြုံးချိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အမျိုးသမီးရေးရာအဖွဲ့နှင့်
မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များ လူမှုရေး အသင်း အဖွဲ့များ၊ သင်တန်းနည်းပြများနှင့်
သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် ပြည်သူများ ၏ လက်ငင်း လိုအပ်ချက်များ ကို
ဖြည့်ဆည်းပေးမှုအဖြစ် ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်
ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင်
အခွင့်အလမ်းများ ရရှိစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်းကာ ဆောင်ရွက်
ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ ယခု သင်တန်းသည် မြောင်းမြမြို့နယ် အတွင်းရှိ ကျေးလက်နှင့်
မြို့ပေါ်ရပ်ကွက်တို့မှ အမျိုးသမီး ငယ်များအား
အိမ်တွင်းမှုလုပ်ငန်းအဖြစ် အဆင့်မြင့် စက်ချုပ်ပညာရပ်များကို စာတွေ့၊လက်တွေ့
သင်ကြား ပို့ချပေးမည့် အထူးသင်တန်း ဖြစ်ပါကြောင်း၊ ထို့အပြင် မော်တာဖြင့် ချုပ်လုပ်သည့်
ပညာရပ်များကိုလည်း ရန်ကုန်မြို့၌ ဆက်လက်တက်ရောက် သင်ကြား ကြရမည်ဖြစ်သဖြင့် သင်တန်းသူများ
အနေဖြင့် အဆင့် မြင့်စက်ချုပ် ပညာရပ်များကို စနစ်တကျ လေ့လာသင်ကြား ကြရမည်ဖြစ်ပါကြောင်း၊
သင်တန်းသူများ၏ ခရီး စရိတ်၊ စားစရိတ်၊ နေထိုင်မှုနှင့် သင်ထောက်ကူပစ္စည်းပံ့ပိုးမှု စသည့်
ကိစ္စအဝဝကို နိုင်ငံတော်မှ အကုန်အကျခံ သင်ကြား ပေးမည်ဖြစ်ပြီး၊ သင်တန်းပြီးဆုံးသွားပါက
ကိုယ်ပိုင် စက်ချုပ်ဆိုင် ဖွင့်၍ လည်းကောင်း အထည် ချုပ်စက်ရုံများတွင် ဝင်ရောက်၍လည်းကောင်း၊
မိမိတို့ဘဝနှင့် မိမိတို့မိသားစု ဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင် ရွက် နိုင်ကြမည်
ဖြစ်ပါကြောင်း၊ သင်တန်းသူများ အနေဖြင့် နိုင်ငံတော်၏စေတနာကို နားလည် သဘော ပေါက်ပြီး
သင်တန်းမှ ပို့ချချက်များကို ပိုင်နိုင် ကျွမ်းကျင်အောင် ကြိုးစားသင်ယူကြပြီး လက်တွေ့
နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ရှင်းလင်းပြောကြား
သည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီနှင့် မိသားစုက သင်တန်းနည်းပြများနှင့် သင်တန်းသူ များအတွက် ထောက်ပံ့ငွေကျပ်
(၆)သိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သင်တန်းအတွက် ငွေကျပ် (၂၀၁၀၀၀)တို့ကို ပြည်ထောင်
စုဝန်ကြီးက သင်တန်းတာဝန်ခံနှင့် သင်တန်းသူများထံ အသီးသီး ပေးအပ်လှူဒါန်းသည်။
အခမ်းအနားအပြီးတွင်
ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများသည် ခန်းမ အတွင်း သင်တန်း သူများ လက်တွေ့ချုပ်လုပ်နေမှုနှင့်
အိမ်တွင်းမှုလက်ရာများ၊ သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ
အဆင့်မြှင့်စက်ချုပ်အထူး သင်တန်းသို့ မြောင်းမြမြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ
အမျိုး သမီးငယ် (၆၇)ဦး တက်ရောက်ကြပြီး သင်တန်းကို (၂၃-၂-၂၀၁၅)ရက်နေ့မှ စတင်ဖွင့်လှစ်၍
သင်တန်း ကာလ(၃)လ ကြာမြင့်မည်ဖြစ်ကာ မော်တာဖြင့်ချုပ်လုပ်သည့် သင်တန်းကိုလည်း ရန်ကုန်မြို့သို့
ဆက်လက် ပို့ဆောင် သင်ကြားပေးမည် ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment