Tuesday, March 31, 2015

အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့ ကျင်းပ





နေပြည်တော် မတ် ၃၀
 
အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၆) ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကိုမင်း၏ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ၊ SEA Games နှင့် မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများအတွက် ကျင်းပလျက်ရှိသော ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ Boxing လက်ဝှေ့၊ မြန်မာ့ ရိုးရာလက်ဝှေ့၊ ဘက်စကက်ဘော၊ ဟော်ကီ၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ် စသည့် အားကစား နည်းများအား ဆုကြေးစနစ်အဖြစ် အမျိုးသား၊ အမျိုးသမီး (၂)မျိုး စလုံး ပါဝင်နိုင်မည့် Pro Sport System ကျင့်သုံး အကောင် အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ 




အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် က မြန်မာ့ အားကစားအောင်မြင်မှုများ ရရှိရေးအတွက် ရေတိုရေရှည် စီမံချက်များရေး ဆွဲဆောင်ရွက်ရန် လိုအပ်သည့် အတွက် “ Myanmar Sport Master Plan” ကို ရေးဆွဲဆောင်ရွက်လျက် ရှိသည့်အပြင် အားကစား လှုပ်ရှားမှုများကို အခြေခံ အကျဆုံးမြို့နယ်များမှ စတင်၍ မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက်
မြို့နယ် အားကစား ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် “Township Sport Development Program” ကိုလည်း တစ်ပြိုင် နက်တည်း ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မေးခွန်းပါ အားကစားနည်း
(၁၂)နည်းအနက်မှ ၂၀၀၉ ခုနှစ်တွင် ဘောလုံးအားကစား နည်းကို အပျော်တမ်း အဆင့်မှ ဆုကြေးစားစနစ်သို့ ပြောင်းလဲခဲ့သည့် အပြင် ဖူဆယ်နှင့် ရိုးရာ လက်ဝှေ့အားကစား နည်းများကိုလည်း ဆုကြေးစားပြိုင်ပွဲ စနစ်ကျင့်သုံး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျန်ရှိသည့် အားကစားနည်းများကို သက်ဆိုင်ရာအားကစား အဖွဲ့ချုပ်များအနေဖြင့် အပျော်တမ်း အဆင့်မှ ဆုကြေးစား စနစ်သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားခဲ့ သည်။
လျှပ်စစ်စွမ်းအားကဏ္ဍနှင့်ပတ်သက်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် သန်းဦး က ပြန်လည်ဖြေကြားခဲ့သည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးခမ်ဆွင်းမုန်၏ တီးတိန်မြို့တွင် ၆၆ ကေဗွီ ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၆၆ ကေဗွီ ဟားခါး-ဖလမ်း-သိုင်းငင် ဓာတ်အားလိုင်း တည်ဆောက်ခြင်းကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဓာတ်အား လိုင်းမှတစ်ဆင့် တီးတိန်မြို့အထိ သွယ်တန်းပါက ဓာတ်အား လိုင်းရှည်လျားပြီး ဗို့အားကျဆင်း မှုများ ကြုံတွေ့ ရမည်ဖြစ် ပါကြောင်း။
ထို့ကြောင့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ၂၃၀ ကေဗွီ ဂန့်ဂေါ - ကလေး ဓာတ်အားလိုင်း၊ ဖလမ်းမြို့နှင့် ကလေးမြို့တို့တွင် ဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက် လျက်ရှိပြီး ၂၃၀ ကေဗွီ ကလေး ဓာတ်အားခွဲရုံမှာ ၂၀၁၆ ခုနှစ်အတွင်းပြီးစီးပါက တီးတိန်မြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးနု၏ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပုလဲ(၃) ရပ်ကွက် တွင် လျှပ်စစ် အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေ အရပ်ရပ်တို့ကြောင့် လျှပ်စစ် မီးတိုင်၊ မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဖြည့် ဆည်း ဆောင်ရွက်ပေးနိုင်ပါရန် အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း (၃)နှစ်ခန့် ကြာကာလတိုင်အောင် ဆောင် ရွက်ပေးခဲ့ခြင်းကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပုလဲ(၃)ရပ်ကွက်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုး ၁ ဒသမ ၀၅ မိုင်၊ ၁၁/ (၀ ဒသမ ၄ ) ကေဗွီ ၃၁၅ ကေဗွီ အေထရန်စဖော်မာ (၁)လုံး၊ (၁၁)ကေဗွီ ကောင်းကင် ဓာတ်အားလိုင်း ၀ ဒသမ ၅ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀ ဒသမ ၂ မိုင် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် ရန်ပုံငွေလျာထားခဲ့သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲ ဝေပေးနိုင်မှု အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန် လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်တွင်း ရေကြောင်းသွားရေယာဉ် ဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း၊ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၅/၉၃) ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလို သည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

No comments:

Post a Comment