နေပြည်တော်
ဖေဖော်ဝါရီ ၂ဝ
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းသည် Hanns Seidel Foundation မှ Chairwoman,Professor Ursula Mannle နှင့်
ဂျာမနီနိုင်ငံ ဘာဗေးရီးယန်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ Hon.Mrs.Barbara Stamm တို့အား ယနေ့နံနက်
၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်
နာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊
ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့်
ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment