ခန္ဓာကိုယ်တွင်းနဲ့ သွေးတွင်းအောက်ဆီဂျင်ရရှိစေဖို့
ကူညီပေးနိုင်တဲ့ သံဓာတ်ပါဝင်တဲ့ အစားအစာတွေကို သင်တစ်နေ့တာ အစားအစာထဲမှာ မရှိမဖြစ်ပါဝင်အောင်
စားသင့်ပါတယ်။ သံဓာတ်ပါဝင်တဲ့ အစားအစာတွေထဲမှာအရသာရှိလှတာတွေ အများကြီးရှိပါတယ်။
သံဓာတ်ကြွယ်ဝတဲ့အထဲမှာ ဟင်းနုနယ်လည်း
ပါဝင်ပါတယ်။ ဒါ့အပြင် တခြားကျန်းမာရေးအကျိုးပြုအာနိသင် တွေလည်း ပါဝင်နေပါတယ်။ ဟင်းနုနယ်ကိုသုပ်စားတာမျိုး၊
စွပ်ပြုတ်လုပ်သောက်တာမျိုး၊ အသားညှပ်ပေါင်မုန့် တွေထဲထည့်စားတာ မျိုးတွေ ပြုလုပ်ပြီးသုံးဆောင်နိုင်ပါတယ်။
ဟင်းနုနယ်ရွက်တစ်ခွက်စာမှာနေ့စဉ်လိုအပ်တဲ့ သံဓာတ် ၁၀ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။
အရသာပြည့်ဝပြိး သံဓာတ်လည်းပြည့်ဝတဲ့ အသားတွေထဲမှာအမဲသားကလူကြိုက်များပါတယ်။
ဟင်းသီး ဟင်းရွက်တွေနဲ့ ရောပြီးလည်းချက်စားနိုင်ပါတယ်။ အဆီနည်းအသားဖြစ်ပြီး ကယ်လိုရီလည်း
ထိန်းနိုင်တဲ့အတွက် အမဲသားကို သံဓာတ်ပြည့်ဝ စေဖို့ စားနိုင်ပါတယ်။ ပေါင်မုန့်နဲ့ ညှပ်ပြီးစားနိုင်သလို
ကြက်သွန်ဖြူ၊ ချင်းစတာနဲ့ ပေါင်းပြီးလည်း စားနိုင်ပါတယ်။ အမဲသားသုံးအောင်စမှာနေ့စဉ်လိုအပ်တဲ့
သံဓာတ်အပြည့်အ၀ ပါဝင်နေပါတယ်။
တချို့က အမဲသားကိုတော်ရုံမစားတတ်ကြပါဘူး။
အဲလိုလူမျိုးတွေအနေနဲ့ ကြက်သားကိုစားလို့ရပါတယ်။ အမဲသားလိုပဲ ကြက်သားမှာ သံဓာတ်တွေ
ပါဝင်နေပါတယ်။ ကြက်ရင်အုံသားကိုစွတ်ပြုတ်ဖြစ်စေ၊ သုပ်ပြီးဖြစ်စေ၊ ဟင်းရွက်ကြော်နဲ့
ရောကြော်ပြီးဖြစ်စေစားနိုင်ပါတယ်။
ဟင်းသီးဟင်းရွက် မကြိုက်တဲ့သူတွေအနေနဲ့
သံဓာတ်ရရှိစေဖို့ အစေ့အဆန်တွေကိုသုံးဆောင်နိုင်ပါတယ်။ မြေပဲနဲ့ အခွံမာ အစေ့အဆန်တွေထဲမှာ
သံဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ အလုပ်များတဲ့သူတွေအနေနဲ့ အစေ့ အဆန်တွေကို အလုပ်လုပ်ရင်း
သရေစာသဘောမျိုး စားနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို ၂၅-၂-၂၀၁၅ရက်နေ့ထုတ် Good Healthဂျာနယ်
အမှတ်(၅၂၈)မှ အိဖြူ(ဆေးဝါးတက္ကသိုလ်) ရေးသားသောဆောင်းပါးအားကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။
No comments:
Post a Comment