နေပြည်တော်
ဖေဖော်ဝါရီ (၁၈)
နေပြည်တော်ဒေသအား (MICE (Meeting, Incentive, Conference, Exhibition) ဈေးကွက်တစ်အခုအဖြစ်
ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် ရည်ရွယ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ
ကြီးမှူး၍
ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ
တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်ဇုန်ရှိ
ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် '' Consultation Meeting on Promotion of
Nay Pyi Taw as a MICE Destination" ခေါင်းစဉ်ဖြင့် ညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကို ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနရုံး ကျောက်စိမ်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်၍အဖွင့်
အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကား ပြောကြားရာတွင် နေပြည်တော်ဒေသအား
MICE Tourism Market အဖြစ် ဆောင်ရွက် နိုင်ရန် အတွက် ယခုအခါ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင်
နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ စိတ်ဝါဝင်စားစွာဖြင့် လည်ပတ်သွားလာနိုင်သည့်နေရာများစသည့်
အခြေခံ အဆောက်အအုံများ ပြည့်စုံနေပြီဖြစ်ပါကြောင်း၊ Kempinski Hotel ၌ ပထမအကြိမ် ပြုလုပ်ခဲ့သည့်
အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများ၏ အကြံပြုဆွေးနွေးချက်များအရ လွှတ်တော်အဆောက်အအုံအား
သွားရောက် လည်ပတ် နိုင်ရန် စီစဉ်ပေးခြင်း၊ လေကြောင်းလိုင်းများမှ Fam Trip ခရီးစဉ်များစီစဉ်ပေးခြင်း၊
အာလပ်ရက် များတွင် ဧည့်သည်များအား ပိုမိုဆွဲဆောင်နိုင်ရန် အတွက် ဖျော်ဖြေပွဲများစီစဉ်ပေးခြင်း၊
ရန်ကုန်မြို့မှ မန္တလေး မြို့သို့ သွားရောက်လည်ပတ်ကြမည့် ပြည်တွင်းခရီးသည်များအား နေပြည်တော်တွင်
တစ်ထောက် နားပြီး ဝင်ရောက်လည်ပတ်နိုင်ရန်စီစဉ်ပေးခြင်း စသည့်နည်းလမ်းများကို အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်
ရမည့်အပြင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် “အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် -၂၀၁၅”
ကဲ့သို့သော အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ ဆွေးနွေးပွဲများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်မှု
ဆိုင်ရာ ပြပွဲများ စသည်တို့ကို စဉ်ဆက်မပြတ် လက်ခံကျင်းပပြုလုပ်သွားနိုင်ရေးအတွက်ကိုလည်း
နည်းလမ်းများ ရှာဖွေ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများဆောင်ရွက်နိုင်အတွက်လည်း
Central Organizing Office ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် Kempinski Hotel မှ အထွေထွေမန်နေဂျာ Mr. Frank Droin နှင့် Hilton
Hotel မှ အထွေထွေမန်နေဂျာတို့က နေပြည်တော်၌ MICE Market ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်
အကြံ ပြုချက် များကို ရှင်းလင်းတင်ပြပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေး မှူးချုပ်မှ နေပြည်တော် ဒေသအား ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ပြည်ပခရီးသွား
ဧည့်သည်များသာမက ပြည်တွင်း ခရီးသွားဧည့်သည်များကိုပါ
ဆွဲဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သော နည်းလမ်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြသည်။
၎င်းနောက် ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများမှ
ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဌာနဆိုင်ရာများ၊
ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် နေပြည်တော် ဟိုတယ် ဇုန်ရှိ ဟိုတယ်များအနေဖြင့် ပူးပေါင်းကူညီ
ဆောင်ရွက်ပေးစေလိုသည့် အချက်များနှင့် ပတ်သက်၍ ဖြည့်စွက် ပြောကြားပြီး အခမ်းအနားကို
ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment