နေပြည်တော် ဖေဖော်ဝါရီ
၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ဆောက်
လုပ်ရေးလုပ်ငန်း အထူးစီမံကိန်းကြီးအဖွဲ့ (၅)မှ မော်လမြိုင်မြို့ ၊ မုပွန်နှင့် ဘီလူးကျွန်းရှိ
ကညှော် ကျေးရွာတို့ကို ဆက်သွယ်တည်ဆောက်မည့် သံလွင်မြစ်ကူး ၊ သံလွင်တံတား (ချောင်းဆုံ)
ပန္နက်တော်တင် ၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ (၈)ရက် နံနက်(၇) နာရီခွဲတွင်
မော်လမြိုင်ဘက်ကမ်းရှိ မင်္ဂလာမဏ္ဍပ်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
ဦးကြင်ဖေ ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း၊ တာဝန်ရှိသူများ၊
အသင်းအဖွဲ့အသီးသီးမှ ကိုယ်စား လှယ်များ ၊ မြို့မိမြို့ဖများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည် ။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့်ဌာနဆိုင်ရာ
တာဝန်ရှိသူများ က သတ်မှတ်နေရာများတွင် ပန္နက်တော်နှင့် တွင်းတော်ဝန်း ပေးကြပြီး အမွှေးနံ့သာရည်များ
ပက်ဖြန်းပေးကြပါသည် ။ ထို့နောက် မွန်ပြည်နယ်အ စိုးရအဖွဲ့ဝင် မွန်ပြည်နယ် ၊ ဘဏ္ဍာရေးဝန်ကြီး
ဒေါက်တာ ခင်မောင်သွင်နှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးနေအောင်ရဲမြင့်တို့က
(M-1) တွင် နဂါးစာကျွေးပြီး ဆုတောင်းမေတ္တာပို့သည် ။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် တို့က မင်္ဂလာအချိန်တွင်
မင်္ဂလာပိုင်တိုင် (M-1)အား (Vibrohammer)ဖြင့် ရိုက်သွင်းပေးပြီး အမွှေးနံ့သာ ရည်များ
ပက်ဖြန်းပေးကာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးသည် ။
ယခု တည်ဆောက်မည့် သံလွင်တံတား (ချောင်းဆုံ)
သည် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ မုပွန်အရပ်နှင့် ဘီလူးကျွန်းရှိ ကညှော်ကျေးရွာတို့ကို
ဆက်သွယ်ကာ သံလွင်မြစ်ကို ဖြတ်ကျော် တည်ဆောက်မည်ဖြစ်ပြီး တံတားအမျိုးအစားမှာ သံမဏိသံပေါင် ဖြစ်၍ စုစုပေါင်း တံတားအရှည် (၅၂၀၃)ပေ ၊ ယာဉ်သွားလမ်းအကျယ်
(၂၈)ပေ ၊ ယာဉ်နှစ်လမ်းသွားနှင့် လူသွား လမ်းတစ်ဖက်လျှင် (၃)ပေ(၃)လက်မစီပါရှိ၍ ရေလမ်းကင်းလွတ်
အကျယ်(၄၂၆)ပေ၊ အမြင့်(၄၆)ပေ ရှိကာယာဉ် တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ (၇၅)တန်ဖြစ်သည်
။
သံလွင်တံတား(ချောင်းဆုံ) တည်ဆောက်ပြီးစီးသွားပါက
မွန်ပြည်နယ် ၊ မော်လမြိုင် မြို့တော် ဖွံ့ဖြိုးတိုးတက်သာယာလှပပြီး ၊ မော်လမြိုင်မြို့
မှ ဘီလူးကျွန်းရှိ ကျေးရွာများ သို့ သွားလာ သော ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမှာ
ဖြစ်သလို ၊ ဒေသခံပြည်သူများ၏ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးတို့ အဘက်ဘက်မှ
ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။
No comments:
Post a Comment