ခန့်မှန်းထားသကဲ့သို့ Google က YouTube Kids application ကို ယခုတစ်ပတ်မှာ စတင်လိုက်သည်။
ယခု ဆော့ဖ်ဝဲလ်သည် မိသားစုနှင့် ရင်းနှီးပြီးသား ဗွီဒီယိုများအား ကြည့်ရှုလို့ ရနိုင်မည့်
site တစ်ခုဖြစ်ပြီး ကလေးများအား စိတ်ချလက်ချ
ကြည့်ရှုခိုင်းနိုင်သည့် အကြောင်းအရာတွေကိုသာ ပြသသွားမှာ ဖြစ်ကြောင်း သိရသည်။
ပုံများက ကြီးမားပြီး၊ icon များ ကလည်း ထင်ရှားကာ ရှာဖွေရေး လုပ်ဆောင်ချက်များကလည်း
မိသားစုကို အခြေခံသည့် အကြောင်းအရာများကို ပေးစွမ်းသွားမည် ဖြစ်သည်။ နာမည်ကြီး ထုတ်လုပ်သူတွေဖြစ်တဲ့
Dream Works TV, Jim Henson TV နှင့် National Geographic Kids များလည်း ပါဝင်မှာဖြစ်သည်။
မူလ အကြောင်းအရာများအား ဆန်းသစ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။ များပြားသည့် အကြောင်းအရာများ၊
ရုပ်သံလိုင်းများနှင့် သီချင်း စာရင်းများအား အမျိုးအစား လေးမျိုး ခွဲခြားထားသည်။ ထိုအရာများမှာ
ပြပွဲ၊ ဂီတ၊ သင်ယူခြင်း၊ စူးစမ်းရှာဖွေခြင်း စသည်တို့ ဖြစ်ပြီး ရှာဖွေခြင်းကို အသံ
သို့မဟုတ် Keyboard မှတစ်ဆင့် ရိုက်နှိပ်ပြီး ရှာဖွေနိုင်ကြောင်း သိရသည်။
မိဘအုပ်ထိန်းသူများ၏ ထိန်းချုပ်နိုင်မှုသည် ယခု YouTube Kids ၏ အဓိက အစိတ်အပိုင်းတစ်ခု
ဖြစ်ပြီး ပါဝင်သည့် အရာများမှာ-
-
အချိန်သတ်မှတ်ပေးတဲ့ timer ဟာ ကလေးအနေနှင့် ယခု app ကို
ဘယ်လောက်ကြာကြာ သုံးနိုင်မည်ဆိုသည်ကို သတ်မှတ်ပေးထားပြီး အလိုအလျောက်ပိတ်စေရန်အတွက်
လျှို့ဝှက်နံပါတ်နှင့် အသုံးပြုရမည် ဖြစ်သည်။
-
ဆူညံသည့် နောက်ခံတေးဂီတသံတွေကို ပိတ်နိုင်သည့် အသံရွေးချယ်မှု
audio option လည်း ပါဝင်သည်။
-
ရှာဖွေခြင်းကို ပိတ်ထားနိုင်သည့် setting လည်း ပါဝင်သဖြင့်
ကြိုတင်ရွေးချယ်ထားသော ဗွီဒီယိုများကိုသာ home screen မှာ ပြသသွားမည် ဖြစ်သည်။
-
ထုတ်ကုန်နှင့် ပတ်သက်သည့် အကြံပြုချက်များအား ပေးပို့နိုင်သည့်
ကဏ္ဍလည်း ပါဝင်ကာ ယခု application နှင့် ပတ်သက်သည့် feature အသစ်များကို တောင်းဆိုနိုင်မည်
ဖြစ်ကြောင်း သိရသည်။
YouTube Kids အား Android နဲ့ iOS အသုံးပြုသူများ သုံးစွဲနိုင်မည် ဖြစ်သည်။ ယခု
စတင်ချိန်တွင် အမေရိကန်နိုင်ငံ၌သာ ရရှိနိုင်မည်ဖြစ်ပြီး မကြာခင် အချိန်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင်
အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment