Friday, February 27, 2015

Program of Myanmar National Spatial Data Infrastructure (NSDI) Promotion Seminar ဖွင့်ပွဲအခမ်းအနားကျင်းပ





နေပြည်တော် ဖေဖော်ဝါရီ ၂၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဖေဖော်ဝါရီ (၂၇)ရက် နံနက်(၉) နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော Program of Myanmar NSDI Promotion Seminar ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတိုင်း၌ အာကာသနည်းပညာများကို အသုံးပြုပြီး မြေပြင်အချက် အလက်များ (Geospatial Information) ရယူကာ အမျိုးသား ပထဝီဝင်အချက်အလက် (National Spatial Data Infrastructure - NSDI) များအား အာကာသနည်းပညာများ အသုံးပြုစုစည်း ရယူသုံးစွဲမည့် အချက်အလက် ဗဟိုဌာနတည်ထောင် အသုံးပြုနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အဆိုပါစီမံကိန်း အကောင် အထည် ဖော်နိုင်ရေး အတွက် NSDI ဆိုင်ရာဥပဒေများ မူကြမ်းပြုစုရေးနှင့် NSDI စနစ် ကြီးကြပ် ကွပ်ကဲရေး ကော်မတီ မကြာမီဖွဲ့စည်းနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လိုအပ် သည့် လုပ်ငန်းအဆင့်များ အလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်‌ ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
NSDI စနစ် တည်ဆောက်အသုံးပြုနိုင်ပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကူညီမှုရယွူပီး ဝန်ကြီးဌာနများအကြား ဘူမိအ ခြေပြု သတင်းအချက်အလက်များ (Geospatial Information)၊ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံများ အသုံးချ လေ့လာသည့်နည်းပညာများ၊ အဝေးမှ အာရုံခံစူးစမ်း လေ့လာသည့်နည်းပညာများ (Remote Sensing)၊ ပထဝီဝင်သတင်းအချက်အလက်များ လေ့လာခြင်းစနစ် (Geographic Information System - GIS) များအသုံးပြု၍ မြေပြင် အချက်အလက်များ ဖလှယ်အသုံးပြုခြင်းအပြင် စီမံကိန်းအချင်းချင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် နိုင်ရေးအတွက် NSDI စနစ် တည်ထောင်အသုံးပြုနိုင်ရန် အကောင်းဆုံးကြိုးစား သွားမည် ဖြစ်ပါကြောင်း၊ NSDI စနစ်တည်ဆောက် အသုံးပြုနိုင်ြခင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ထုတ်ဖော်ခင်း၊ စက်မှုလုပ်ငန်းတည်ထောင်ခြင်း၊ မြို့ပြစီမံကိန်းများအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများ ကို ထိရောက်သော ပေါင်းစပ်ညှိနှိုင်းမှုများနှင့် အချိန်ကိုက်ဆောင်ရွက်နိုင်မှုများ အတွက် များစွာအသုံးဝင် မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ သတင်းအချက် အလက်နှင့် လျှပ်စစ် ဆက် သွယ်ရေးဌာနခွဲ၊ စီးပွားရေးနှင့် သတင်းအချက်အလက် မူဝါဒဗျူရို၊ Assistant Director Mr. Yutaka Endow က ဂျပန်နိုင်ငံ၏ NSDI ဆိုင်ရာမူဝါဒများနှင့် လက်ရှိ NSDI စနစ် အသုံးပြုမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ကိုက်ညီမည့် NSDI အဆိုပြုပုံစံများကို လည်းကောင်း၊ ယင်း NSDI စနစ်ဖြစ်ပေါ် လာစေရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အားလည်းကောင်း ဆွေးနွေွးပောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှ ကြီးမှူး၍ ဂျပန်နိုင်ငံ၊ Centre of International Cooperation for Computerization - CICC နှင့် မြန်မာကွန်ပျူတာအသင်းချုပ်တို့၏ ပံ့ပိုးမှုဖြင့် Program of Myanmar NSDI Promotion Seminar ကို ကျင်းပခဲ့ခြင်းဖြစ် သည်။

No comments:

Post a Comment