အစွန်းရောက်များနှင့် ဆက်စပ်နေသည့်
accounts များအား ဖယ်ရှားလိုက်သည့်အတွက် Twitter
တည်ထောင်သူ Jack Dorsey နှင့် သူ၏ ဝန်ထမ်းများအားISIS အဖွဲ့က ခြိမ်းခြောက်ခဲ့သည်။
ဝန်ထမ်းများ၏ လည်ပင်းဟာ အစ္စလာမ် ဘာသာရေးခေါင်းဆောင်
Caliphate တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်ကြောင်း အခိုင်အမာဆိုထားသည့် ခြိမ်းခြောက်မှုကို အတည်ပြုရန်
တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ကုမ္ပဏီက အတည်ပြုပြောကြားခဲ့သည်။
အာရေဗီ ဘာသာဖြင့် ရေးသားထားသော ကျောချမ်းစရာ
သတိပေးချက်တွင် Twitter Logo အပါအဝင် Jack
Dorsey အာိးု သေနတ်ပစ်မှတ်နဲ့ ချိန်ထားသည့်ပုံကို ဖော်ပြထားသည်။ အဆိုပါပုံကို ကွန်ပြူတာ
ပရိုဂရမ်ရေးဆွဲသူများ code နံပါတ်ပေးရန် အသုံးပြုသည့် ပိုလန်နိုင်ငံ အခြေစိုက်
မထင်ရှားသည့် ဆိုဒ်တစ်ခုတွင် ယမန်နေ့က တင်ထားခဲ့ခြင်း
ဖြစ်သည်။
အမေရိကန်နိုင်ငံ၊ California တွင်
နေထိုင်သည့် Twitter တည်ထောင်သူကတော့ ယခုခြိမ်းခြောက်မှုအပေါ် တစ်စုံတစ်ရာ ပြောဆိုခြင်း
မရှိဘူးဟု သိရသည်။
Twitter
မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မိမိတို့ လုံခြုံရေး အဖွဲ့အနေဖြင့် ယခုခြိမ်းခြောက်မှု
မှန်ကန်ကြောင်းကို သက်ဆိုင်ရာ ဥပဒေ ပညာရှင်များနှင့် စုံစမ်းနေပြီဖြစ်ကြောင်း
ယနေ့မှာပဲ ပြောကြားလိုက်သည်။
Twitter နှင့် YouTube
နှစ်ခုလုံးတွင် ISIS များနှင့် ဆက်နွယ်နေသည့် ဆူပူစရာ အကြောင်းအရာများ၊ ဝါဒဖြန့်မှုများကို
ဖယ်ရှားလိုက်ပြီ ဖြစ်သည့်အကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
No comments:
Post a Comment