နိဒါန်း
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူများ သိရှိအကြံပြုနိုင်ရန် ၁၈-၂-၂ဝ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁ဝ၊ ၁၁နှင့် ၁၂ တွင် ဖော်ပြပါရှိပါသည်။ ဤဥပဒေကြမ်းအား လေ့လာပြီး အကြံပြုသင့် သည်ဟု ယူဆပါသဖြင့် ပြည်သူတစ်ဦး၏ လေ့လာ အကြံပြုချက်ကို ရေးသားပေးပို့ပါသည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူများ သိရှိအကြံပြုနိုင်ရန် ၁၈-၂-၂ဝ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁ဝ၊ ၁၁နှင့် ၁၂ တွင် ဖော်ပြပါရှိပါသည်။ ဤဥပဒေကြမ်းအား လေ့လာပြီး အကြံပြုသင့် သည်ဟု ယူဆပါသဖြင့် ပြည်သူတစ်ဦး၏ လေ့လာ အကြံပြုချက်ကို ရေးသားပေးပို့ပါသည်။
ပဏာမအကြံပြုချက်
အမျိုးသားပညာရေးဥပဒေနှင့်
ပတ်သက်သည့် တောင်းဆိုချက် ၁၁ ချက်တွင် ပညာရေးမူဝါဒများနှင့် ဥပဒေများ၊
နည်းဥပဒေများ၊ ဆက်စပ်ဥပဒေ များရေးဆွဲရာတွင်NNER မှ ကိုယ်စားလှယ်များပါဝင်ရန်
မပါရှိပါဘဲလျက် NNER မှ ပုဂ္ဂိုလ်၂ ဦးတည်းက အဓိကရေးဆွဲထားခြင်း၊
ဦးအောင်မှိုင်းဆန်းသည် တစ်နိုင်ငံလုံးရှိ ကျောင်းသားထု၏ ၅ဝ ရာခိုင်နှုန်း ကျော်သော
မဲဆန္ဒဖြင့် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်
မဟုတ်ခြင်းတို့ကြောင့် ရေးဆွဲခွင့်မရှိသူများက ရေးဆွဲ ထားသော ဥပဒေကြမ်းဖြစ်ပါသည်။
လေ့လာအကြံပြုချက်
(၁)
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်
ဥပဒေကြမ်း (နောင်တွင် ဥပဒေကြမ်းဟု ရည်ညွှန်းပါမည်။) ပုဒ်မ ၂ ဖြင့်
အမျိုးသားပညာရေးဥပဒေ (နောင်တွင်ဥပဒေဟု ရည်ညွှန်းပါမည်။) ပုဒ်မ ၂ (ဂ)ကို
ပယ်ဖျက်သော်လည်း ဥပဒေကြမ်းပုဒ်မ ၅၇ကဥပဒေပုဒ်မ ၅၄ (ဂ)ကို မပယ်ဖျက်ခြင်း ကြောင့်
ရှေ့နောက်ညီညွတ်မှုမရှိသော ဥပဒေကြမ်းဖြစ်သည်။
လေ့လာအကြံပြုချက်
(၂)
ဥပဒေကြမ်းပုဒ်မ ၆ တွင်
'သင်ကြားနည်းစနစ်များကို ပညာသင်ပေးခြင်း'ဟု ဆိုထားသည့်အတွက် ကံဝိဘတ် 'ကို' နှင့်
အသုံးခံပြဝိဘတ် 'ဖြင့်' လွဲမှားသုံးစွဲထားပါသည်။ ဥပဒေကြမ်းရေးဆွဲသူ
'ဒေါက်တာ'နှစ်ဦး၏ ရုံးသုံးစာဖြစ်သော မြန်မာစာညံ့ဖျင်းမှုကို ဖော်ပြနေပါသည်။
အထူးပညာရေးအစီအစဉ်ကို
ဥပဒေက ကျောင်းဟုအဓိပ္ပာယ်ဖွင့်ဆိုပြီး ဥပဒေကြမ်းက သင်ကြားနည်း ဟု အဓိပ္ပာယ်ဖွင့် ပါသည်။
ပေါင်းစည်းသင် integration မပါလျှင် inclusion မဖြစ်နိုင်ပါ။
လေ့လာအကြံပြုချက်
(၃)
ဥပဒေကြမ်းပုဒ်မ ၉ က
ဥပဒေပုဒ်မ ၂ (သ)ကိုလည်းကောင်း၊ ဥပဒေ ကြမ်းပုဒ်မ ၁ဝ က ဥပဒေပုဒ်မ ၂ (ဟ)ကိုလည်းကောင်း
အစားထိုးလိုက်သဖြင့် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ တို့မရှိတော့ပါ။
ပညာရေးတွင် လူထုပါဝင်မှု Community participation ကို ပယ်ဖျက်လိုက် ခြင်းဖြစ်သည်။
ကျောင်းအုပ်ချုပ်ရေးဆိုသည်မှာ
ပညာရပ်နယ်ပယ်တစ်ခုဖြစ်၍ အခြား ပညာရပ်နည်ပယ်မှ ပါရဂူဘွဲ့ ရများပင်
တတ်ကျွမ်းသောအရာမဟုတ်သဖြင့် မိဘအုပ်ထိန်းသူများ၊ ရပ်ရွာမှ လေးစားယုံကြည်သူများ တတ်ကျွမ်းမည်
မဟုတ်ပါ။
တက္ကသိုလ်ကျောင်းသားဆိုသည်မှာ
ပညာရှင်မဟုတ်ဘဲ သင်ယူဆဲသူမျှသာဖြစ်သဖြင့် တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီတွင်
ပါဝင်နိုင်သည့် အရည်အချင်းမရှိသေးပါ။
လေ့လာအကြံပြုချက်(၄)
ဥပဒေကြမ်းပုဒ်မ ၁၁
ပါလူတိုင်းအကျုံးဝင်ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ 'ကွဲပြားခြားနားမှုကို
အခြေမခံစေဘဲ'ဆိုသည့် အဓိပ္ပာယ်ပါရှိပြီး ဖြစ်သဖြင့် ဥပဒေကြမ်းပုဒ်မ ၁၂ ဖြင့်
ဖြည့်စွက်ချက်သည် မလိုအပ်ပါ။
လေ့လာအကြံပြုချက်
(၅)
ဥပဒေကြမ်းပုဒ်မ ၁၃ ပါ
'လွတ်လပ်'ဆိုသော စကားရပ်သည် အဓိပ္ပာယ်ကို လိုရာဆွဲယူနိုင်သည်။
လေ့လာအကြံပြုချက်(၆)
ဥပဒေကြမ်းပုဒ်မ ၁၇တွင်
'တက္ကသိုလ်ဝင်ခွင့်သည် အခြေခံပညာအထက် တန်းစာမေးပွဲ ရမှတ်ဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ'ဟု
ရေးသားထားသဖြင့် တရားမျှတမှုရှိသော မူတစ်ခုဆုံးရှုံးရမည့်အပြင် အခြေခံပညာအဆင့်၌
ကျောင်းသားများကြိုးစားအားထုတ်ရန် မလိုတော့သဖြင့်အခြေခံ ပညာရေး အရည်အသွေး ကျဆင်းသွားမည်ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်ကို
အခြေခံပညာ အထက်တန်းစာမေးပွဲရမှတ် တစ်ခုတည်းဖြင့် မဆုံးဖြတ်သည့် တိုင်အောင်
တစ်နည်းနည်းဖြင့် အခြေခံပညာအထက်တန်းကျောင်းသားများ၏ ကြိုးစားအားထုတ်မှုနှင့်
ထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။ (မည်သည့်တက္ကသိုလ်သို့
ဝင်ရောက်လိုလျှင် ဘာသာစုံရမှတ်ပေါင်း မည်မျှရရမည်၊ မည်သည့်ဘာသာရပ်များတွင်
ရမှတ်မည်မျှစီရရမည်ဆိုသည့် အခြေခံသတ်မှတ်ချက် 'ကျောင်းသား၏ ဘာသာရပ်ဆိုင်ရာ
လိုအပ်ချက်များကိုတက္ကသိုလ်က ဖြည့်ဆည်းပေးသည့် စနစ်ထားရှိရေး'ဆိုသည်မှာ
သင်ယူမည့်ဘာသာရပ်၏ လိုအပ်ချက်ကို လေ့လာ သင်ယူထားခြင်းမရှိသူများကို
တက္ကသိုလ်ဝင်ခွင့်ပေးပြီး မလုံလောက်သည့် အခြေခံပညာအား တက္ကသိုလ်ကျမှ
ပြန်သင်ပေးရမည်ဟု ဆိုလိုရာရောက်သည်။
လေ့လာအကြံပြုချက်(၇)
ဥပဒေကြမ်းပုဒ်မ ၁၉တွင်
'အခမဲ့မသင်မနေရအလယ်တန်းပညာရေးကို အကောင်အထည်ဖော်ရေး'ဟု ရေးသားထားရာ 'အခမဲ့'မှာ
အစိုးရ၏တာဝန်ဖြစ်သဖြင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အခမဲ့ အထက်တန်း
ပညာရေးကိုရရှိပြီးဖြစ်သည်။ 'မသင်မနေရ' မှာ မိဘအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်။
ရပိုင်ခွင့်ရှိသည်။ ထို့အတူတာဝန်ယူရမည်။
လေ့လာအကြံပြုချက်
(၈)
ဥပဒေကြမ်းပုဒ်မ ၂၁ က
ဥပဒေပုဒ်မ ၄(ဍ) ပါ 'ပညာရေးဝန်ထမ်းအားလုံး၏ အရည်အသွေးနှင့်
လူမှုဘဝမြှင့်တင်ရေး'ကိုပယ်ဖျက်ထားသည်။
လေ့လာအကြံပြုချက်
(၉)
ဥပဒေကြမ်းပုဒ်မ ၂၂ ပုဒ်မခွဲ
(က)ထပ်ဆင့်ပုဒ်မခွဲ (ဂဂ) ရေးသားချက် အရ-
(က)
တက္ကသိုလ်ဝင်ခွင့်ဆိုသည်မရှိတော့။ တံခါးမရှိဓားမရှိ တက်ရောက်ခွင့်ရမည်။
(ခ) ဥပဒေပုဒ်မ ၄(ဋ)
(ဥပဒေကြမ်းက ပုဒ်မ ၄ (ဏ)ဟုပြင်)တွင် ပြဋ္ဌာန်းထားသည့် 'ပညာရပ်နယ်ပယ်အားလုံးကို
တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေပြီး'ဆိုသော အချက်ပျက်ပြားသွားမည်။
(ဂ)
အခြေခံပညာကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်အတွက် ကြိုးစားအားထုတ်ရန် မလိုအပ် တော့သဖြင့်
အခြေခံပညာရေးအရည်အသွေး ကျဆင်းသွားပြီး အဆင့်မြင့်ပညာကို ဆက်လက် သင်ယူနိုင်ရန်
အတွက် ခိုင်မြဲသောပညာရေးအခြေခံကို အခြေခံပညာက တည်ဆောက်မပေးနိုင်သဖြင့် ကျရှုံးသူများပြားပြီး
ကျောင်းသားသမဂ္ဂများ၏ အကျပ်ကိုင်တောင်းဆို ဆူပူမှုများဖြစ်ပွားမည်။
(ဃ)
အခြေခံပညာအထက်တန်းစာမေးပွဲအောင်ရုံဖြင့် လူကြိုက်များ
တက္ကသိုလ်နှင့်ဘာသာရပ်များသို့ ဝင်ရောက်ခွင့်ရသဖြင့်
ညံ့ဖျင်းသူနှင့်ထူးချွန်သူတန်းတူအခွင့်အရေးရရှိပြီး ထူးချွန်သူရှားပါးကွယ် ပျောက်၊
ညံ့ဖျင်းသူတိုးပွားများပြား၊ ဗုံးပေါလအောပညာရေး (not quality but quantity
education ) ဖြစ်သွားမည်။
(င)
လူကြိုက်များတက္ကသိုလ်နှင့် ဘာသာရပ်များတွင် လက်ခံသင်ကြားပေးနိုင်သည့်
ဝင်ဆံ့ဦးရေထက် အဆများစွာ ငါးပိငါးချဉ်သိပ် လက်ခံသင်ကြားပေးရသဖြင့် သင်ကြားသင်ယူမှု
ပတ်ဝန်းကျင် ကျပ်တည်းဆိုးရွားမည်။ ( သာဓကအားဖြင့် လက်ရှိ ၁၂ဝဝ သာ capacity ရှိသော
ဆေးတက္ကသိုလ် (၄)ခုသို့ အမှတ်ပေါင်း ၂၄ဝ သမားများ သိန်းချီ၍ ဝင်ရောက်လာမည်။
ဆေးတက္ကသိုလ်များသည် ဆရာဝန်များမွေးထုတ်ပေးရာဌာနများ မဟုတ်တော့ဘဲ 'အလောင်း
စည်သူ'များ မွေးထုတ်ပေးရာ ဌာနများ ဖြစ်သွားမည်။)
(စ) ထို့ပြင်
၎င်းထပ်ဆင့်ပုဒ်မခွဲ (ဂဂ) သည် မလိမ့်တပတ်ရေးသားခဲ့ရသည့် ဥပဒေကြမ်းပုဒ်မ ၁၇ ကို
လွှမ်းမိုးနိုင်ရန် အားထုတ်ထားခြင်းဖြစ်သည်။
လေ့လာအကြံပြုချက်
(၁ဝ)
ဥပဒေကြမ်းပုဒ်မ ၂၂၊
ပုဒ်မခွဲ (က)၊ ထပ်ဆင့်ပုဒ်မခွဲ(ကက)တွင် 'ကျောင်းသားသမဂ္ဂများကို ကျောင်းသူ ကျောင်းသားများကိုယ်တိုင်
လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်ရရှိမည်။'ဟု ရေးဆွဲထားသည်။ ဤထပ်ဆင့်
ပုဒ်မခွဲကို 'ထို့အတူ ကျောင်းသားယူနီယံများကိုလည်း ဖွဲ့စည်းထူထောင်
လှုပ်ရှားခွင့်ရှိ ရမည်။ ကျောင်းသားသမဂ္ဂသို့ဖြစ်စေ၊ ကျောင်းသားယူနီယံ သို့ဖြစ်စေ၊
ဝင်ရောက်ခြင်း မဝင်ရောက်ခြင်းသည် ကျောင်းသားတစ်ဦးချင်း၏
ဒီမိုကရေစီအခွင့်အရေးဖြစ်သည်။ ကျောင်းသား ယူနီယံများသည် ကျောင်းသားသမဂ္ဂများနှင့်
အခွင့်အရေးအရာတွင် တန်းတူညီမျှမှုရှိစေရမည်'ဟု ဆက်လက်ဖြည့်စွက်ရမည်။
လေ့လာအကြံပြုချက်
(၁၁)
ဥပဒေကြမ်းပုဒ်မ ၂၂
ပုဒ်မခွဲ(က) ထပ်ဆင့်ပုဒ်မခွဲ(စစ)အရ ဆရာ ဆရာမများအပေါ် ကျောင်းသူ ကျောင်းသားများ၏
အကဲဖြတ်မှုဆိုရာတွင် မိမိကိုယ်မိမိ ပြုစုပျိုးထောင်နေသော ကျောင်းသူ ကျောင်းသားများ၏
အကဲဖြတ်မှုနှင့်တက္ကသိုလ်သို့ အပျော်လာနေသော ကျောင်းသူ ကျောင်းသားများ၏ အကဲဖြတ်မှုမှာ
ကွဲပြားခြားနားနိုင်ပါသည်။ ထို့ပြင် တက္ကသိုလ်တွင် ပထမအမျိုး အစား ကျောင်းသူ
ကျောင်းသားက အရေအတွက် နည်းပါးမည်ဖြစ်ပါသည်။ ဤထပ်ဆင့်ပုဒ်မခွဲသည် ဆရာသမဂ္ဂသို့
မဝင်ရောက်သော ဆရာတစ်ယောက်အပေါ် ကျောင်သားသမဂ္ဂဝင် ကျောင်းသူ ကျောင်းသား များက
နိုင်ငံရေးအရ အနိုင်ကျင့်ပိုင်ခွင့် အပ်နှင်းထားခြင်းဖြစ်သည်။
လေ့လာအကြံပြုချက်
(၁၂)
ဥပဒေကြမ်းပုဒ်မ ၂၂
ပုဒ်မခွဲ(ခ)ထပ်ဆင့်ပုဒ်မခွဲ(ဃဃ)တွင် (ဆရာ ဆရာမများသည်) 'နှစ်သက်ရာ ပါတီသို့
ဝင်ရောက်ခွင့်ရှိသည်။'ဟု ရေးဆွဲထားသည်။ ဤထပ်ဆင့်ပုဒ်မခွဲသည် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူများ ပုဒ်မ
၂၆(က) ပါ 'နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။'ဆိုသည့်
ပြဋ္ဌာန်းချက်နှင့် ငြိစွန်းနေသည်။ 'ဒေါက်တာ' နှစ်ဦးရေးဆွဲသော ဤထပ်ဆင့် ပုဒ်မခွဲကို
လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၆၆၄ (၄၄ဝ+၂၂၄) ရှိသော ပြည်ထောင်စုလွှတ်တော်က
လိုက်လျောရမည်ဆိုလျှင် ပထမဦးစွာ ပုဒ်မ ၂၆(က)ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင် ရပါမည်။ သို့မဟုတ်ပါက ဆရာ ဆရာမများအားလုံးကို
နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ပစ်ရပါမည်။
လေ့လာအကြံပြုချက်
(၁၃)
ဥပဒေကြမ်းပုဒ်မ ၂၂
ပုဒ်မခွဲ(ခ) ထပ်ဆင့်ပုဒ်မခွဲ(ဇဇ)နှင့် (စ်စ်)သည် လူတိုင်းcommon sense ဖြင့်
နားလည်ထားပြီးဖြစ်၍ ထည့်သွင်းရေးဆွဲရန်မလိုပါ။
လေ့လာအကြံပြုချက်(၁၄)
ဥပဒေကြမ်းပုဒ်မ ၂၂
ပုဒ်မခွဲ(ခ)ထပ်ဆင့်ပုဒ်မခွဲ (ညည)တွင် 'ဆရာ ဖြစ်နိုင်ရေးအတွက် သန်စွမ်းမှု၊
မသန်စွမ်းမှုအရသော်လည်းကောင်း၊ ------ခွဲခြားခြင်းမရှိစေရ။' မျက်မမြင်၊
ဆွံ့အနားမကြားနှင့် ခြေလက်အင်္ဂါ မစုံသူသည် ပုံမှန်ကျောင်းများတွင် လုပ်ငန်းသဘာဝအရ
ဆရာမဖြစ်နိုင်ပါ။
လေ့လာအကြံပြုချက်(၁၅)
ဥပဒေကြမ်းပုဒ်မ ၂၂
ပုဒ်မခွဲ(ဂ)ထပ်ဆင့်ပုဒ်မခွဲ(ကက)တွင် 'အမျိုးသား သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီသည်'ဟု
ကံပုဒ်တွင် ကတ္တားဝိဘတ် 'သည်'ကို သုံးထားသည်။ ဒေါက်တာနှစ်ယောက်၏ ရုံးသုံးဘာသာ ညံ့ဖျင်းမှု
နောက်ထပ် သာဓကတစ်ခုဖြစ်သည်။ မြန်မာသဒ္ဒါတွင် ကံဝိဘတ် ကတ္တားဝိဘတ် မှားယွင်းမှုသည်
အင်္ဂလိပ်သဒ္ဒါတွင် Active Voice နှင့် Passive Voice မှားယွင်းမှုကဲ့သို့ပင် ရှက်စရာကောင်းသည်။
ဖွဲ့စည်းပုံကို ဥပဒေတွင်
အသေးစိတ်ဖော်ပြရန်မလိုပါ။ နည်းဥပဒေတွင်မှ အသေးစိတ် ဖော်ပြရမည်ဖြစ်ပါသည်။ ထို့ပြင်
ဖွဲ့စည်းပုံသည် တစ်ဖက်စောင်းနင်းဖြစ်နေသည်။ ကျောင်းသား ကျောင်းသူသမဂ္ဂ၊
ဆရာသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လက်ခံသူအနည်းဆုံး ငါးဦး( အနည်းဆုံးဟု
ဆိုသည့်အတွက် ဦးရေသည် (၅)ဦးထက်အကန့်အသတ်မရှိပိုနိုင်သည်။) လွှတ်တော် ကိုယ်စားလှယ်များမှ
ရွေးချယ်သူ(၂)ဦး၊ ပညာရေးဝန်ကြီးဌာနမှ ခန့်အပ်သူ (၂)ဦး ပါဝင်၍ အရေအတွက်
အကန့်အသတ်မရှိသူအဖွဲ့ဝင်များက ၂+၂= ၄ ဦးအပေါ်မဲအများစုဖြင့် အနိုင်ကျင့်နိုင်ရန်
အကွက်ဆင်ထားသည်။ ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများသည် elected လည်းမဟုတ် selected
လည်းမဟုတ်၍ တရားဝင်အဆင့်အတန်း Legal Status မရှိပါ။
လေ့လာအကြံပြုချက်
(၁၆)
ဥပဒေကြမ်းပုဒ်မ ၂၂
ပုဒ်မခွဲ (င) ထပ်ဆင့်ပုဒ်မခွဲ (ကက)တွင် မိခင်ဘာသာစကားကို ကျောင်းအုပ် ချုပ်ရေးအဖွဲ့မှ
ဆုံးဖြတ်ခွင့်ရှိသည်ဟု ရေးဆွဲထားသည်။ မိခင်ဘာသာစကားကို ကျောင်းအုပ် ချုပ်ရေးအဖွဲ့က
(ထွက်ခွာရာပြဝိဘတ် 'မှ'မဟုတ်) ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ထပ်ဆင့်ပုဒ်မခွဲ (ခခ)
တွင် 'မိခင်ဘာသာစကားတစ်ခု ရွေးချယ်ပြီးပါက'ဟု ရေးဆွဲထားသည်။ကလေးတစ်ဦးအတွက်
မိခင်ဘာသာ စကားဆိုသည်မှာ ကျောင်းကရွေးချယ် ပေးရသောအရာမဟုတ်ပါ။ ပုဒ်မခွဲ (ဂဂ)အရ မြို့ပေါ်ကျောင်
များမှ တိုင်းရင်းသားလူမျိုးများ၏ မိခင်ဘာသာစကားကိုလည်း မြန်မာဘာသာ စကားကို
သတ်မှတ်၍ မရပါ။
မိခင်ဘာသာစကားဆိုသည်မှာ
ကလေးဘဝကစတင်၍ အပြောသင်သော ဘာသာစကားဖြစ်ပါသည်။ ကျောင်းရောက်မှ ကျောင်းကရွေးချယ်
ဆုံးဖြတ်ပေးသော ဘာသာစကားမဟုတ်ပါ။ Oxford Advanced Learner's Dictionary mother
tongue ကိုကြည့်ပါ။ the language that you first learn to speak when you are a
child
ပုဒ်မ ၂၂ (င) (ကက) (ခခ)
(ဃဃ)တွင် ပါရှိသည် 'မိခင်ဘာသာစကား' ၏ အန္တရာယ်ကြီးမားပုံကို လေ့လာအကြံပြုချက်
ဂ(ကြယ်ပွင့်ပြ)တွင် အခြားပုဒ်မများနှင့်ပေါင်းစပ်၍ အကြံပြုပါမည်။ ဥပဒေပုဒ်မ ၄၃
(က)နှင့် (ခ)ကို လုံးဝအထိပါးမခံသင့်ပါ။
ဥပဒေကြမ်းပုဒ်မ၂၂ (စ)အရ
မူလတန်းကျောင်းတစ်ကျောင်း၏ ပညာရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များ
ချမှတ်ရာတွင် မူလတန်းကျောင်းသားများ ပါဝင်ခွင့်ရှိသည် ဆိုသည်မှာ
ရယ်စရာကောင်းလှပါသည်။ ဤဥပဒေကြမ်းရေးဆွဲသူ ဒေါက်တာနှစ်ဦးကို 'ရွှေဉာဏ်တော်
စူးရောက်ပါပေ့'ဟု လက်ခုပ်တီးပေးသင့်ပါသည်။
လေ့လာအကြံပြုချက်
(၁၇)
ဥပဒေကြမ်းပုဒ်မ ၂၂
ပုဒ်မခွဲ(ဆ)ထပ်ဆင့်ပုဒ်မခွဲ( ဂဂ)တွင် 'တက္ကသိုလ် အချင်းချင်း ပေါင်းစပ် ညှိနှိုင်းရန်လိုအပ်ပါက
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မည်' ဟုရေးဆွဲ ထားခြင်းသည်
လွတ်လပ်စွာရပ်တည်သော အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို ဥပဒေ
ကြမ်းပုဒ်မ ၃၃ ဖြင့် အစားထိုးခြင်း၏အကြောင်းပြချက်ဖြစ်သည်။ အဆင့်တူချင်း
တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ခြင်းသည် အခါခပ်သိမ်း လွယ်ကူချောမွေ့မည်တော့မဟုတ်ပါ။
ဥပဒေကြမ်းပုဒ်မ ၆၁ ဖြင့်
ဥပဒေပုဒ်မ ၅၇ ကိုပယ်ဖျက်သဖြင့် အခြေခံပညာကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို
ပညာရေးဝန်ကြီးဌာနသည် ဆောင်ရွက်ပိုင်ခွင့်မရှိတော့သဖြင့် အခြေခံ ပညာဦးစီးဌာနနှင့်
၎င်း၏လက်အောက်ရှိ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ပညာရေး ရုံးများကို
ဖျက်သိမ်းပစ်ရမည်ဖြစ်ပြီး ၄င်းရုံးများရှိ အောက်ခြေဝန်ထမ်းမှ
ညွှန်ကြားရေးမှူးချုပ်အထိ အရာထမ်း အမှုထမ်းအားလုံးကို အလုပ်မှရပ်စဲ ရမည်ဖြစ်ပါသည်။
လေ့လာအကြံပြုချက်(၁၈)
ဥပဒေကြမ်းပုဒ်မ ၆၃ က
ဥပဒေပုဒ်မ ၅၈(ဆ)ကို ပယ်ဖျက်သည်။ ဥပဒေပုဒ်မ ၅၈ (ဆ)ဆိုသည်မှာ ပြည်ထောင်စုအစိုးရ
ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမှ ' အစိုးရအဖွဲ့က အခါအားလျော်စွာ
ပေးအပ်သောတာဝန်များကိုထမ်းဆောင်ခြင်း'ဆိုသည့် လုပ်ငန်းတာဝန်ဖြစ်သည်။ ဤတာဝန်ကို
မထမ်းဆောင်ရဟု ဒေါက်တာနှစ်ဦးက ဥပဒေဖြင့် တားမြစ်ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေ (နောင် တွင် ဖွဲ့စည်းပုံဟု ရည်ညွှန်းပါမည်။) အခန်း(၅) အုပ်ချုပ်ရေးပုဒ်မ
၂ဝဝ အရ ပညာရေးပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စု အစိုးရဖြစ်သည်။
အစိုးရအဖွဲ့ဝင်တစ်ဦးအား အစိုးရအဖွဲ့အား အခါအားလျော်စွာ ပေးအပ်သောတာဝန်ကို မထမ်းဆောင်ရဆိုသည်မှာ
ဖွဲ့စည်းပုံဥပဒေပုဒ်မ (၂ဝဝ) ကို ဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်ရုံမျှမက
အစိုးရအဖွဲ့ကိုပါ စော်ကားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးတစ်ဦးကို
နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၂၃၂ (က) (ခ) (ဂ) (ဃ)(င)(စ) (ဆ)ပါ
ပြဋ္ဌာန်းချက်များနှင့်အညီ ခန့်အပ်တာဝန်ပေးထားခြင်းဖြစ်သည်။ နိုင်ငံတော် သမ္မတက
ခန့်အပ်တာဝန် ပေးထားသောပညာရေး ဒုတိယဝန်ကြီးများသည် ဖွဲ့စည်းပုံဥပဒေပုဒ်မ ၂၃၄ (င)အရ
ပညာရေး ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။
ဥပဒေကြမ်းပုဒ်မ ၆၃ ဖြင့်
ဥပဒေပုဒ်မ ၅၈ (ဆ) ကို ပယ်ဖျက်ခြင်းသည် ဖွဲ့စည်းပုံ ပုဒ်မ ၁၉၉(က)အရ
နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည့် နိုင်ငံတော်သမ္မတအား
ပညာရေးပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက တာဝန်မခံရဟု ဥပဒေအဓိပ္ပာယ်
သက်ရောက်သဖြင့် ဖွဲ့စည်း ပုံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ရုံမက
နိုင်ငံတော်သမ္မတကို တိုက်ခိုက်ခြင်းဖြစ်သည်။
လေ့လာအကြံပြုချက်
(၁၉)
ဥပဒေကြမ်းပုဒ်မ ၃၆ ဖြင့်
ဥပဒေပုဒ်မ ၃၄ ၏ ပုဒ်မခွဲ (ည)ကို ဖြည့်စွက်ထားသည်။ ကျောင်းအမျိုးအစား ကိုးမျိုးတွင်
'အခြား ဘာသာရေးအဖွဲ့ အစည်းများမှ ဖွင့်လှစ်ထားသောပညာရေးကျောင်းများ' ဟု
နောက်တစ်မျိုး ထပ်တိုးထားသည်။ ဥပဒေကြမ်းပုဒ်မ ၁၈ ဖြင့် ဥပဒေပုဒ်မ ၄ပုဒ်မခွဲ(ဈ)
အား ပုဒ်မခွဲ(ဍ)အဖြစ် 'ပညာရေးသည်ဘာသာရေးအဖွဲ့အစည်း--- တို့၏ လွှမ်းမိုးမှုမှ
ကင်းလွတ်ရမည်။'ဟု အစားထိုးထားသဖြင့် ဤဖြည့်စွက်သည့် ဥပဒေကြမ်းပုဒ်မ ၁၈ နှင့်
ဆန့်ကျင်နေသည်။
လေ့လာအကြံပြုချက်
(၂ဝ)
ထိပ်လန့်တုန်လှုပ်ဖွယ်ကောင်းသော
ဥပဒေကြမ်းပုဒ်မ ၅၁ တွင် ဥပဒေ ပုဒ်မ ၄၉(ဂ)ဖြစ်သည့် 'ထူးချွန်သူများကို
ထူးချွန်မှုအလိုက်ချီးမြှင့်သည့် အစီအမံများ ထားရှိရမည်။ 'ဆိုသည့် ပြဋ္ဌာန်းချက်ကို
ပယ်ဖျက်ထားသည်။ ဥပဒေပုဒ်မ ၄၉ (ဃ)ဖြစ်သည်။ 'ပညာထူးချွန်၍ ပညာသင်ယူရန် အခက်အခဲရှိ သူများအတွက်
ဆက်လက်သင်ယူနိုင်ရေးအစီအစဉ်ကို ဖော်ဆောင်ပေးရမည်။'ဆိုသည့် ပြဋ္ဌာန်းချက် ကို
ဥပဒေကြမ်းပုဒ်မ ၅၂ တွင် အဓိပ္ပာယ်ပြောင်းလဲသွားအောင် အစားထိုးထားသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မရှိမဖြစ်လိုအပ်နေသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာ ရေး၊ နိမ့်ကျနေသောပညာရေးအား
မြှင့်တင်ရာတွင် မဖြစ်မနေမွေးထုတ်ပေးရမည့် ထူးချွန်သူများ ပေါ်ထွန်းလာရေးကို
မလိုလားသော ဒေါက်တာနှစ်ဦး၏စေတနာဆိုးကို ဥပဒေကြမ်းပုဒ်မ ၅၁ နှင့် ၅၂
ကမီးမောင်းထိုးပြနေပြီဖြစ်ပါသည်။ ထူးချွန်သူများသည် မိမိကိုယ်မိမိ ပြုစုပျိုး ထောင်ခြင်းဖြင့်
အကောင်းဆုံးနိုင်ငံရေးကို လုပ်နေကြသူများဖြစ်ရာ နောက်ကွယ်ကကြိုးကိုင်၍ လမ်းပေါ်သို့
မောင်းထုတ်မရပါ။ ဒေါက်တာနှစ်ဦးအတွက် အသုံးမဝင်ပါ။
၁၉၉၄ခုနှစ် စပိန်နိုင်ငံ
ဆလမ်မန်ကာမြို့တွင် ကျင်းပသော နိုင်ငံပေါင်း ၁၆၄ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများပါဝင်သော
ပညာရေးအစည်း အဝေးကြီး World Conference on Special Needs Education က ဆလမ်မန်ကာကြေညာချက်
Slamanca Statement ကို ထုတ်ပြန်ခဲ့သည်။ ဆလမ်မန် ကာကြေညာချက်
လူတိုင်းအကျုံးဝင်ပညာရေးတွင် gifted ဉာဏ်ရည်မြင့်မားသော (ဝါ)ပင်ကို စွမ်းရည်ရှိသော
(ဝါ) အထုံပါရမီပါသော ထူးချွန်သူများပါဝင်ပါသည်။ ဤဥပဒေကြမ်းသည် ထူးချွန်သူ များကို
ဘေးဖယ်ထားသော 'ညံ့ဖျင်းသူများဖြင့် နိုင်ငံတော်ကိုဖျက်ဆီးအံ့' ဟူသည့် အောက်တန်း စားနိုင်ငံရေး
ညစ်ပတ်မှုဖြစ်သည်။
လေ့လာအကြံပြုချက်
(၂၁)
ဥပဒေပုဒ်မ ၅၁
'မူကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ ဆရာအတတ် ပညာရေး၊
အဆင့်မြင့်ပညာရေးနှင့် သင်တန်းကျောင်းအသီးသီးမှ ဆရာများ၏ အဆင့်နှင့် လျော်ညီသော
အရည်အချင်းများ ကို ပညာရေးဆိုင်ရာ ဥပဒေများတွင် သီးခြားသတ်မှတ်၍ ပြဋ္ဌာန်းရ မည်'ကို
လည်းကောင်း၊
ဥပဒေပုဒ်မ ၅၂
'ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် ဆရာများ၏ အရည်အသွေး မြင့်မားစေရေးနှင့်
နိုင်ငံတကာအတွေ့အကြုံရရှိစေရေးတို့အတွက် စီမံဆောင်ရွက်ပေးရမည်'ကို လည်းကောင်း
ဥပဒေကြမ်း ပုဒ်မ ၅၅ ဖြင့် တစ်ချက်လွှတ်ပယ်ဖျက်ထားသည်။
ဆရာအရည်အချင်း
မသတ်မှတ်ရ။ ဆရာအရည်အချင်းမြင့်မားအောင် မပြုလုပ်ရ။ ထူးချွန်သူများ မပေါ်ထွက်အောင် အရည်အချင်းမရှိသော
ဆရာများက သင်ကြားစေ။ ပညာရေးတက္ကသိုလ်နှစ်ခုနှင့် ပညာရေးကောလိပ်များကို
ဥပဒေကြမ်းဖြင့် ဖောက်ခွဲဖျက်ဆီးစေ။ ဤအဓိပ္ပာယ်ပင်။
လေ့လာအကြံပြုချက်
(၂၂)
ဥပဒေကြမ်းပုဒ်မ
(၅၈)ဖြင့် အမျိုးသားပညာရည်အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ် ကော်မတီ
ဖွဲ့စည်းပုံကိုထပ်မံရေးဆွဲထားသည်။ ဥပဒေကြမ်းပုဒ် ၄၃ နှင့် ၅၈ သည် နှစ်ခါထပ်နေသည်။
လေ့လာအကြံပြုချက်
(၂၃)
ဥပဒေကြမ်းပုဒ်မ ၆၄ ဖြင့်
ဥပဒေပုဒ်မ (၆)ကို အစားထိုးထားသည်။ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့
ဖွဲ့စည်းရာတွင် 'ပုဂ္ဂလိက ကျောင်းများမှ အသိအမှတ်ပြုသောပညာရှင်များ ပါဝင်ရမည်'ဟု
ပါရှိလာသည်။ ပုဂ္ဂလိကကျောင်းများက ပညာရေးပြည်ထောင်စုဝန်ကြီးထက် လုပ်ပိုင် ခွင့်ပိုပြီး
ပညာရေးပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကကျောင်းများ၏ အမိန့်ကို နာခံရမည့် သဘောဖြစ်နေသည်။
လေ့လာအကြံပြုချက်
(၂၄)
ဥပဒေကြမ်းပုဒ်မ ၆၅ က
ဥပဒေပုဒ်မ ၆၂ ကို အောက်ပါအတိုင်း အစားထိုးထားသည်-
'နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို
ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအသုံး စရိတ်၏ ၂ဝ ရာခိုင်နှုန်း အနည်းဆုံးသုံးစွဲရမည်။'
ဤထပ်ဆောင်းစကားရပ်က
နောင် ၅ နှစ်ကြာသောအခါ ပညာရေးအသုံးစရိတ်ကိုတစ်နိုင်ငံလုံး အသုံး စရိတ်၏ ၂ဝ
ရာခိုင်နှုန်းမှ လျှော့ချမရအောင် ဥပဒေဖြင့် ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံပုဒ်မ
၁ဝ၃(ခ)တွင် ပြည်ထောင်စုလွှတ်တော်က လျှော့ချ၍ ခွင့်ပြုခြင်းမပြုရသော အသုံးစရိတ်
(၄)မျိုးကို ပြဋ္ဌာန်းထားပါသည်။ ၄င်းအသုံး စရိတ် (၄)မျိုးတွင်
ပညာရေးအသုံးစရိတ်မပါဝင်ပါ။
ဖွဲ့စည်းပုံပုဒ်မ ၁ဝ၃
(ဂ) အရ ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာ သော ပြည်ထောင်စု၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ပညာရေးအသုံးစရိတ်ကို လျှော့၍ ခွင့်ပြုခြင်းကို
ဆောင်ရွက်နိုင်သည်။
ဖွဲ့စည်းပုံ ပုဒ်မ
၁ဝ၃(ဃ)အရ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ
ဥပဒေပါအတိုင်းသာ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ရပါမည်။
သို့ပါ၍ ဥပဒေကြမ်းပုဒ်မ
၆၅ (က)သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ 'ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ
ဥပဒေကြမ်းတင်သွင်းခြင်း'ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန် အောင်
အမျိုးသားပညာရေးဥပဒေကို အကြောင်းပြု၍ ကျောင်းသားအမည်ခံများကို အသုံးချပြီး
ပြည်ထောင် စုလွှတ်တော်အား ခြိမ်းခြောက်ခြင်းဖြစ်ပါသည်။
လေ့လာအကြံပြုချက်
(၂၅)
ဥပဒေကြမ်းပုဒ်မ ၁၈ ဖြင့်
ဥပဒေပုဒ်မ ၄ (ဈ)အား ဥပဒေကြမ်းပုဒ်မ ၄ (ဍ)အဖြစ် အစားထိုးရာတွင်
'ပညာရေးသည်-------နိုင်ငံရေးအဖွဲ့အစည်း တို့၏ လွှမ်းမိုးမှုမှကင်းလွတ်ရမည်'ဟု
ရေးဆွဲထားပြီး ဥပဒေကြမ်းပုဒ်မ ၂၂ ပုဒ်မခွဲ (ခ)ထပ်ဆင့်ပုဒ် မခွဲ(ဃဃ)တွင် 'ဆရာ
ဆရာမများသည် နှစ်သက်ရာ ပါတီသို့ ဝင်ရောက်ခွင့်ရှိသည်'ဟု ရေးဆွဲထားခြင်း၊
ဥပဒေကြမ်းပုဒ်မ ၁၈ ဖြင့်
ဥပဒေပုဒ်မ ၄ (ဈ)အား ဥပဒေကြမ်းပုဒ်မ ၄ (ဍ)အဖြစ် အစားထိုးရာတွင် 'ပညာရေးသည်
ဘာသာရေးအဖွဲ့အစည်း၊---- တို့၏ လွှမ်းမိုးမှုမှကင်းလွတ်ရမည်'ဟု ရေးဆွဲထားပြီး
ဥပဒေကြမ်းပုဒ်မ ၃၆ တွင် ဥပဒေ ပုဒ်မ (၃၄) (ည)အဖြစ် 'အခြားဘာသာရေးအဖွဲ့အစည်းများမှ
(ကဖြစ်ရမည်) ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ' ဟု ဖြည့်စွက်ထား ခြင်းတို့သည်
ပုဒ်မချင်း ရှေ့နောက်ညီညွတ်မှုမရှိပါ။
ကြယ်ပွင့်ပြလေ့လာအကြံပြုချက်
ဥပဒေကြမ်းပုဒ်မများကို
ဆက်စပ်၍ နိုင်ငံတော်အပေါ် ကျရောက်တော့ မည့်အန္တရာယ်ကို ရုပ်လုံးဖော်ပြ ပါမည်။
(၁) ဥပဒေကြမ်းပုဒ်မ ၃၆ တွင်
'အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေး ကျောင်းများ'ဟု
ကျောင်းအမျိုးအစား ထပ်တိုးထားသည်။
(၂) ဥပေဒပုဒ္မ ၃၄ (စ်)ပါ
ဝန်ကြီးဌာန(သို့မဟုတ်)သက်ဆိုင်ရာ ဝန်ကြီးဌာနက အခါအားလျော်စွာ
သတ်မှတ်သည့်ကျောင်းများ'တွင် အကျုံးဝင်သောကျောင်းများကို ပြည်တွင်းရှိ လူမှုရေး၊
ဘာသာ ရေးအသင်းအဖွဲ့များက ဖွင့်လှစ်လိုလျှင် ဝန်ကြီးဌာနနှင့်
သက်ဆိုင်ရာဝန်ကြီးဌာနတို့က ထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊
အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဆိုသည့်
ဥပဒေ ပုဒ်မ ၆၈ (ခ)ကို ဥပဒေကြမ်းပုဒ်မ ၇၁ ဖြင့် ပယ်ဖျက်ထား သည်။
ဖွင့်ချင်သလိုဖွင့်မည်ဟုဆိုလိုသည်။
(၃) အခြေခံပညာအဆင့်ကျောင်းများ၏
စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှု တို့ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က
ဆောင်ရွက်ရမည်ဆိုသည့် ဥပဒေပုဒ်မ ၅၇ (က)ကို ဥပဒေကြမ်းပုဒ်မ ၆၁ ဖြင့် ပယ်ဖျက်ထားသည်။
(၄) အခြေခံပညာကျောင်းများကို
ကျောင်းအုပ်ချုပ်ရေးအဖွဲ့က စီမံခန့်ခွဲမည်။ (ဥပဒေကြမ်း ၆ဝ(က)၊ ၂၂(ဆ)(ဃဃ))
(၅) ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင်
မိဘအုပ်ထိန်းသူကိုယ်စားလှယ်များ၊ ရပ်ရွာမှ လေးစား ယုံကြည်သူများပါဝင်သည်။ (ဥပဒေ ကြမ်း၉)
(၆) ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဆရာခန့်ထားမည်။
(ဥပဒေကြမ်း ပုဒ်မ ၂၂(ဆ)(စစ))
(၇) ဆရာအရည်အချင်းကို မသတ်မှတ်ရ။
(ဥပဒေကြမ်းပုဒ်မ ၅၅)
(၈) ကျောင်းအုပ်ချုပ်ရေးအဖွဲ့က
သင်ရိုးညွှန်းတမ်းရေးဆွဲမည်။ (ဥပဒေ ကြမ်းပုဒ်မ ၂၂(ဆ)(စစ))
(၉) မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနှင့်
အင်္ဂလိပ်ဘာသာနှစ်ဘာသာတွဲ၊ အခြေခံ ပညာအဆင့်တွင် လိုအပ်လျှင်
တိုင်းရင်းသားဘာသာစကားတို့ကို သင်ကြားရေးဘာသာအဖြစ် ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မ ၄၃
ကို ဥပဒေကြမ်းပုဒ်မ ၄၇ ဖြင့် ပယ်ဖျက်ထားသည်။
(၁ဝ) တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြားသင်ယူမှုကို
ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မ ၄၄ ကို ဥပဒေကြမ်း ပုဒ်မ ၄၇ ဖြင့် ပယ်ဖျက်ထားသည်။
(၁၁) မိခင်ဘာသာစကား (မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊
တိုင်းရင်းသား ဘာသာတစ်မျိုးမျိုး မဟုတ်)ဖြင့် သင်ကြားမည်။ မိခင်ဘာသာစကား
(တိုင်းရင်းသား ဘာသာတစ်မျိုးမျိုးမဟုတ်) ကို ၁ဝ ရာခိုင် နှုန်း၊ ၆ဝ ရာခိုင်နှုန်း၊
၎ဝ ရာခိုင်နှုန်းသင်ကြားမည်။ (ဥပဒေ ကြမ်း ပုဒ်မ ၂၂ ပုဒ်မခွဲ(င)) မိခင်ဘာသာဆိုသည်မှာ
တရုတ်အတွက် တရုတ်ဘာသာ၊ ကုလားအတွက် ကုလားဘာသာ ဖြစ် သည်။
(၁၂) ပြည်ပမှ ကူညီဆောင်ရွက်ခြင်းကို
ခွင့်ပြုနိုင်သည်။ (ဥပဒေကြမ်း ပုဒ်မ ၅၂ ဖြင့် ဥပဒေပုဒ်မ ၄၉ (ဃ) ကို အစားထိုးသည်။
ခွင့်ပြုရမည်။ မစိစစ်ရဟု ဆိုလိုသည်။
အထက်ပါ
ဥပဒေကြမ်းပုဒ်မများကို ဆက်စပ်ပေါင်းစည်း၍ ရုပ်လုံး ဖော်လိုက်သောအခါ-
တိုင်းရင်းသားလည်း မဟုတ်သော၊
နိုင်ငံသားလည်းမဟုတ်သော ခိုးဝင် (သို့မဟုတ်) စိမ့်ဝင်လူမျိုးခြား များ၏
ဘာသာရေးအဖွဲ့အစည်းများက ကျောင်းများ ဖွင့်ချင်သလိုဖွင့်မည်။ ခွင့်ပြုချက်မလို၊
၎င်းကျောင်းများသည် ပညာရေး ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လက်အောက်တွင်မရှိ၊
၎င်းကျောင်းများကို၎င်းလူမျိုးခြားများဖြင့် ဖွဲ့စည်းထားသော ကျောင်းအုပ်ချုပ် ရေးအဖွဲ့က
အုပ်ချုပ်မည်။ ၄င်းတို့လူမျိုးခြားဆရာများကိုခန့်မည်။ ဆရာအရည်အချင်း သတ်မှတ်ရန် မလို။
၎င်းလူမျိုးခြားတို့၏ မူရင်းနိုင်ငံမှ သင်ရိုးကိုသင်မည်။ ၄င်းလူမျိုးခြားတို့၏
ဘာသာစကားကို သင်ကြားရေးဘာသာလုပ်မည်။ ၄င်းလူမျိုးခြားတို့၏ ဘာသာစကားကို
သင်ကြားသင်ယူသည့် ဘာသာရပ် Subjectအဖြစ် သင်ကြားမည်။ ၄င်းကျောင်းများသည်
နိုင်ငံတော်အလံမလွှင့်ထူ၊ နိုင်ငံတော်သီချင်းမဆို၊ နိုင်ငံတော်ကိုသစ္စာမခံ၊
၎င်းလူမျိုး ခြားတို့ ၏ ပြည်ပနှင့် ပြည်တွင်း အဖွဲ့အစည်း များထံမှ
ဒေါ်လာများဒလဟောဝင်လာမည်။
နိဂုံး
(က) ကြယ်ပွင့်ပြလေ့လာအကြံပြုချက် * ဖြင့်
နိုင်ငံတော်အပေါ် ကျရောက်တော့မည့် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊
လုံခြုံရေးအန္တရာယ်များကို ရုပ်လုံးဖော်အကြံပြုပြီးပါပြီ။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖောက်ဖျက်ကျူးလွန်ထားသော ဥပဒေကြမ်းပါပုဒ်မများကို ထောက်ပြပြီးပါပြီ။ (၂၂(ခ) (ဃဃ)၊
၆၃၊ ၆၅)
(ဂ)
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ဝ အရ ရုံးသုံးစာဖြစ်သော မြန်မာစာအရေးအသား၊
မြန်မာသဒ္ဒါအမှားများကို ထောက်ပြပြီးပါပြီ။ (၆၊ ၂၂(ဂ) (ကက)၊ ၂၂(င)(ကက)၊ ၃၆)
(ဃ) ရှေ့နောက်မညီညွတ်ဘဲ
အဓိပ္ပာယ်ဆန့်ကျင်သော ပုဒ်မများကိုထောက်ပြပြီးပါပြီ။
(င) မလိုအပ်ဘဲစကားရပ်များ ထပ်ပြီးပုဒ်မများ
လေးလံနေခြင်းကို ထောက်ပြအပ် ပါသည်။ (၂၂ခ(ဇဇ)(စ်စ်)၊ ၅၈၊ ၁၃(ဃ)တွင် ပါပြီး။ ၂၂( )
(ကက)နှင့် ၂၂(ခ) (ကက) ၃၃ တွင် ဖော်ပြမည် ဖြစ်သော ၂(ဆ) (ဂဂ)
(စ) ပညာရေး လွတ်လပ်ခွင့်ဆိုသော စကားကို ရေလဲသုံး၍
နိမ့်ကျနေသော အမျိုးသားပညာ ရေးစနစ်ကို လုံးဝဥဿုံ ပျက်သုဉ်းသွားအောင်
ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမည့်ဥပဒေကြမ်းဟု ဆိုရဲပါသည်။ နိုင်ငံရေးအရ
လက်မြှောက်အရှုံးပေးပြီး အတည်ပြုပြဋ္ဌာန်းလိုက်ပါလျှင် ပြည်ထောင်စု လွှတ်တော်သည်
သမိုင်းတရားခံ ဖြစ်သွားပါမည်။ ဤစာတမ်းရှင်ကမူ ပြည်သူတစ်ဦး၏ တာဝန် ကျေပွန်ပါပြီ။
No comments:
Post a Comment