Friday, February 27, 2015

စတုတ္ထအကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လည်ပင်းကြီးနှင့် အခြားဒဏ်ရာများအား အခမဲ့ခွဲစိတ်ကုသ


စစ်တွေ ဖေဖော်ဝါရီ ၂၅


ပြည်တွင်းပြည်ပသာနာပြု အလိုအတော်ပြည့်ဆရာတော်ကြီး၏ သြ၀ါဒအရ မြန်မာနိုင်ငံစားဖိုမှူးများအသင်းနှင့် ရခိုင် အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)တို့မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန တို့၏ ပံ့ပိုးကူညီမှုဖြင့် ဂျာမဏီနိုင်ငံမှ ဆရာဝန်ကြီးများ၊ ဒေသခံဆရာဝန်များ၏ စတုတ္ထအကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ၊ လည်ပင်းကြီးနှင့် အခြားဒဏ်ရာဝေဒနာရှင်များအား စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသမှု ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်ဇနီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ခင်ဆွေဝင်းတို့သည် ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ အဆိုပါ ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ဆောင်သို့ရောက်ရှိကာ ခွဲစိတ်ကုသမှုခံယူပြီး သည့် လူနာများ၊ ခွဲစိတ်ကုသမှုခံယူမည့် လူနာများအား တွေ့ဆုံအားပေးစကားပြောကြားသည်။


ထို့နောက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်နှင့် စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးထွန်းအောင်တို့က မြို့နယ်အသီးသီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လည်ပင်းကြီးနှင့် အခြားဒဏ်ရာလူနာများအား ခွဲစိတ် ကုသဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေး အဖွဲ့ နာယက ဒေါ်ခင်ဆွေဝင်းနှင့်အဖွဲ့ဝင်များက ခွဲစိတ်ကုသမှု ခံယူပြီးသည့် လူနာများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကာ အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment