Friday, March 6, 2015

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက်ခြင်းသည် မွေးလာမည့် မိန်းကလေးများအတွက် ကင်ဆာဖြစ်နိုင်ချေ ပိုများ



လေ့လာမှုအသစ်တစ်ခုအရ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက်သုံးသူ အမျိုးသမီးများမှ မွေးဖွားလာမည့် သမီးမိန်းကလေးများအတွက် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာများ ဖြစ်စေနိုင်သည့် အန္တရာယ်ကို ပိုမို တိုးပွားလာစေနိုင်ကြောင်း ဖော်ပြထားသည်။


ကိုယ်ဝန်ဆောင်စဉ် အချိန်အတွင်း နေ့တိုင်းနီးပါး ဆေးလိပ်သောက်သည့် အမျိုးသမီးများမှ မွေးဖွားလာမည့် သမီးမိန်းကလေးများသည် ဓမ္မတာ ရာသီသွေးပေါ်ချိန် စောတတ်ကြောင်း သိရသည်။

အသက်ငယ်ငယ်ဖြင့် ရာသီသွေးပေါ်သည့် အမျိုးသမီးများသည် သူ၏သက်တမ်းတစ်ခုလုံးတွင် ဓမ္မတာလာသည့် အကြိမ်ရေများလေ့ရှိပြီး ထိုအတွက်ကြောင့် မျိုးဆက်ပွားကင်ဆာ ဖြစ်နိုင်ချေလည်း တိုးပွားလာသည်ဟု သိရသည်။ ဤသည်မှာ estrogen ဟော်မုန်း တိုးလာခြင်းကြောင့် ဖြစ်သည်။

ယခုလေ့လာမှုသည် မိခင်များအနေဖြင့် မိမိတို့ရဲ့ အပြုအမူများက မွေးဖွားလာမယ့် ကလေးအပေါ် သက်ရောက်မှုရှိကြောင်း သိရှိနားလည်စေရန် ကူညီပေးနိုင်သည်။

ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းသည် မွေးဖွားလာမည့် ကလေးများအတွက် ကိုယ်အလေးချိန် မပြည့်ခြင်း၊ အဆုတ်၏ စွမ်းဆောင်ရည် လျော့ကျခြင်း၊ ပန်းနာနှင့် အဝလွန်ခြင်းစသည့် ကျန်းမာရေး ပြဿနာများနှင့် အမြဲတမ်း ဆက်စပ်နေသည်။ မျိုးဆက်ပွား ကင်ဆာများနှင့်တော့ ပုံမှန် ဆက်နွယ်လေ့ မရှိကြောင်း သိရသည်။ 

No comments:

Post a Comment