Thursday, February 26, 2015

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား Myanmar Institute for Integrated Development – MIID မှ Executive Director ဖြစ်သူ Mr, Joern Kristensen အား လက်ခံတွေ့ဆုံခြင်း


နေပြည်တော်၊ဖေဖော်ဝါရီ ၂၆
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား Myanmar Institute for Integrated Development – MIID မှ Executive Director ဖြစ်သူ Mr. Joern Kristensen ဦးဆောင်သည့်အဖွဲ့သည်, ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်  တွေ့ဆုံဆွေးနွေးသည်။


ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် MIID အနေဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅) နှစ်ကာလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ အင်းလေးကန် ရေဝေရေ လဲဒေသနှင့် မြစ် ချောင်း များတွင် သစ်တောထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများ အတွက် ဝင်ငွေတိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ အပါအဝင် အခြားလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း အစီအစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို  ရင်းရင်းနှီးနှီး  တွေ့ဆုံဆွေးနွေးကြသည်။
(၅)နှစ်ကာလအတွင်း ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၌ လုပ်ငန်း စီမံကိန်း(၄၇)ခု ပါဝင်ကြောင်း သိရှိ ရသည်။

1 comment:

  1. အမိန့်ကြေငြာစာများကို တင်ပေးစေချင်ပါသည်။ ကျေးဇူးတင်စွာဖြင့်

    ReplyDelete