Sunday, February 8, 2015

e-Government အထောက်အကူပြူ e-Village, e-Society ဆိုင်ရာသိကောင်းစရာများ သထုံတွင် ဟောပြော



သထုံ    ဖေဖော်ဝါရီ   
(ICT) နည်းပညာဖြင့် ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုတိုးတက်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး လာစေရန် အတွက် e-Government အထောက်အကူပြူ e-Village, e-Society & e-Library  ဆိုင်ရာ နည်းပညာရပ်များ အကြောင်း သိကောင်း စရာများကို ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲက သထုံမြို့၊ သုဝဏ္ဏခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုဖြင့် မွန်ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး ဟောပြောခဲ့သည်။ 




အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကား ပြောကြားပြီး ပြည်နယ် ကွန်ပျူတာ ပညာရှင် အသင်း၏ ဆောင်ရွက်နေမှုများကို အသင်းမှ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးပြည့်ထူးကျော်က ရှင်းလင်း ပြောကြားသည်။
ယင်းနောက် e-Village, e-Society ဆိုင်ရာ သိကောင်းစရာများကို မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း မှ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်က လည်းကောင်း၊ e-Library ဆိုင်ရာ သိကောင်း စရာများကို ပြည်နယ် ကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးသိန်းဇော်က လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောကြာကာ သထုံမြို့နယ် ပညာရေးမှူး ဦးသိန်းဝင်းက လာရောက် ဟောပြော ပေးသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ သထုံမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၆ ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည် များကို မေးမြန်းကြရာ ပြည်နယ် ကွန်ပျူတာပညာရှင် အသင်းမှ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြား ပေးခဲ့ကြ ကြောင်း သိရသည်။

No comments:

Post a Comment