Friday, February 27, 2015

ကိုယ်ဝန်ဆောင်ချိန် နှစ်ယောက်စာစားခြင်းဖြင့် ကလေးများ အသက်ကြီးချိန် ကျန်းမာရေးပြဿနာဖြစ်နှုန်း မြင့်မား


အမျိုးသမီးအချို့ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း နှစ်ယောက်စာစားနေသည်ဟု မကြာခဏပြောလေ့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာကို အလွန်အမင်းစားခြင်းဖြင့် မွေးလာသည့် ကလေးငယ်တို့တွင် ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေ မြင့်မားတဲ့အကြောင်း ကျွမ်းကျင်သူတို့က သတိပေးထားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန် အလွန်အမင်း မြင့်တက်လာသော အမျိုးသမီးများသည် မွေးလာသည့် ကလေးတို့အား အသက်ကြီးချိန် ကျန်းမာရေး ပြဿနာ ဖြစ်စေရန် အားပေးတာနဲ့ တူနေကြောင်းကို လေ့လာသူတို့က တွေ့ရှိခဲ့ရတယ်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန် အလွန်မြင့်မားလာသည့် မိခင်တို့က မွေးဖွားလာသော ကလေးများသည် နှလုံးရောဂါ၊ အမျိုးအစား(၂) ဆီးချိုရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့သော နာမကျန်းမှုများ ဖြစ်နိုင်ခြေ ပိုများကြောင်း ကျွမ်းကျင်သူတို့က ဆိုပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် ကျန်းမာရေးနှင့်ညီညွတ်သော ဘ၀နေထိုင်စားသောက်မှုပုံစံကိုသာ လိုက်နာသင့် ကြောင်း ကျွမ်းကျင်သူတို့က သတိပေးထားပါတယ်။ လေ့လာသူတို့က ၁၉၃၀နှင့် ၁၉၄၉တွင် မွေးဖွားခဲ့သူ လူဦးရေ ၁၃၀၀၀ကျော်အား လေ့လာခဲ့ရာ အဆီများသော အစာတွေကိုစားတဲ့ မိခင်ရဲ့အချင်းဟာ သန္ဓေသားအပေါ် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအား ကာကွယ်နိုင်စွမ်း အားနည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် သန္ဓေသား ကြီးထွားနှုန်း လျော့ကျပြီး ထိုကလေးတွေဟာ အရွယ်ရောက်ချိန်တွင် စိတ်ခံစားမှုဆိုင်ရာ ဝေဒနာများ ခံစားရနိုင်ခြေ ပိုများကြောင်း လေ့လာသူတို့က ဆိုခဲ့ပါတယ်လို့ ၂၅-၂-၂၀၁၅ရက်နေ့ထုတ် Good Healthဂျာနယ် အမှတ်(၅၂၈)မှ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ရေးသားသော ဆောင်းပါးအား ကောက်နှုတ် တင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment