နေပြည်တော်-ဖေဖော်ဝါရီလ (၁၈) ရက်
အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အမျိုးသားအဆင့်လူမှုဖူလုံရေး အဖွဲ့အစည်းအဝေး
(၁/၂၀၁၅) ကို နေပြည်တော် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ(၁၈) ရက်(၉း၃၀) နာရီခွဲတွင်
ကျင်းပရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံရှိ အလုပ်သမား ထု၏ ကျန်းမာရေးပြုစု စောင့်ရှောက်မှုနှင့်
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုနိုင်ရန် အမျိုးသားအဆင် လူမှုဖူ
လုံရေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်း အဝေးများကိုလည်း အောင်မြင်စွာ ကျင်းပနိုင်
ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ယင်းအစည်း အဝေးများတွင် လူမှုဖူလုံရေးစီမံ ကိန်းအတွက် ရှေ့ဆက်
ဆောင်ရွက် ရမယ့် ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပြီး လူမှုဖူလုံရေးစီမံကိန်း အောင်မြင်နိုင်
ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းအစီအစဉ် များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်နိုင်
ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း။
ယနေ့ကျင်းပပြုလုပ်တဲ့
အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့၊ တတိယအကြိမ် အစည်းအဝေး ရဲ့ အဓိက ရည်ရွယ် ချက်သည် အလုပ်သမားများ၏
ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့နှင့် နိုင်ငံတော်၏
အဓိက ကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး
စောင့်ရှောက်မှု များကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်စီးပွားရေး
ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရေးအတွက် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းအစီအစဉ်
တွေကို ထိရောက်စွာချမှတ်နိုင်ဖို့ ရည်ရွယ်၍ကျင်းပ ခြင်းဖြစ်ပါကြောင်း။
လူမှုဖူလုံရေး
ဥပဒေသစ်အရ အာမခံစနစ်များကို ကျင့်သုံးဆောင်ရွက်ခြင်းသည် နိုင်ငံတော်က ချမှတ် ဆောင်ရွက်
လျက်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်း၏ အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်ဘဲဖြစ်၍
လူမှုဖူလုံရေး အဖွဲ့အနေဖြင့် နိုင်ငံတော်မှာရှိတဲ့ လုပ်သားပြည်သူများ၏ ဆင်းရဲမှု လျှော့ချ
ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ ပါဝင်ဆောင်ရွက်သွားနိုင်မယ့်
အဖွဲ့ကြီးအဖြစ် ရပ်တည် သွားရတော့မှာ ဖြစ်ပါကြောင်း။
လူမှုဖူလုံရေး
စီမံကိန်းသည် အလုပ်သမားများရဲ့ အကျိုးစီးပွားအတွက် သက်သက် မဟုတ်ပဲ အလုပ်ရှင်နှင့် အလုပ်သမားများ
အပါအဝင် တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို ရည်မှန်းပြီး ဖော်ဆောင် ထားတာဖြစ်သည့်
အတွက် လူမှုဖူလုံရေးဥပဒေသစ်ကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရေး ထိရောက် အကျိုး
ရှိနိုင်မယ့် တွေးခေါ် မျှော်မြင်မှု၊ ဘက်စုံစဉ်းစားမှုများဖြင့်လူမှု ဖူလုံရေးအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့်
လုပ်နည်း လုပ်ဟန်များကို အချိန်တိုအတွင်း တိုးတက် အောင်မြင်လာအောင် တက်ညီ လက်ညီ ဆွေးနွေးတိုင်ပင်
ညှိနှိုင်း အကြံပြုပေးကြဖို့ပြောကြားသည်။
ဆက်လက်၍
ဒုတိယဝန်ကြီး၊ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်းမှ ရှင်းလင်း
ပြောကြားသည်။
အဆိုပါ
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဒုတိယဝန်ကြီး၊ အမျိုးသား အဆင့် လူမှုဖူ
လုံရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးဌာန များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊
အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် များဖြစ်ကြသည့် အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်ရှင်
ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment