ရန်ကုန်
ဖေဖော်ဝါရီ ၁၇
လာမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများ
အောင်စာရင်း ထုတ်ပြန်ရာတွင် ဘာသာရပ်အလိုက် ရမှတ်များ ပေါ်မူတည်ပြီး GRADE အဆင့်သတ်မှတ်
ထုတ်ပြန်သွားမည်ဖြစ် ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီလို GRADE အဆင့် အလိုက် ထုတ်ပြန်ရာမှာ
GRADE အဆင့်(၄)ခု သတ်မှတ် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ GRADE အဆင့် (D)ရတဲ့ ကျောင်းသား
ကျောင်းသူများ အနေဖြင့် ရမှတ် အနိမ့်ဆုံး ဖြစ်တဲ့အတွက် စာမေးပွဲ ပြန်လည် ဖြေဆိုရမှာ
ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
စတုတ္ထတန်း အတန်းတင်စာမေးပွဲ အောင်စာရင်း
ထုတ်ပြန်ရာတွင် ရမှတ် ၈၀ မှ ၁၀၀ အတွင်း ရရှိလျှင် GRADE (A) အဆင့်၊ ရမှတ် ၆၀ မှ ၇၉
မှတ်အတွင်း ရရှိလျှင် GRADE (B) အဆင့်၊ ရမှတ် ၄၀ မှ ၅၉ မှတ် ရရှိလျှင် GRADE (C) အဆင့်နှင့်
ရမှတ် ၃၉ မှတ်အောက်ကို GRADE (D)အဆင့် သတ်မှတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
အတန်းတင် စာမေးပွဲဖြေဆို ကြသော စတုတ္ထတန်းနှင့်
အဋ္ဌမတန်းကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာစုံအောင်မှတ် တစ်ဘာသာ အနည်းဆုံး ရမှတ်
၄၀ ရရှိရမည် ဖြစ်ပြီး အောင်မှတ်မရသော GRADE (D) အဆင့် ဘာသာရပ်များအတွက် မေလအတွင်း ပြန်လည်သင်ကြားပေးကာ
စာမေးပွဲပြန်လည် ဖြေဆိုကြရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်
စာမေးပွဲများကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက် အထိ တစ်နိုင်ငံလုံး ကျင်းပသွားရန် စီစဉ်လျက်ရှိသည်။
ခရိုင်စစ်စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစမ်းစာမေးပွဲများကို လွန်ခဲ့သည့် လအတွင်း ဖြေဆိုခဲ့ရာတွင်
စာမေးပွဲအကျများခဲ့၍ ကျောင်းများအလိုက် အောင်ချက်မြင့်မားရေး အတွက် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိ ကျောင်းများ၌ ကျင့်သုံးလျက်ရှိသော
စာမေးပွဲပုံစံများမှာ လစဉ်ကျင်းပသည့် စာမေးပွဲများ ဖြစ်သည်။ ယခင်က စာမေးပွဲများကို
ပထမအစမ်း၊ ဒုတိယအစမ်းနှင့် အတန်းတင်ဟူ၍ သုံးကြိမ်သာ ဖြေဆိုခဲ့ရသည်။ ယခုအခါ စာမေးပွဲများကို
စဉ်ဆက်မပြတ် အကဲဖြတ်စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment