ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း
အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း
နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် (၄၈/၂၀၁၄)ဖြင့်
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက် နေ့တွင်
ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊
စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်
လျှောက်ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့်
မှတ်ပုံတင်သက်သေခံ လက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့်
ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထား ခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးများဖြင့်
စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ (၅-၃-၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေး ဝန်ကြီး
ဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်း သက်တမ်းတိုး(၉၃)ဦးနှင့်
ထုတ်ဝေသူသက်တမ်းတိုး(၁၁၇)ဦး၊ ပေါင်းသက် တမ်းတိုး (၂၁၀)ဦးအား လည်းကောင်း၊ ပုံနှိပ် လုပ်ငန်းအသစ်
လျှောက် ထားသူ(၇)ဦး၊ ထုတ်ဝေခွင့် အတွက် အသစ်လျှောက်ထားသူ ဂျာနယ် ထုတ်ဝေခွင့်(၅)ဦး၊
မဂ္ဂဇင်းထုတ်ဝေခွင့်(၂)ဦး၊ အထွေထွေထုတ်ဝေခွင့် (၅)ဦး၊ ပေါင်းပုံနှိပ် လုပ်ငန်းနှင့်
ထုတ်ဝေလုပ်ငန်း(၁၉)ဦးတို့အားလည်းကောင်း၊ ထုတ်ဝေလုပ်ငန်း အမည်ပြောင်း (၂)ဦးအားလည်းကောင်း
အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ ယခင် အပတ်က စိစစ်ဆဲဖြစ်သော
ဂျာနယ်ထုတ်ဝေခွင့် လျှောက်ထားသူ (၁)ဦးကို အမည် ပြင်ဆင်ပြန် လည်တင်ပြလာမှုအပေါ် ပြန်လည်
ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄)
ရက်မှ စ၍ ယနေ့အထိ ပုံနှိပ် လုပ်ငန်း အတွက် သက်တမ်းတိုး (၈၆၉)ဦးနှင့် အသစ်လျှောက်ထားသူ
(၁၁၆) ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး (၈၇၀)ဦးနှင့် အသစ်လျှောက်ထားသူ (၃၂၃)ဦး၊
သတင်းအေဂျင်စီလုပ်ငန်း အသစ် လျှောက်ထားသူ(၆)ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်
သတင်း အေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်(၂၁၈၄)စောင်အား စိစစ် ခွင့်ပြုပေးခဲ့ပြီး
ဖြစ်ပါသည်။
ဂျာနယ် ထုတ်ဝေခွင့် အသစ်လျှောက်ထားသူတစ်ဦး၊ ပုံနှိပ်သက်တမ်း တိုးလျှောက်ထားသူ
တစ်ဦး၊ သတင်း အေဂျင်စီအသစ်လျှောက်ထားသူ တစ်ဦးတို့ကို အချက်အလက်များ စိစစ်ဆောင် ရွက်ဆဲဖြစ်ကြောင်း
သတင်း ထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment