Facebook လူမှုမီဒီယာ
ကွန်ယက်ဟာ အသုံးပြုသူများနဲ့ သက်ဆိုင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းများရဲ့ အကြောင်းကြောင်းကြောင့်
သေကြောင်းကြံစည်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ အချက်ကိုတောင် ဖော်ပြနိုင်စွမ်းရှိတဲ့
Suicide alert system အသစ် တစ်မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီစနစ်ဟာ မိမိကိုယ်ကို
သေကြောင်းကြံစည်ဖို့ ကြိုးပမ်းနေသူရဲ့ အခြားသော သက်ဆိုင်ရာ facebook user များကို
အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ ဖေ့ဘွတ် အသုံးပြုသူတစ်ဦးဟာ
မိမိကိုယ့်ကို သေကြောင်းကြံစည်လိုတဲ့ အတွေးတွေ ၀င်လာတယ်ဆိုတာကို facebook က
အတည်ပြုချက် ရပြီးတဲ့အခါမှာ အဆိုပါ အသုံးပြုသူအား သေကြောင်းကြံစည်မှုကို
တားဆီးပေးမယ့်၊ ကူညီပေးမယ့် သူငယ်ချင်းတွေ ရှိနေကြောင်း facebook က notification
တစ်ရပ်အနေနဲ့ ထပ်မံအကြောင်းကြား သွားမှာ ဖြစ်ပါတယ်။
အဆိုပါစနစ်ကို လွန်ခဲ့တဲ့
၂၀၁၁ ခုနှစ်လောက် ကတည်းက ဗြိတိန် နိုင်ငံသားများနဲ့ အမေရိကန် ပြည်ထောင်စုရှိ
သေကြောင်းကြံစည်မှု တားဆီးကာကွယ်ရေး အဖွဲ့အစည်းတို့က အသေးစိတ်
စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ လူမှုမီဒီယာ ကွန်ယက်မှတဆင့် လူတို့ရဲ့
မိမိကိုယ်ကို အနာတရ ဖြစ်အောင် လုပ်ဆောင်လိုမှု၊ သေကြောင်း ကြံစည်လိုမှုများကို
တားမြစ်သွားနိုင်ရန် ကျန်းမာရေး အဖွဲ့အစည်းများစွာနဲ့ ဆွေးနွေး တိုင်ပင်မှုတွေလည်း
ပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။
facebook အသုံးပြုသူများ
လုံခြုံမှု ရှိစေရေးဟာ အရေးအကြီးဆုံး တာဝန်ဝတ္တရား ဖြစ်ကြောင်း၊ ဒီလို လုံခြုံရေးအတွက်
ဖေ့ဘွတ်ဟာ ကမ္ဘာအနှံ့ အသင်းအဖွဲ့များစွာ ထားရှိပြီး ရက်သတ္တပတ် ၂၄ နာရီလုံး ဖေ့ဘွတ်
အသုံးပြုသူများရဲ့ status များကို စောင့်ကြည့်ပြီး သက်ဆိုင်ရာ အသုံးပြုသူများထံ
ဦးစားပေး အကြောင်းကြား သွားမှာ ဖြစ်ကြောင်း ဖေ့ဘွတ် တာဝန်ရှိသူ ရော့ဘ် ဘွီုင်လီက
ပြောဆိုခဲ့တယ်လို့ dailymail website မှ သတင်းတစ်ရပ်ကို ကိုးကား
တင်ဆက်ပေးလိုက်ရပါတယ်။
No comments:
Post a Comment