Friday, March 6, 2015

ခြောက်လအတွင်း ၁၈ပေါင်ခန့် လျော့ကျလိုလျှင် နေ့စဉ် ကိုယ်အလေးချိန် တိုင်းတာပါ


ကိုယ်အလေးချိန်လျော့ကျခြင်းရဲ့ အဓိကသော့ချက်ကတော့  နေ့စဉ် ကိုယ်အလေးချိန်တိုင်းတာခြင်း ဖြစ်ကြောင်းသိရပါ တယ်။ နေ့စဉ် ကိုယ်အလေးချိန်တိုင်းတာတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာအခြား အစား လျှော့သူတွေနဲ့ယှဉ်လျှင် ကိုယ်အလေးချိန် သုံးဆပိုပြီးလျော့ကျမှုရှိကြောင်းလေ့လာမှုအရသိရပါတယ်။

တစ်ပတ်လျှင် ခုနှစ်ရက်စလုံးကိုယ်အလေးချိန် တိုင်းတာသူတို့သည် ခြောက်လအတွင်း ၁၈ပေါင်ခန့် လျော့ကျမှုရှိကြောင်း နှင့် ကိုယ်အလေးချိန် များနေသူတို့အတွက် ကိုယ်အလေးချိန် အနည်းငယ်လျော့ကျလျှင်ပင် နှလုံးရောဂါနှင့် အခြား နာမကျန်းမှုများ ဖြစ်နိုင်ခြေလျှော့ကျမှုရှိကြောင်း လေ့လာမှုအရသိရပါတယ်။
ကိုယ်အလေးချိန် တိုင်းတာခြင်းကြောင့် ကိုယ်အလေးချိန်ကျကြောင်း မျက်ဝါးထင်ထင်မြင်တွေ့ရသည့်အခါ အစာကို ကျန်းမာရေးနှင့် အညီစားပြီးလျှော့ချင်စိတ်နဲ့အစာကိုအလွန်အမင်းစားချင်စိတ်တို့ မဖြစ်စေရန် အားပေးလှုံ့ဆော်မှု ရှိသောကြောင့် ဟုလေ့လာသူတို့ကယူဆထားပါတယ်။
ကိုယ်အလေးချိန် တိုင်းတာခြင်းတို့အား နေ့စဉ်နေ့တိုင်းခြောက်လကြာ ဆောင်ရွက်စေခဲ့ရာ ကိုယ်အလေးချိန်မတိုင်းတာ သူတို့ထက် ပိုပြီးဝိတ်ကျကြောင်း တွေ့ရှိခဲ့ရပါတယ်။နေ့စဉ် ကိုယ်အလေးချိန်တိုင်းတာသူတွေဟာသူတို့စားတဲ့ ကယ်လိုရီ ပမာဏကိုလျှော့ချတဲ့ အခြားသူတို့ထက် ကိုယ်အလေးချိန် လျော့ချနိုင်ခြေသုံးဆပိုများကြောင်းစစ်တမ်းအရသိရပါတယ်။

No comments:

Post a Comment