နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး မစ္စတာ ပီဆာနု
ဆူဗာနာရာတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ (၃)နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ
အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု
ကဏ္ဍ တိုးမြှင့် ဖော်ဆောင်ရေးနှင့် ချစ်ကြည် ရေးခရီး လည်ပတ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက် တာ ဇော်မင်းအောင်၊ ဒေါက်တာ
ဝင်းမြင့်နှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
No comments:
Post a Comment