Friday, February 27, 2015

အာဖဂန် နစ္စတန် နိုင်ငံတွင် ပထမဆုံး အမျိုးသမီး taxi ဒရိုင်ဘာ တစ်ဦး၏ ဘဝအကြောင်း


Sara Bahayi သည် အာဖဂန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တက္ကဆီ ဒရိုင်ဘာဖြစ်သည်။ သူမသည် အလုပ်ကို တက်တက်ကြွကြွ လုပ်ဆောင်သူဟု အများက ယုံကြည်ကြသည်။ အသက် ၃၈ နှစ်ရှိပြီး အိမ်ထောင်မပြုရသေးသူလည်း ဖြစ်သည်။ သူမက ဟုတ်တိုင်းမှန်ရာ ပြောဆိုလေ့ရှိသူဖြစ်ကာ အမျိုးသမီးတွေကို ဒုတိယတန်းစား နိုင်ငံသားတွေလို့ သတ်မှတ်တဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ကျားမ အခန်းကဏ္ဍကို အဆုံးသတ်စေခဲ့သူဖြစ်သည်။


ရှေးရိုးစွဲ အမျိုးသားတွေ အုပ်စိုးတဲ့ စီးပွားရေးတွင် သူမလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ နှိမ့်ချသည့် အကြည့်များ၊ လှောင်ပြောင်မှုများ၊ သူမ အသက်ကို ခြိမ်းခြောက်မှုများအထိ ကြံကြံခံနိုင်ခဲ့သည်ဟု ဆိုသည်။ အမျိုးသမီးများက အမျိုးသားတွေအတွက် ကားမောင်းပေးဖို့ မသင့်ဘူးလို့ ခံယူထားကြခြင်းကြောင့်  အမျိုးသားအများစုက သူမ Taxi ကို စီးနင်းခြင်းမပြုဘူးဟု သိရသည်။

သူမ တစ်ရက်ဝင်ငွေသည်ဒေါ်လာ ၁၀ မှ ၂၀ အထိရှိပြီး အဆိုပါဝင်ငွေနှင့် နာမကျန်းဖြစ်နေသည့် သူမမိခင်အပါအဝင် ဆွေမျိုး ၁၅ ဦးကို ထောက်ပံ့ရန် လုံလောက်သည်ဟု ဆိုသည်။

ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းနေစဉ်အတွင်း တစ်နေ့မှာ အမျိုးသား တက္ကဆီ ဒရိုင်ဘာတွေတောင် လိုက်ပို့ဖို့ ငြင်းဆန်သည့် ခရီးစဉ်တစ်ခုကို သူမက အမျိုးသား ခရီးသည်တစ်ယောက်ကို လိုက်ပို့ခဲ့သည်။ အဲဒီခရီးသည်ဟာ အမျိုးသမီးတွေ ယာဉ်မောင်းနှင်ဖို့ ကန့်သတ်ထားတဲ့ အယူအဆကို သက်ဝင် ယုံကြည်သူ ဖြစ်သော်လည်း နောက်ဆုံးတွင် သူ့ယုံကြည်မှုသည် မှားယွင်းကြောင်း သိရှိသွားသည်။

သူမအနေနှင့် အာဖဂန်က အမျိုးသမီးများအား အိမ်အတွင်းတွင် မနေဘဲ ဝင်ငွေရအောင် လုပ်ဆောင် သင့်ကြောင်း၊ အမျိုးသားများအပေါ်မှာသာ မမှီခိုသင့်ဘူးဆိုတာကို အသိပေးရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံ၏ ဥပဒေတွင် အမျိုးသား၊ အမျိုးသမီးများ အတွက် အခွင့်အရေးကို တန်းတူ အာမခံထားသည်။


သို့သော် လက်တွေ့တွင် မျိုးနွယ်စု အလိုက် ယဉ်ကျေးမှုများ၊ ဘာသာရေး ဖွဲ့စည်းတည်ဆောက်ပုံများအား အာဖဂန် အမျိုးသမီးများနှင့် မိန်းကလေးများက မတွန်းလှန်နိုင်သေးကြောင်း သိရသည်။

No comments:

Post a Comment