Sunday, March 1, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိုင်းနိုင်ငံရှိ မြဘုရားနှင့် GRAND PALACE တို့သို့ သွားရောက်ကြည့်ရှု လေ့လာ

ဗန်ကောက် ဖေဖော်ဝါရီ ၂၈
တရားဝင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီက မြဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညို ကာ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ယခင်ထိုင်းဘုရင်များ စံမြန်း ခဲ့ကြသည့်Grand Palace သို့ ရောက်ရှိပြီး ယဉ်ကျေးမှုအနုပညာ လက်ရာများ၊ အဆောက်အအုံများနှင့် ထီးသုံးနန်းသုံးပစ္စည်းများ လှည့်လည် ကြည့်ရှုလေ့ လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြ သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ သည် အဖွဲ့ဝင်များနှင့်အတူ BHUMIRA JANAGARINDRA KIDNEY INSTITUTE ဆးရုံသို့ ရောက်ရှိပြီး ဆေးရုံ၏ အခန်းများ ဖွဲ့စည်းထားရှိမှု၊ ခေတ်မီဆေးရုံသုံး စက်ပစ္စည်းကိရိယာများ တပ်ဆင်ထား ရှိမှုနှင့် ဝေဒနာရှင်များအား ဆေးဝါး ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက် သည်။
ယင်းနောက် ဆေးရုံ အစည်း အဝေး ခန်းမ၌BHUMIRAJANAGAR- INDRA KIDNEY INSTITUTE HOSPITALမှ ညွှန်ကြားရေးမှူး Prof. Teerachai Chantaro- janasiri, MD နှင့် တာဝန်ရှိသူများ က ဆေးရုံဆိုင်ရာ အချက်အလက်များ၊ ဝေဒနာရှင်များအား ဆေးဝါးကုသ ပေးနေမှု၊ ဆေးရုံ၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက် ရှိကြပြီး အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်ချစ်ဆွေ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ သံရုံး မိသားစုများနှင့် ထိုင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

No comments:

Post a Comment